ဝန်ကြီးဌာနပိုင်မြေနှင့်အဆောက်အအုံများ ငှားရမ်းရောင်းချမှုများမှ အခွန်ရ၊ မရ ဒီချုပ်အမတ်မေးခွန်းထုတ် - Property News in Myanmar from iMyanmarHouse.com
724 Views

ဝန်ကြီးဌာနပိုင်မြေနှင့်အဆောက်အအုံများ ငှားရမ်းရောင်းချမှုများမှ အခွန်ရ၊ မရ ဒီချုပ်အမတ်မေးခွန်းထုတ်

ယခင်ကာလများ က ၀န်ကြီးဌာနပိုင်မြေနှင့် အဆောက်အအုံများ ငှားရမ်းရောင်း ချမှုများမှ နိုင်ငံတော်အနေဖြင့် ရ သင့်ရထိုက်သော အခွန်အခများ ရရှိထားခြင်းရှိ၊မရှိသိလိုကြောင်း ဒီချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ဖေဖော်ဝါရီ ၃ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးပြောကြားသည်။

အစိုးရသစ်၏ ယခုနှစ်ဘတ် ဂျက်ပထမခြောက်လတွင် အခွန် ကောက်ခံရရှိမှုသည် မူလခန့်မှန်းလျာထားချက်ထက် ဘီလီယံ ၄၀၀ ခန့်ပိုမိုကောက် ခံရရှိထားသော်လည်း အချို့သော အခွန်များသည် ရသင့်သည်ထက် လျော့နည်းနေပြီး တိုင်းပြည်ဘဏ္ဍာငွေများ ဆုံးရှုံးနေကြောင်း ၀န်ကြီးဌာန ပိုင်မြေများနှင့် အဆောက်အအုံများ ငှားရမ်းရောင်းချမှုအပေါ် ကောက်ခံသည့်အခွန်များကို ဥပမာပေးပြီး၎င်းက ဆွေးနွေးသည်။

ပြီးခဲ့သည့် ကာလများတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနတစ်ခုတည်းမှ ပုဂ္ဂလိကထံ လွှဲပြောင်းငှားရမ်း ရောင်းချခဲ့သော ဌာနပိုင်အဆောက်အအုံ ၂,၇၀၀ကျော်နှင့် မြေဧက ၂၀,၀၀၀ကျော်ရှိကာ စက်မှုဝန်ကြီးဌာနကလည်း မြေ၊ အ ဆောက်အအုံ၊ အလုပ်ရုံ၊ စက်ရုံ စုစုပေါင်းအရေအတွက် ၂,၅၀၀ ခန့် လွှဲပြောင်းငှားရမ်းရောင်းချခဲ့ သည်ဟု ၎င်းကပြောကြားသည်။

ယခင်မွေးမြူရေးနှင့် ရေလုပ် ငန်းဝန်ကြီးဌာနပိုင် နိုင်ငံတစ်ဝန်း ရှိ မြေ၊ ရုံး၊ ခြံ ၄၅ခုကိုလည်း MICA ဆိုသော အဖွဲ့က ပုဂ္ဂလိကသို့ ငှားရမ်းခြင်းများရှိခဲ့ကြောင်း လည်း ဆက်ပြောသည်။

‘‘အဲဒါတွေနဲ့ပတ်သက်ပြီး ရောင်းခွန်၊ ၀ယ်ခွန်၊ ငှားရမ်းခွန် တွေ ရသင့်ရထိုက်တဲ့အတိုင်းရခဲ့ရဲ့လား၊ အခုထိမရသေးဘူးလား၊ ရဖို့ကော စီမံဆောင်ရွက်နေရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ’’ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

တည်ဆဲအခွန်ဥပဒေအရ အခြေပစ္စည်းများ၊ ငှားရမ်းမှုနှင့်ဆိုင်သော တံဆိပ်ခေါင်းခွန်သည် နှစ်တိုငှားရမ်းမှုတစ်နှစ်မှ သုံးနှစ်အထိဆိုပါက တစ်နှစ်ငှားရမ်းခ၏ ၀ ဒသမ ၅ရာခိုင်နှုန်း၊ နှစ်ရှည်ငှားရမ်းမည်ဆိုပါက ၂ရာခိုင်နှုန်းစည်း ကြပ်ကောက်ခံရပြီး သတ်မှတ်ချိန် အတွင်း မပေးဆောင်ပါက ဒဏ် ကြေး ၁၀ဆနှင့် မူလအခွန်အပါအ ၀င် ၁၁ဆ ထမ်းဆောင်ရသည်ဟု ဒေါ်ခင်စန်းလှိုင်ကပြောသည်။

‘‘ဘယ်လိုပဲ တန်ရာတန် ကြေးထက် များစွာလျော့နည်းတဲ့ ဈေးနှုန်းနဲ့ ငှားရမ်းခဲ့သည်ဆိုဦး တော့ ကျွန်မတင်ပြခဲ့တဲ့ နိုင်ငံ တော်ပိုင်မြေတွေ၊ အဆောက်အ အုံတွေ၊ ရုံးတွေ၊ ခြံတွေအားလုံး ပေါင်းရဲ့ ၂ရာခိုင်နှုန်း တံဆိပ် ခေါင်းခွန်စာ ဘီလီယံနဲ့ချီတဲ့ ပမာ ဏရဖို့ရှိပါတယ်’’ဟု ဆိုသည်။

ပြည်သူများအသုံးပြုနေသော တယ်လီဖုန်း ခေါ်ဆိုခမှ ၅ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ်ပေး ဆောင်နေရပြီး အဆိုပါအခွန်ငွေများကို ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ သုံးစွဲနေရချိန်တွင် အကျိုးအမြတ်များစွာရရှိနေသူများ အနေဖြင့် အခွန်မရှောင်ဘဲ အခွန်ကို တာဝန်သိသိထမ်းဆောင်ကြရန် တိုက်တွန်းလိုပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အတွက်ဘဏ္ဍာငွေများ မှန်မှန်ကန်ကန်ရရှိရန်နှင့် အခွန်တိမ်းရှောင်မှုများ ပပျောက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်လိုသည်ဟု ၎င်းက အကြံပြုခဲ့သည်။

အစိုးရသစ်ဘတ်ဂျက်ပထမ နှစ်ခြောက်လပတ် အခွန်ကောက်ခံရရှိမှုကို လွှတ်တော်အမတ် ၁၀ဦးတို့က ဆွေးနွေးခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ပြန်လည်ရှင်းလင်းဆွေး နွေးရန် ရှိနေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service