ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၈၀၀၀၀ အထက် ရောက်ရှိလာပြီး တစ်လအတွင်း ကျပ်၃၅၀၀၀ ခန့် ပြန်လည်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1924 Views

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၈၀၀၀၀ အထက် ရောက်ရှိလာပြီး တစ်လအတွင်း ကျပ်၃၅၀၀၀ ခန့် ပြန်လည်မြင့်တက်

ဖေဖော်ဝါရီလဆန်းရက်များတွင် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုများကြောင့် ဖေဖော်ဝါရီ ၄ ရက်၌ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၈၀၀၀၀ အထက် ရောက်ရှိလာပြီး တစ်လအတွင်း ကျပ် ၃၅၀၀၀ ခန့်အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဇန်န၀ါရီ ၃၀ ရက်တွင် ၁၁၈၉ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇန်န၀ါရီ ၃၁ ရက်တွင် ၁၂၁၄ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ၁၂၀၅ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂ ရက်တွင် ၁၂၁၆ ဒေါ်လာအထိ မြင့်တက်သွားပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ၁၂၂၀ ဒေါ်လာအထိ ဆက်လက် မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၆ ရက်တွင် တစ်ပတ်တာ ဈေးကွက်ပြန်လည် စတင်မည်ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ကာ ဈေးနှုန်းပြန်လည် မြင့်တက်လာရာ ဇန်န၀ါရီ ၁၂ ရက်ကစပြီး ၁၂၀၀ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီ ၁၇ ရက်တွင် ၁၂၁၇ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးနောက် ဇန်န၀ါရီ ၂၄ ရက်တွင် ၁၂၁၈ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီ ၂၅ ရက်တွင် ၁၁၉၇ ဒေါ်လာ၊ ဇန်န၀ါရီ ၂၆ ရက်တွင် ၁၁၈၉ ဒေါ်လာ၊ ဇန်န၀ါရီ ၂၇ ရက်တွင် ၁၁၈၃ ဒေါ်လာအထိ ကျဆင်းခဲ့ပြီးနောက် ဇန်န၀ါရီလကုန်ပိုင်းမှ စတင်ကာ ဈေးနှုန်းပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက်က ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၈၈၀၂၀၀ အထိ မြင့်တက်သွားပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၈၇၆၇၀၀ ၀န်းကျင် ဈေးနှုန်းရှိခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ကျပ် ၈၇၉၃၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၈၀၃၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး ကျပ် ၁၃၅၈-၁၃၆၀ ၀န်းကျင်ဖြင့် ငြိမ်နေပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း တက်ရိပ်ပြနေခြင်း ဖြစ်သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ဇန်န၀ါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ကျပ် ၈၆၆၀၀၀ မှ ၈၆၇၅၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီ ၃၀ ရက် နံနက်ပိုင်းတွင် ၈၇၁၄၀၀ ၀န်းကျင်အထိ ရောက်ရှိခဲ့ကာ ဇန်န၀ါရီ ၃၁ ရက်တွင် ကျပ် ၈၇၃၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။ တစ်လအတွင်း ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းကို နှိုင်းယှဉ်ပါက ဇန်န၀ါရီ ၄ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၄၅၉၀၀ ဖြင့် စဖွင့်ခဲ့ပြီး လက်ရှိ ဖေဖော်ဝါရီ ၄ ရက်ဈေးနှုန်း ကျပ် ၈၈၀၃၀၀ နှင့် ဆိုပါက တစ်လအတွင်း ကျပ် ၃၄၄၀၀ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဇန်န၀ါရီလအတွင်း အမြင့်ဆုံးဖြစ်ပေါ်သော ရွှေဈေးနှုန်းမှာ ကျပ် ၈၇၈၁၀၀ ဖြစ်ပြီး အနိမ့်ဆုံးဖြစ်ပေါ်သော ရွှေဈေးနှုန်းမှာ ကျပ် ၈၄၁၆၀၀ ဖြစ်ကာ ဇန်န၀ါရီ လကုန်ပိုင်းမှ စတင်ကာ ဈေးနှုန်း သိသိသာသာ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ၂၀၁၆ ဇူလိုင်လကုန်ပိုင်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service