နှစ်ပတ်အတွင်း ပထမပုဂ္ဂလိကဘဏ် ရှယ်ယာ တန်ဖိုး ၂၃ရာခိုင်နှုန်းကျော် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
1068 Views

နှစ်ပတ်အတွင်း ပထမပုဂ္ဂလိကဘဏ် ရှယ်ယာ တန်ဖိုး ၂၃ရာခိုင်နှုန်းကျော် ကျဆင်း

ရန်ကုန်စတော့အိတ် ချိန်းတွင် စတုတ္ထမြောက်စာရင်း ၀င်ခဲ့သည့် ပထမပုဂ္ဂလိကဘဏ် ၏ ရှယ်ယာတန်ဖိုးသည် သီတင်း နှစ်ပတ်အတွင်း ၂၃ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ကြောင်းသတင်း ရရှိသည်။

ပထမပုဂ္ဂလိကဘဏ်သည် ရန်ကုန် စတော့အိတ်ချိန်းတွင် မေ ၂၀ ရက်၌ ရှယ်ယာအဖွင့်ဈေး ရှယ်ယာတစ်စုလျှင် ကျပ် ၃၉,၀၀၀ ဖြင့် ရှယ်ယာ စတင်ရောင်းခဲ့ပြီး ၁၄ ရက်မြောက်ဖြစ်သည့် ဖေဖော် ၀ါရီ ၂ရက်တွင် ရှယ်ယာတစ်စု လျှင် ကျပ် ၃၀,၀၀၀ သို့ပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း ရန် ကုန်စတော့အိတ်ချိန်းမှ သတင်း ရရှိသည်။

‘‘ဘဏ်လုပ်ငန်းဆိုတော့လူ တွေက ရှယ်ယာဝယ်ဖို့ စိတ်မ၀င် စားကြဘူး။ နိုင်ငံတကာမှာလည်း ဘဏ်လုပ်ငန်းတွေ ရှယ်ယာအ ရောင်းအ၀ယ်လုပ်တာ ရှားပါ တယ်’’ ဟု ရန်ကုန်စတော့အိတ် ချိန်းလေ့လာသူတစ်ဦးက ပြော သည်။ ပထမပုဂ္ဂလိကဘဏ်သည် ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာစတင်ရောင်းချခဲ့သည့် နှစ်ပတ်အတွင်း အစုရှယ်ယာ ပေါင်း လေးသောင်းကျော်အ ရောင်းအ၀ယ်ဖြစ်ထားသည်။

ပထမပုဂ္ဂလိကဘဏ်ကုမ္ပ ဏီသည် အစုရှယ်ယာပေါင်းနှစ် သန်းခွဲကျော်ရှိပြီး ၁၉၉၂တွင် စ တင်ရောင်းချစဉ်က ရှယ်ယာတစ် ခုလျှင် ၂၀,၀၀၀ ကျပ်ရှိခဲ့သည်။ ပထမပုဂ္ဂလိကဘဏ် ကုမ္ပဏီသည် နှစ်ပေါင်း ၂၅ နှစ်အတွင်း ရှယ်ယာရှင် ရှစ်ထောင်ကျော်အနက် နှစ်စဉ်အမြတ် ၂၀ ရာခိုင်နှုန်းကျော်ပေးနေသည်ဟု ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် ၂၀၁၇ ဇန်န၀ါရီအတွင်း ရှယ်ယာ သုံးသိန်းကျော်အရောင်း အ၀ယ်ဖြစ်ခဲ့ပြီး စုစုပေါင်း ကျပ်ငွေ ၂ ဒသမ ၈ ဘီလီယံတန်ဖိုး အရောင်းအ၀ယ်ဖြစ်ထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service