ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကြမ်းတွင် မြေအသုံးပြုခွင့် အပေါ် MIC ၏ အခန်းကဏ္ဍရှင်းလင်းမှု လိုနေသေး - Property News in Myanmar from iMyanmarHouse.com
839 Views

ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကြမ်းတွင် မြေအသုံးပြုခွင့် အပေါ် MIC ၏ အခန်းကဏ္ဍရှင်းလင်းမှု လိုနေသေး

မြေအသုံးပြုခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အခန်းကဏ္ဍတို့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၏ နည်းဥပဒေကြမ်းတွင် ရှင်းလင်းမှုမရှိသေးကြောင်း
ရန်ကုန်မြို့တွင်ြ့ပုလုပ်ခဲ့သော လူထုဆွေးနွေးပွဲတွင် တက်ရောက်လာသည့်
အရပ်ဘက်အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဥပဒေထက် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများတွင် အသေးစိတ်အချက်အလက် များပါရှိသဖြင့် ဥပဒေသစ်ကို မည်သည့်ပုံစံဖြင့် ကျင့်သုံးသွားမည်ကို သိရှိနိုင်စေရန် လူထုဆွေးနွေးပွဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထောက်ပြဝေဖန်ချက်များကို ထပ်မံဖြည့်စွက်သွားမည်ဟု ပြောသည်။

''နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရင်းနှီးမြှုပ်နှံသူက ဖတ်လိုက်တာနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လုပ်ငန်းတွေကတော့ ကန့်သတ်ထားလဲ၊ ဘယ်လုပ်ငန်းတွေကတော့ ဦးစားပေးထားတဲ့ထဲ ပါလဲဆိုတာကို သိအောင်ရေးဆွဲရမှာဖြစ်တယ်။ မေးခွန်း
ထုတ်စရာမျိုးဖြစ်မနေအောင် သတင်းအချက်အလက် ကျန်နေတာမျိုးမဖြစ်ရအောင် ရေးဆွဲဖို့လိုပါတယ်။ လက်ရှိမှာ အစိုးရနဲ့လွှတ်တော်က မတ်လကုန်မှာ အပြီးထုတ်ပြန်ပေးဖို့ တောင်းဆိုထားတဲ့
အတွက် အချိန်ကာလတိုတိုမှာ မြန်မြန်ဆန်ဆန် ပြီးစီးနိုင်အောင် ကော်မရှင်က လုပ်နေပါတယ်'' ဟု ၄င်းက ပြောသည်။

နည်းဥပဒေမူကြမ်းတွင် မြေအသုံးချခွင့်နှင့်ပတ်သတ်၍ ခွင့်ပြုချက်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်၏ အခွင့်အာဏာရှိခြင်းမရှိခြင်းကို ရှင်းလင်းစွာ မဖော်ပြထားခြင်း၊ အခြားသော မြေယာလုပ်ပိုင်ခွင့်ပေးသည့် ကော်မတီ အဆင့်ဆင့် တို့လည်းရှိနေသဖြင့် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ခြင်း
တို့ကို Earth Rights International နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းမှ ဥပဒေရေးရာ ညှိနှိုင်းရေးမှူး ဒ်ါသန်းသန်းအေး က ထောက်ပြပြောသည်။

''အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုဥပဒေက နိုင်ငံသားရော နိုင်ငံခြားသားနဲ့ရော ဆိုင်သွားပြီ။ ဥပဒေထဲမှာတော့ မြေအသုံးပြုခွင့် ရည်ညွှန်းထားတာတွေမှာ ပုဂ္ဂလိကဆိုင်ရာ မြေငှားရမ်းတာရယ်၊ နိုင်ငံပိုင်
အဆောက်အဦး သို့မဟုတ် နိုင်ငံပိုင်မြေကို ငှားရမ်းတာတွေ (private -and state-ownedenterprise) လုပ်ထုံးလုပ်နည်းတွေနဲ့ သွားရမယ်ဆိုပြီး ရေးထားတာက ရှင်းတယ်။ ဒါပေမဲ့ နည်း
ဥပဒေကြမ်းထွက်လာတဲ့အခါမှာတော့ မြေအသုံးပြုခွင့် လျှောက်ထားခြင်းကို ကော်မရှင်ကို လျှောက်ရမယ်ဆိုပြီး ရေးထားတာကို တွေ့ရတယ်။

မြေအသုံးပြုခွင့်ကိုပေးတာက ပုဂ္ဂလိကအနေနဲ့ပေးတာဆိုရင် ပုဂ္ဂလိက ပိုင်ဆိုင်သူတွေက ပေးလို့ရတယ်။ နိုင်ငံပိုင်ဆိုရင်တော့ government
disposal land, state-owned enterprise, land, building တွေဖြစ်မယ်ဆိုရင် အစိုးရကိုယ်စား
ဌာနတစ်ခုခုက ပေးလို့ရတယ်လို့ နားလည်ထားတာ။ အခုက မြေအသုံးပြုခွင့်ကို ကော်မရှင်က ပေး
မယ်ဆိုရင် ဘယ်လိုမြေအမျိုးအစားတွေကို ပေးခွင့်ရှိလဲဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုသင့်တယ်'' ဟု ၄င်းကပြောသည်။

