ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ အောက်၌ အများပြည်သူ အသုံးပြုရန် နေရာများ ဖန်တီးပေးနိုင်ရေးအတွက် ပုံဖော်ထားသည့် ဒီဇိုင်း ၁၀ ခုပြသ - Property News in Myanmar from iMyanmarHouse.com
2312 Views

ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ အောက်၌ အများပြည်သူ အသုံးပြုရန် နေရာများ ဖန်တီးပေးနိုင်ရေးအတွက် ပုံဖော်ထားသည့် ဒီဇိုင်း ၁၀ ခုပြသ

ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများ အောက်၌ အများပြည်သူ အသုံးပြုရန် နေရာများ ဖန်တီးပေးနိုင်ရေးအတွက် ပုံဖော်ထားသည့် ဒီဇိုင်း ၁၀ ခုအား ပြသခြင်း အခမ်းအနားကို ဇန်န၀ါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ မြေနီကုန်း ခုံးကျော်တံတားတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အကောင်အထည်ဖော်ဖို့ အပိုင်းကတော့ ရန်ပုံငွေသပ်သပ် လိုအပ်တာပေါ့။ ဒါကတော့ စိတ်ကူးစိတ်သန်း ဖြစ်တာပေါ့။ မြို့ပြအခြေအနေထဲမှာပဲ အကောင်းဆုံး ဘယ်လိုဖြစ်အောင် လုပ်မယ်ဆိုတာ ဒီဇိုင်း နဲ့ ပြောင်းလဲနိုင် တယ် ဆိုတဲ့ စိတ်ကူးစိတ်သန်းကို တင်ပြခြင်း ဖြစ်ပါတယ်။ ခြောက်ခုထဲမှာ ပထမဦးဆုံး တစ်ခုကိုတော့ Architect ဆိုတဲ့ ဒီဇိုင်းအဖွဲ့က လုပ်တဲ့ဟာ။ ဒါကတော့ အကောင်အထည် ဖော်တဲ့အထိပါ၊ ဒါကို ဒီနေ့ပြတာ ဖြစ်ပါ တယ်။ ကျန်တဲ့ ငါးခုကတော့ ဒီဇိုင်း ၁၀ မျိုးပြထားတာ ရှိပါတယ်။ ဘယ်ဟာကို နောက်ထပ်လုပ်မယ် ဆိုတာကတော့ စိတ်ဝင်စားတယ်။ ပံ့ပိုးချင်တယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိလာရင်တော့ လုပ်ဖြစ်မှာ ပါ။ နောက်တစ်ခါ ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီအနေနဲ့ တခြား တိုင်းဒေ သကြီး အစိုးရနဲ့ တွဲလုပ်နေတဲ့ ရန်ကုန်မြို့ပြဆိုင်ရာ လိုအပ်ချက်တွေ အဆိုပြုထားတဲ့ စီမံကိန်းတွေနဲ့ ပူးပေါင်းလို့ရလို့ရှိရင်လည်း နီးစပ်တဲ့ ဟာတွေနဲ့ အကောင်အထည် ဖော်မယ်ဆိုတဲ့ ပြင်သစ်မြို့တော်က စိတ်ဝင် စားတဲ့ ဟာကို ပြထားတာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ဒါရိုက်တာ ဒေါ်မို့မို့လွင် က ပြောကြားသည်။

ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ခဲ့ပြီး ပြပွဲတွင် ပြသထားသည့် ဒီဇိုင်းရေးဆွဲသည့် အဖွဲ့ ၁၀ ဖွဲ့အား တစ်ဖွဲ့ လျှင် ကျပ်ငါးသိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲပြုလုပ်ရခြင်းသည် ရန်ကုန်မြို့တွင် ပန်းခြံနှင့် မြေကွက်လပ်များ နည်းပါးလာသဖြင့် ပြည်သူများ အပန်းဖြေ နားနေရာ ရှားပါးလာခြင်း အတွက် ခုံးကျော်တံတားများ အောက်ရှိ နေရာလွတ်များတွင် လှပအောင် ပြုလုပ်ကာ ပြည်သူများ စိတ်အပန်းဖြေနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက တာဝန်ယူ လုပ်ဆောင်တာကတော့ မြန်မာနိုင်ငံ ဗိသုကာအသင်း က ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗိသုကာအသင်းက ဗိသုကာ ကျောင်း သားတွေကလည်း ဘွဲ့ရပြီးခါစ လူငယ်တွေကို လူလတ်ပိုင်း ဗိသုကာ သမားတွေက ဦးစီးပြီးတော့ ဒီဇိုင်းအမျိုးမျိုး ထုတ်ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ အဖွဲ့ ၁၀ ခု၊ တံတားငါးခုမှာ တစ်ခုကိုအဖွဲ့ နှစ်ဖွဲ့စီကနေ လုပ်ကြပါတယ်။ မတူညီတဲ့ ပုံစံတွေ ထွက်လာပါတယ်။ အဲဒါကို အခုတင်ပြတာ ဖြစ်ပါတယ်။ အဲဒီထဲက ကောင်းတဲ့ဟာကို ရွေးပြီးတော့ လုပ်မယ်ဆို လုပ်လို့ရပါတယ်။ ဘယ်ဟာကိုရွေးပြီး လုပ်မယ်ဆိုတာကို ဆုံးဖြတ်ပြီးရင်တော့ ပိုပြီးအသေးစိတ်ကျတာကို နောက်နှစ်မှာ ဆွဲမယ်ဆိုရင်တော့ ပြင်သစ် ယဉ်ကျေးမှုဌာနက မြန်မာနိုင်ငံ ဗိသုကာအသင်းကို ထောက်ပံ့ပါတယ်” ဟု ဒေါ်မို့မို့လွင်က ဆက်လက်ပြောကြားသည်။

အနာဂတ်တွင် ပြင်သစ်ယဉ်ကျေးမှု ဌာနအနေဖြင့် အလားတူ စီမံကိန်းများအား ရန်ကုန်မြို့ရှိ အခြားသော ခုံးကျော်တံတားများ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ပြင်သစ် ယဉ်ကျေးမှုဌာနသည် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့နှင့် ပူးပေါင်းကာ ရန်ကုန်မြင်ကွင်းဆိုင်ရာ ဗိသုကာဒီဇိုင်း ပုံစံငယ် များ ပေါ်ထွက်လာရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြေနီကုန်း ခုံးကျော်တံတားသည် အများပိုင် နေရာများအား ပြည်သူများ လွတ်လပ်စွာ အသုံးပြုနိုင်ရန်နှင့် ယင်းနေရာများ တွင် မော်တော် ယာဉ်များ ထက် လမ်းသွားလမ်းလာများအား ဦးစားပေးရန် ဆောင်ရွက်ထားသည့် ကနဦး နမူနာပြ စီမံကိန်းဖြစ်ကြောင်း သိရသည်။


Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service