ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
1367 Views

ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ

ကမ္ဘာကျော်ပန်းချီပညာရှင်ကြီး ပါဘလို ပီကာဆို နောက်ဆုံးနေထိုင်သွားခဲ့သည့် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ နေအိမ်ကို လန်ဒန်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပီကာဆိုသည် အဆိုပါနေအိမ်တွင် ၁၂ နှစ်ခန့် နေထိုင်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ တောင်ပိုင်း၊ မူးဂျင်အမည်ရှိ ကျေးရွာတွင် တည်ရှိပြီး အဆိုပါကျေးရွာသည် ဝင်စတန်ချာချီ၊ ခရစ္စတီယန် ဒိုင်အော်၊ ပီကာဆိုတို့အပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များစွာ နေထိုင်ခဲ့ကြဖူးသည့် ကျေးရွာဖြစ်သည်။

ဝယ်ယူလိုက်သူမှာ ရာယို ဝီသာနေ့ခ်ျအမည်ရှိ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Scepter Partners ၏ ဥက္ကဌ ဖြစ်သည်။
ဝီသာနေ့ခ်ျသည် ဒူဘိုင်းတော်ဝင်မိသားစုက တည်ထောင်ထားသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ BMB မှ ဒတ်ခ်ျလူမျိုးရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်သည့် တွမ် မိုးစကော့ပ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

တွမ် မိုးစကော့ပ်က ပီကာဆို၏ မိသားစုထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Scepter Partners သည် အရှေ့အလယ်ပိုင်းဒေသမှ ချမ်းသာကြွယ်ဝသော မိသားစုများနှင့် အစိုးရရင်းနှီးမြှုပ်နှံမှုများ ပါဝင်နေသော ကုမ္ပဏီအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Scepter Partners သည် ယခင်က BMB ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် သီးခြားခွဲထွက်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာ ဝီသာနေ့ခ်ျသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဝယ်ယူခဲ့သည့်ဈေးနှုန်း ထုတ်ဖော်ပြောကြားရန်ကိုမူ ငြင်းပယ်ခဲ့သည်။
သို့ရာတွင် ခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ သန်း ၂၀၀ အောက်နည်းပါးသည်ဟုကား မစ္စတာဝီသာနေ့ခ်ျက ပြောကြားသည်။
နေအိမ်ကို ပြန်လည်မွမ်းမံထားသော်လည်း စတူဒီယိုမှာမူ မူလအတိုင်း တည်ရှိသည်။

ပီကာဆိုသည် ဒုတိယဇနီး ဂျက်ကလင်း ရို့ခ်ျနှင့်အတူ နေထိုင်သွားခဲ့သည်။
ဇနီး၏ ပထမအိမ်ထောင်မှ မွေးဖွားသော သမီးဖြစ်သူ ကက်သရင်း ဟူတင် ဘလေးသည်လည်း ပီကာဆိုတို့နှင့် အတူနေထိုင်ခဲ့သည်။
ပင်မနေအိမ်ကို မင်နိုတော၏ သားရဲတွင်း (L’Antre du Minotaure) ဟု အမည်ပေးထားသည်။
(မင်နိုတောဟူသည်မှာ လူခန္ဓာကိုယ်၊ ကျွဲဦးခေါင်းရှိသည့် သတ္တဝါတစ်မျိုး ဖြစ်သည်)
အိမ်ခြံမြေကုမ္ပဏီ မိုက်ကယ် ဇင်းဂရက်ဖ်မှ ပြောကြားချက်အရ စတူဒီယိုတွင် ဆေးစက်အစွန်းအထင်းများ ယနေ့တိုင်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

ခြံဝန်းအတွင်း နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ သံလွင်ပင်များနှင့် ယင်းဒေသတွင်သာပေါက်ရောက်နိုင်သော ပီကာဆိုကိုယ်တိုင် စိုက်ပျိုးခဲ့သည့် ရှားပါးနှင်းဆီပင်များ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
ပီကာဆိုနောက်ဆုံးနေထိုင်ခဲ့သည့် ပြင်သစ်ရှိနေအိမ် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service