လုပ်ငန်းဆောင်ရွက်ခြင်းမရှိသော မြေလွတ်မြေရိုင်း ဧကလေးသောင်းကျော်ကို ဧပြီလအတွင်း ပြန်လည်သိမ်းယူမည် - Property News in Myanmar from iMyanmarHouse.com
1335 Views

လုပ်ငန်းဆောင်ရွက်ခြင်းမရှိသော မြေလွတ်မြေရိုင်း ဧကလေးသောင်းကျော်ကို ဧပြီလအတွင်း ပြန်လည်သိမ်းယူမည်

ယခင်အစိုးရမှ ချထားပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်မြေရိုင်း ၄၀၈၉၅ ဒသမ ၃၉ ဧကကို ဧပြီလအတွင်း အစိုးရမှ ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

မြေလွတ်မြေရိုင်းဥပဒေ ပုဒ်မ ၂၂ အပိုဒ် ခွဲ (ဂ) အရ မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသော မြေလွတ်မြေ နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ပါရှိသောကြောင့် အဆိုပါလုပ်ကိုင်ခွင့် ချထားပေးသော်လည်း ဆောင်ရွက်ခြင်းမရှိသည့်အ တွက် သိမ်းယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

မြေလွတ်မြေရိုင်းများကို လုပ်ငန်းလုပ်ကိုင် အကောင်အထည်ဖော်ရန် ယခင်အစိုးရလက်ထက်က ၅၈၀၇၂၀ ဒသမ ၉၇ ဧကကို ချထားပေးခဲ့ခြင်း ဖြစ်ကာ ပုဒ်မ ၂၂ အပိုဒ်မ (ဂ) အား ဖောက်ဖျက်ကျူးလွန်သည့် ၄၀၈၉၅ ဒသမ ၃၉ ဧက ကို ပြန်လည်သိမ်းယူမည် ဖြစ်သည်။

အဆိုပါ မြေလွတ်မြေရိုင်းများကို ရယူထားသူများမှာ အခြေခံသာမန်ပြည်သူတစ်ဦး တစ်ယောက်မျှမပါဝင်ဘဲ ရာထူးကြီး အရာထမ်းဝန်ထမ်းများ ရယူထားကြောင်း စုံစမ်းသိရပြီး “ဒီလုပ်ကိုင်ခွင့်ချထားပေးတဲ့ မြေလွတ်မြေရိုင်းတွေကို သတ်မှတ်ကာလ ကျော်လွန်သည်အထိ ဆောင်ရွက်ခြင်းမရှိတာမို့ ဥပဒေအရ အလိုအလျောက် သိမ်းယူပြီးဖြစ်နေပါတယ်။ ဒါပေမဲ့ အကြောင်းတော့ကြားထားပါတယ်။ ကျွန်တော်တို့ အစိုးရသစ်စတက်တဲ့ မေလပိုင်းကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ အားလုံးစစ်ဆေးပြီးပါပြီ။ ဒါပေမဲ့ အခုထပ်ပြီးတော့ စာရင်းကို ပြန်အချော စစ်နေပါတယ်။ မတ်လကုန်အပြီးသတ်ပြီးရင် ဧပြီလမှာ စတင်သိမ်းယူမှုတွေ ပြုလုပ်မှာပါ။ ဒီ၂၀၁၇ ထဲကို ဒီမြေယာကိစ္စအပြီး ဆောင်ရွက်သွားမှာပါ။ ဒီသိမ်းယူတဲ့ မြေယာတွေကို လိုအပ်တဲ့စီမံကိန်းတွေ ဆောင်ရွက်တာမျိုး၊ လယ်ယာဖော်ထုတ်တာမျိုး လုပ်ပါမယ်။ အဓိကကတော့ ကျွန်တော်တို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာခဲ့ရင် အစိုးရမှာ ပေးစရာမရှိတော့ဘူး။ ပုံစံအမျိုးမျိုးနဲ့ မြေတွေက တစ်ဦးတစ်ယောက်လက်ထဲကို ရောက်နေတယ်။ အဲဒါကြောင့် ဒါတွေကို ဥပဒေနဲ့အညီ စိစစ်ပြီး ပြန်လည်သိမ်းယူသွားမှာပါ” ဟု ၀န်ကြီးဒေါက်တာစိုးသန်းက ဆိုသည်။


Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service