ရန်ကုန်အိမ်ဆောက်ပစ္စည်းဈေးကွက် ၀ယ်လိုအားမြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
2775 Views

ရန်ကုန်အိမ်ဆောက်ပစ္စည်းဈေးကွက် ၀ယ်လိုအားမြင့်တက်လာ

ယခုဖေ ဖော်ဝါရီလဆန်းပိုင်းအစတွင် ရန်ကုန်အိမ်ဆောက်ပစ္စည်းဈေးကွက် အတွင်း ၀ယ်လိုအားမြင့်တက်လာမှု ကြောင့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း များမြင့်တက်လာကြောင်း ရန်ကုန် အခြေစိုက် အုတ်၊ သဲ၊ ကျောက်၊
ဘိလပ်မြေရောင်းဝယ်ရေး အသိုင်း အ၀ိုင်းမှ သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာချိန် တွင် ဆောက်လုပ်ရေးဈေးကွက် အ တွင်း အရောင်းအ၀ယ်များမြင့်တက် လာပြီး အိမ်ဆောက်ပစ္စည်းဈေးနှုန်း များမှာလည်း ဆက်တိုက်မြင့်တက် လာနေကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်း ကျောက်စရစ်နှင့်ဘိလပ်မြေဈေးနှုန်း များ သိသိသာသာ မြင့်တက်လာနေ ခဲ့ပြီး ကျန်အိမ်ဆောက်ပစ္စည်းများမှာ
ဈေးနှုန်းမြင့်တက်မှု သိပ်မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလက ကျောက်စရစ်တစ်ကျင်းလျှင် ကျပ် ၅၀၀၀၀ ၀န်းကျင်သာရှိခဲ့ရာမှ ယခု အခါ တစ်ကျင်းလျှင် ကျပ် ၇၀၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရ သည်။ ယင်းအပြင် ဘိလပ်မြေတစ် အိတ်ဈေးနှုန်းမှာလည်း ဆင်တံဆိပ်ဘိ လပ်မြေ (ထိုင်း) တစ်အိတ်လျှင် ယခင် လက ကျပ် ၆၀၀၀ ၀န်းကျင်သာရှိခဲ့ ပြီး ယခုအခါ ကျပ် ၆၅၀၀ သို့မြင့် တက်ခဲ့ပြီး ဆင်တံဆိပ်ဘိလပ်မြေ (မြန်မာ) တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ကျပ် ၅၄၀၀သို့ မြင့်တက်လာခဲ့ကာ Alpha တံဆိပ်ဘိလပ်မြေမှာလည်း တစ်အိတ်လျှင် ကျပ် ၅၁၀၀ မှ ကျပ် ၅၅၀၀ သို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် မိဘမေတ္တာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
မှ ဒေါ်သီတာက ""အိမ်ဆောက်ပစ္စည်း တွေက အရောင်းအ၀ယ်
လိုက်လာ တော့ ဈေးလည်းလိုက်တက်လာ တယ်။ ပြီးတော့ ကျောက်စရစ်ဆိုရင် တစ်ကျင်းကို အခုချိန်မှာ ကျပ် ၇၀၀၀၀ လောက်ရှိနေပြီး ဒီထက်ဆက်တက် မယ့်အနေအထားရှိတယ်။ အမြင့်ဆုံး ကျပ်တစ်သိန်းလောက်အထိ ထပ် တက်သွားဖို့ရှိတယ်။ အဓိကကတော့ ကျောက်စရစ်စုပ်ထုတ်တာကလည်း နည်းလာတော့
ကျောက်စရစ်ရှား လာတဲ့ သဘောရှိတယ်""ဟု ဖေဖော် ၀ါရီ ၅ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

အုတ်ဈေးနှုန်းများမှာ လက် အုတ်တစ်လုံးလျှင် ကျပ် ၉၀ ၀န်းကျင်၊ စက်အုတ်တစ်လုံးလျှင် ကျပ် ၁၂၀ ၀န်းကျင်ရှိကြောင်းသိရသည်။ သဲ တစ်ကျင်းလျှင် ကျပ် ၈၀၀၀ ဖြင့်ဈေး နှုန်းတည်ငြိမ်နေကြောင်း သိရသည်။
အောင်သပြေ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးမှ ကိုကောင်း က ""ဈေးကတော့ တောက်လျှောက် တက်လာတယ်။ ဒါပေမဲ့ ဈေးကွက် အလားအလာကတော့ ဘယ်လိုဖြစ် လာဦးမလဲဆိုတာကတော့ ခန့်မှန်းလို့ မရသေးဘူး""ဟု ဒီမိုကရေစီတူဒေး သို့ ပြောသည်။

ရန်ကုန်မြို့ရှိဆောက်လုပ်ရေး လုပ်ငန်းသုံး အရောင်းဆိုင်များ အနေ ဖြင့် ဘိလပ်မြေများကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်းပြီးအုတ်များကို ဆား ပုလင်း၊ တိုက်ကြီး၊ လှော်ကား၊ နေ ပြည်တော်၊ ကျောက်စလစ်များကို မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသ များ၊ သဲများကို မှော်ဘီ၊ ပင်လယ်ဝမှ ထုတ်ယူပြီး
ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service