ရန်ကုန်တိုင်း၌ ကိုးလအတွင်း အိမ်ခြံမြေအခွန်ကျပ် ၁၇ ဘီလီယံကောက်ခံရရှိ - Property News in Myanmar from iMyanmarHouse.com
1132 Views

ရန်ကုန်တိုင်း၌ ကိုးလအတွင်း အိမ်ခြံမြေအခွန်ကျပ် ၁၇ ဘီလီယံကောက်ခံရရှိ

ယခု ၂၀၁၆-၁၇ဘဏ္ဍာ နှစ်အစ ဧပြီမှ ဒီဇင်ဘာအထိ ကိုး လအတွင်း ရန်ကုန်တိုင်းရှိ အိမ်ခြံမြေရောင်းဝယ်ခြင်းမှ အခွန်ကျပ် ၁၇ ဘီလီယံ ကောက်ခံရရှိထား ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘နောက်နှစ်မှာ အသစ်ထွက် လာမယ့် အိမ်ခြံမြေအခွန်နှုန်းထား ကို စောင့်နေကြတာနဲ့ အရောင်း အ၀ယ် နည်းတာတွေကြောင့် ဒီ နှစ်မှာ အိမ်ခြံမြေအခွန်ဆောင်တာ နည်းသွားတယ်။ ပြီးတော့ အခွန် နှုန်း ထားတွေ လျှော့တာတွေ ကြောင့်လည်း အိမ်ခြံမြေအခွန် ကောက်ခံရရှိမှု နည်းသွားတယ်’’ ဟု ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးကပြော သည်။

အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်ပါကရောင်းဝယ်သည့် ငွေ ကြေးနှင့်ကိုက်ညီသည့်တံဆိပ် ခေါင်း ကပ်ရမည်ဖြစ်ပြီး တံဆိပ် ခေါင်းမကပ်ဘဲ ချုပ်ဆိုထားသည့် စာချုပ်များသည် တရားဥပဒေအ ရ အကျုံးဝင်ခြင်းမရှိပေ။ ယင်းသို့ ရောင်းဝယ်ခြင်းများ စစ်ဆေး တွေ့ရှိပါက သတ်မှတ်တန်ဖိုး၏ ၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေး ဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၆ တွင် ပြောင်းလဲခဲ့ သည့် ပြည်ထောင်စုအခွန်အ ကောက်ဥပဒေ၌ အိမ်ခြံမြေ ၀ယ် ယူရာတွင် ၀င်ငွေရလမ်းဖော်ပြနိုင် ပါက အခွန်ကင်းလွတ်ခွင့်ပြုထား သည်။

ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိမှသာ အိမ်ခြံမြေအခွန်နှုန်းထား များကို တစ်ကျပ်မှ သိန်းတစ် ထောင်အထိ အခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်ကျော်မှ သိန်းငါးထောင်အထိ ၅ ရာခိုင် နှုန်း၊ ကျပ်သိန်းငါးထောင်ကျော်မှ သိန်းတစ်သောင်းအထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်း ကျော်မှ သိန်းတစ်သောင်းခွဲအထိ ၂၀ ရာခိုင်နှုန်းနှင့် သိန်းတစ် သောင်းခွဲအထက်ကို ၃၀ ရာခိုင် နှုန်းပေးဆောင်ရန် ၂၀၁၆ ပြည် ထောင်စုအခွန်အကောက် ဥပဒေ တွင် ဖော်ပြထားသည်။

လက်ရှိတွင် ၂၀၁၅ ၌ ရေး ဆွဲထားသည့် အိမ်ခြံမြေစံနှုန်းများ ဖြင့် အခွန်စည်းကြပ်လျက်ရှိပြီး အဆိုပါစံနှုန်းသည် ၂၀၁၅ တွင် ဈေးကွက်အတွင်း အရောင်းအ ၀ယ်ဖြစ်နေသည့် နှုန်းထားများကို အခြေခံ ရေးဆွဲထားခြင်း ဖြစ် သည်။

အဆိုပါ နှုန်းထားများသည် တစ်နှစ်တစ်ကြိမ် အပြောင်းအလဲ ရှိပြီး အစိုးရသစ်လက်ထက်တွင် အသစ်ပြင်ဆင်ရေးဆွဲထားသော်လည်း အိမ်ခြံမြေ အရောင်းအ၀ယ်အေးစက်ခြင်းကြောင့် နှုန်းထား ပြောင်းလဲခြင်း မရှိသေးပေ။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service