ကန်ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိ ဘာရိန်း ဆေးဝါးမြို့တော်စီမံကိန်းအတွက် ကုမ္ပဏီပေါင်း ၂၉ ခု ယှဉ်ပြိုင်လေလံဆွဲမည် - Property News in Myanmar from iMyanmarHouse.com
1243 Views

ကန်ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိ ဘာရိန်း ဆေးဝါးမြို့တော်စီမံကိန်းအတွက် ကုမ္ပဏီပေါင်း ၂၉ ခု ယှဉ်ပြိုင်လေလံဆွဲမည်

ဘာရိန်းနိုင်ငံတွင်တည်ဆောက်မည့် ဘုရင်အဗ္ဗဒူလာဆေးဝါးမြို့တော်စီမံကိန်းကို ကန်ဒေါ်လာ တစ်ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်မည်ဖြစ်ရာ လေလံဆွဲရန် အရည်အချင်းပြည့်မီသည့် ကုမ္ပဏီ ၂၉ ခု ရွေးချယ်ခြင်းခံထားရကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါစီမံကိန်းကို ဘုရင် အဗ္ဗဒူလာ ဘင် အဗ္ဗဒူလာဇစ် အယ်လ် ဆတ်က ဘဏ္ဍာငွေခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
စတုရန်းမီတာ တစ်သန်းအကျယ်အဝန်းရှိသော မြေနေရာပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ဘာရိန်းနိုင်ငံတောင်ပိုင်းတွင် အကြီးမားဆုံးမြို့တစ်မြို့ဖြစ်သည့် ဒါရတ် အယ်လ်ဘာရိန်းတွင် ဖြစ်သည်။

ဆေးဝါးမြို့တော်သည် ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်ပြီး ပညာရေး၊ ဆေးဝါးနှင့် သုတေသနဌာနများ ပါဝင်မည်ဖြစ်သည့်အပြင် မြို့တော်ဝန်းအတွင်း အခြေချနေထိုင်နိုင်မည့် အဆောက်အအုံများလည်း ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။

ပထမအဆင့်ဆောက်လုပ်မှုတွင် ကုတင် ၂၈၈ ဆံ့ ဆေးရုံတစ်လုံး၊ ဝန်ထမ်းအိမ်ရာနှင့် အခြားလူမှုရေးအဆောက်အအုံများကို တည်ဆောက်မည်ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ဆေးကုသဆောင်များ၊ ဆေးဝါးဆိုင်ရာ ဝန်ဆောင်မှုပေးသည့် အဆောက်အအုံ၊ ပင်လယ်ကွေ့ဒေသတွင် အဖြစ်များသည့် ကင်ဆာ၊ သွေးတိုးနှင့် အခြားရောဂါများ အထူးပြုလေ့လာသည့် ဌာနများ တည်ဆောက်သွားမည် ဖြစ်သည်။

ဆေးဝါးမြို့တော်ကို အာရေးဗီးယန်းပင်လယ်ကွေ့တက္ကသိုလ်မှ ကွပ်ကဲသွားမည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၇၀၀ ကျော် ခန့်အပ်သွားမည်ဟု ဆိုသည်။

စီမံကိန်းအပြီးသတ်ပြီးစီးပါက ကုတင် ၅၀၀ ဆန့် ဆေးရုံ၊
ဆေးကျောင်း၊ သုတေသန၊ ဆေးဘက်ဆိုင်ရာ ဟိုတယ်၊ ပြန်လည်ထူထောင်ရေး ဆေးရုံ၊ ကျောင်းသားများနှင့် ဝန်ထမ်းများအတွက် မြို့တော်ဝန်းအတွင်း နေထိုင်ရန်နေရာများ ရရှိလာမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service