ကော်မရှင်သို့မလျှောက်ထားမီ လျှောက်ထားဆဲနှင့် လုပ်ပိုင်ခွင့်ရအပြီး မြေအသုံးပြုခွင့်လျှောက်ထားခြင်း၊ မြေအသုံးပြုခွင့်ပေးပိုင်ခွင့်သည် ကော်မရှင်တွင် ရှိမရှိတို့သည် နည်းဥပဒေကြမ်းတွင် ရှင်းလင်း
မှုမရှိကြောင်း ဒေါ်သန်းသန်းအေးက ပြောသည်။

''မြေအသုံးချမှုပြောင်းလဲခြင်းအတွက် ခွင့်ပြုမိန့်ပေးတယ်ဆိုရင် အဲဒါတွေအတွက် law enforce-ment body တွေသပ်သပ်ရှိပြီးသား။ လယ်ယာမြေအတွက်ရော၊ မြေလွတ်မြေလပ်မြေရိုင်း
အတွက်ရော ကော်မတီတွေရှိပြီးသား အခုလို တိုင်းဒေသကြီး ပြည်နယ်အလိုက် အမ်အိုင်စီကို
ဖွဲ့မယ်ဆိုရင် အဖွဲ့တွေကြားမှာ လုပ်ပိုင်ခွင့်တွေထပ်မလားဆိုပြီး စဉ်းစားမိတယ်'' ဟု ၄င်းကပြောသည်။

ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်သည် မြေနှင့် ပတ်သက်သော အာဏာပိုင်မဟုတ်သည့် အတွက် မြေအသုံးပြုခွင့်၊ မြေအသုံးချမှု ပြောင်းလဲခြင်းတို့အတွက် အခွင့်အာဏာမရှိသော်လည်း မြေယာနှင့်ပတ်သက်၍ လွန်ခဲ့သည့် ငါးနှစ်အတွင်းက အခက်အခဲအများဆုံး ကြုံခဲ့ရ
သဖြင့် နည်းလမ်းသစ် တစ်ခုကို စဉ်းစားထားကြောင်းပြောသည်။

''ပြီးခဲ့တဲ့၂ဝ၁၂ ဥပဒေထွက်ကတည်းက ငါးနှစ်အတွင်း MIC က အဓိကကြုံတွေ့ရတဲ့အခက်အခဲက မြေကိစ္စပါ။ ကျွန်တော်တို့တင်မက ရင်းနှီးမြှုပ်နှံသူတွေပါ ကြုံတွေရတဲ့ အခက်အခဲပါ။ နိုင်ငံသားပိုင်
မြေကို နိုင်ငံခြားသားကို နှစ်ရှည်ငှားတယ်။ နှစ်ဖက်သဘောတူ ငှားကြတာပဲ။ ဒါပေမဲ့ လယ်မြေဖြစ်နေတဲ့မြေနရာမှာ စက်ရုံဆောက်မယ်ဆို အခြားနည်းလမ်းအသုံးပြုခွင့်လျှောက်ရတယ်။ အဲဒီ
လုပ်ငန်းစဉ်တွေက နှစ်နဲ့ချီကြာတယ်။ ရင်းနှီးမြှုပ်နှံသူက ဒီလာတယ်။ ဒီမြေကိစ္စကိုပဲ နှစ်နဲ့ချီလုပ်နေရရင် အခက်အခဲတွေဖြစ်လာပြီ။ ဒါကြောင့် စဉ်းစားလိုက်တာက ဒီမြေမှာ ဒီလုပ်ငန်းကို ခွင့်ပြုသင့်
မသင့်က သက်ဆိုင်ရာ ဒေသအုပ်ချုပ်မှုအာဏာပိုင်က အသိဆုံးပဲ။ ဒါကြောင့် မြေအမျိုးအစားနဲ့ လုပ်ငန်းအမျိုးအစားကိုကြည့်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သက်ဆိုင်ရာ အုပ်ချုပ်မှု
အာဏာပိုင်က ခွင့်ပြုသင့်တယ်လို့ သုံးသပ်ရင် ကျွန်တော်တို့က ခွင့်ပြုပေးမှာဖြစ်တယ်။ နောက်မှလုပ်ထုံးလုပ်နည်းတွေ အရ မြေအမျိုးအစားပြောင်းတာကို ဥပဒေအတိုင်း ဆက်လုပ်ပေးရမှာ ဖြစ်တယ်။ အဓိကကတော့ လုပ်ငန်းစဉ်ကို တိုသွားအောင်လုပ်တာပါ '' ဟု ၄င်းက ပြောသည်။

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ ဒါရိုက်တာဗစ်ကီဘိုမန်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သို့ လျှောက်ထားသော လုပ်ငန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမည့် အကြောင်းအရာများကို နည်းဥပဒေကြမ်းတွင် ထည့်သွင်းရန်ထောက်ပြခဲ့သည်။

''ဘယ်လုပ်ငန်းအမျိုးအစား၊ ဘယ်နေရာမှာလုပ်မယ်၊ အဓိက ဘာတွေလုပ်ဆောင်သွားမယ့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလဲဆိုတာကို ကော်မရှင်က သုံးသပ်နေဆဲ ရက်ပေါင်း ၆ဝ အတွင်းမှာ ထုတ်ပြန်ပေးပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ဖို့လိုမယ်လို့ ထင်တယ်'' ဟု ၄င်းက ပြောသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service