အမျိုးသားမြေအသုံးချမှု မူဝါဒလယ်ယာမြေ ဥပဒေများအပေါ် လေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
1116 Views

အမျိုးသားမြေအသုံးချမှု မူဝါဒလယ်ယာမြေ ဥပဒေများအပေါ် လေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ မိတ်ဆက်

တောင်သူလယ်သမား အများစုဖြစ်သော လုပ်ကွက်ငယ်တောင်သူ များအကျိုးကို ဖော်ဆောင်ပေးနိုင်သော ပြည့်စုံကောင်းမွန်သည့် မြေယာမူဝါဒနှင့် ဥပဒေများပေါ်ထွန်းလာရန် ရည်ရွယ်၍ အစိုးရသစ်နှင့် လွှတ်တော်သစ်က မြေယာနှင့်ပတ်သက်သော ဥပဒေများ ပြန်လည် သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ရာတွင်လည်းကောင်း၊ အစိုးရ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများ၏ ဥပဒေပြင်ဆင်ရေးလုပ်ငန်းများနှင့် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေ ရန်လည်းကောင်း ရည်ရွယ်၍ သံလွင် (Citizen Empowerment Program)က စီစဉ်သည့် အမျိုးသား မြေအသုံးချမှု မူဝါဒ၊ လယ်ယာမြေ ဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေများအပေါ် လေ့လာဆန်းစစ်ခြင်း သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပသည်။

''ဒီစာတမ်းက တအား Academic ဆန်တဲ့ စာတမ်းမဟုတ်ပါဘူး။ တွေ့ရှိ ချက်တွေကိုပဲ အရပ်ပြော ပြောတဲ့၊ ရေးတဲ့ စာတမ်းမျိုးလည်း မဟုတ်ပါ ဘူး။ ကျွန်တော်တို့ စာတမ်းလေးက Social Result အမျိုးအစားလေးမှာ တော့ပါပါလိမ့်မယ်။ ဥပဒေသက်သက် လည်းမဟုတ်သလို စီမံခန့်ခွဲမှုကိုလည်း သက်သက်ရေးထားတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ ရဲ့အမြင်တွေ၊ သဘောထားတွေကို ကျွန်တော်တို့က အင်တာဗျူးလုပ်ပါတယ်''ဟု ပါဝင်ဆောင်ရွက်သူ ဦးသီဟသူက ပြောသည်။

အဆိုပါအစီရင်ခံစာတွင် အမျိုးသား မြေအသုံးချမှု မူဝါဒ၊ လယ်ယာမြေ ဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေတို့အား ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲရန်လိုအပ်ကြောင်း (၁၈၉၄ မြေသိမ်း အက်ဥပဒေအပါအဝင်)၊ ထိုသို့ ပြန်လည် ပြင်ဆင်ရေးဆွဲရာတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ လယ်ယာမြေ ကိုယ်စားလှယ်များ၊ မြေယာအရေး ဆောင်ရွက်နေသော အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များကို သေချာစွာ ဖိတ်ကြား၍ အကြံပြုချက်များ ရယူသည့် ဆွေးနွေးပွဲများဖြင့် အားနည်းချက်များကို ပြန်လည် သုံးသပ်ပြင်ဆင်ရေးဆွဲခြင်းများ ပြုလုပ်ရန်နှင့် ဆွေးနွေးရေးဆွဲထားသော ဥပဒေကြမ်းများကို မပြဋ္ဌာန်းမီ ပြည်သူလူထုသို့ ကျယ်ကျယ်ပြန့်ပြန့် အသိပေး၍ အကြံပြုချက်များ ရယူရန် တို့ ပါဝင်သည်။

အဆိုပါအစီရင်ခံစာကို ပြုစုနိုင်ရန် မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများ အများစုနေထိုင်ရာ ဒေသများဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း၊ အနောက်ခြမ်း)တို့မှ မြေယာနှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်နေကြသော ဒေသခံတောင်သူလယ်သမားသမဂ္ဂနှင့် အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း ၁ဝဝ ကျော် ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများကို သုံးကြိမ်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။ အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားသို့ ပြည်တွင်းနှင့် နိုင်ငံ တကာ NGO များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လယ်ယာမြေ အရေး ဆောင်ရွက်နေသူများ တက်ရောက်ကြပြီး အစီရင်ခံစာအပေါ် အမြင်များ၊ အကြံပြုချက်များ ဆွေးနွေးကြသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service