ပုဏ္ဏားကျွန်းစက်မှုဇုန်၌ ရင်းနှီးမြှုပ်နှံသူကို အစိုးရက မြေအခမဲ့ အသုံးပြုခွင့်ပေးရန် စီစဉ်ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
770 Views

ပုဏ္ဏားကျွန်းစက်မှုဇုန်၌ ရင်းနှီးမြှုပ်နှံသူကို အစိုးရက မြေအခမဲ့ အသုံးပြုခွင့်ပေးရန် စီစဉ်ထားဟုဆို

အခြေခံအဆောက်အ အုံအားနည်းမှုကြောင့် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြေအခမဲ့အသုံးပြုခွင့်ပေးရန်စီစဉ် ထားကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီး လုပ်သားပေါများခြင်း၊
စက်ရုံတည်ထောင်ရန် မြေအလွယ်တကူ ရရှိနိုင်ခြင်းတို့ကြောင့် အထည်ချုပ်လုပ်ငန်းများ စတင် ထူထောင်သင့်သည်ဟု မြန်မာနိုင် ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အ ကြံပြုသည်။

ရခိုင်ပြည်နယ်တွင် ရင်းနှီး မြှုပ်နှံရန် ပို့ဆောင်ဆက်သွယ်ရေး အခြေအနေကောင်းများ လိုအပ် ခြင်း၊ စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုလိုအပ်ခြင်း၊ အလုပ်သမားများ အလွယ်တကူ ရှာဖွေခန့်ထားနိုင် ရေးအတွက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရန် သင်တန်းကျောင်းများဖွင့်လှစ်ပေးရန် လိုအပ်ချက်များရှိနေခြင်း စသည်တို့ကို အစိုးရက ဖြည့်ဆည်းပေးမှ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမည်ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်သည် ဖွံ့ဖြိုးမှုအားနည်း သော ဒေသတစ်ခုဖြစ်၍ ယင်းဒေ သတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅(က) အရ ရင်းနှီးမြှုပ်နှံ သည့်လုပ်ငန်းရှင်သည် ဝင်ငွေခွန် ကင်းလွတ်ခွင့် ခုနစ်နှစ်ခံစားရမည် ဖြစ်သည်။ ထို့အပြင် လက်ခစား အထည်ချုပ် စက်ရုံများအတွက် လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၇(ခ) အရ ပြည်ပသို့ ရာနှုန်းပြည့် ပြန်လည်တင်ပို့မည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါက
ပို့ကုန် ထုတ်လုပ်ရန် တင်သွင်း လာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် အ ကောက်အခွန်၊ ပြည်တွင်းအခွန် အကောက်များ ကင်းလွတ်ခွင့် သက်သာခွင့်များ ခံစားရမည် ဖြစ် သည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့ နယ်တွင် ရှေ့ပြေးစမ်းသပ်စက်ရုံ တည်ထောင်မည့်သူများကိုလည်း ကော်မရှင်က အမြန်စိစစ်ပြီး ခွင့်ပြုမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ ဖွံ့ဖြိုးမှုအနည်း ဆုံး ပြည်နယ်များတွင် ပါဝင်နေ ခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးအ တွက် သီးသန့် ရန်ပုံငွေမှ ကျပ်သုံးဘီလီယံကျော်သုံးစွဲရန် ပြည် ထောင်စုလွှတ်တော်သို့ အစိုးရက တင်ပြထားသည်။

ရခိုင်ပြည်နယ် မှ မြို့နယ် ၁၆ ခုတွင် ဒေသဖွံ့ဖြိုး ရေး၊ လမ်းတံတားလုပ်ငန်း ၁၆ ခု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဟု သိရသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service