၂၀၁၇ အတွက် မရေရာမှုများဖြင့် ပြည့်လျှမ်းနေသော ဘန်ကောက်ကွန်ဒိုဈေးကွက် - Property News in Myanmar from iMyanmarHouse.com
856 Views

၂၀၁၇ အတွက် မရေရာမှုများဖြင့် ပြည့်လျှမ်းနေသော ဘန်ကောက်ကွန်ဒိုဈေးကွက်

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၏ ကွန်ဒိုဈေးကွက်ကို ယခုနှစ်တွင် သတိကြီးစွာစောင့်ကြည့်ရမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ
Knight Frank က ထုတ်ပြန်ခဲ့သည်။

ထိုသို့ဆိုသော်လည်း အဆိုးချည်းတော့မဟုတ်ပေ။
စိုးရိမ်ဖွယ်အလားအလာအချက်အလက်အချို့ကို ကုမ္ပဏီက ညွှန်ပြခဲ့ခြင်းဖြစ်သည်။

ထိုင်းတွင် အိမ်ခြံမြေ၀ယ်ယူမှုအင်အားသည် အားကောင်းတန်သလောက် ကောင်းမည်
ဖြစ်သော်လည်း ၀ယ်လိုအားသစ်များဖြင့် ဆက်လက်ငြိမ်ချက်သားကောင်းနေမည်
ဖြစ်သည်ဟု ထိုကုမ္ပဏီက ရှင်းပြထားသည်။

အိမ်ဝယ်ယူမှုဘဏ်ချေးငွေကြွေးမြီများကမူ ဆက်လက်မြင့်တက်နေမည်ဟု ခန့်မှန်းထားသည်။ ယခင်နှစ်က ချေးငွေပယ်ချမှုများသည်
အထူးသဖြင့် ဘန်ကောက်အပြင်ဘက် စရိတ်သက်သာကွန်ဒိုများအတွက် အလွန်များပြားခဲ့သည်။

ယင်းချေးငွေပယ်ချမှုများသည် ၂၀၁၇ သို့ ဆက်လက်ကူးစက်လာနိုင်သည်။
ထိုင်း၏ GDP (ပြည်တွင်းအသားတင်ထုတ်ကုန်) သည်လည်း ယခုနှစ်တွင် အတော်အတန်မြင့်တက်လာနိုင်သဖြင့် ယင်းသည် ဘန်ကောက်ကွန်ဒိုဈေးကွက်ကို အထိနာစေမည့်
အချက်တစ်ချက်ဖြစ်သည်။

ဘန်ကောက်မြို့စွန်ဆင်ခြေဖုံးရပ်ကွက်များရှိ စရိတ်သက်သာသော ကွန်ဒိုဈေးကွက်သည်အားပျော့လာသော ဈေးကွက်အခြေအနေများကြောင့်
မြင့်မားသောအန္တရာယ်အဆင့်တွင်ဆက်လက်ရှိနေနိုင်သည်။ ဈေးကွက်တွင် ရောင်းလိုအားသည်လည်း ဆက်လက်မြင့်မား
နေဆဲ (အထူးသဖြင့် ရထားသံလမ်းနံဘေးနေရာများတွင်) ဖြစ်သည်။ ထို့ပြင် ဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ရန် စီမံကိန်းသစ်များကိုလည်း စီစဉ်နေဆဲဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိနိုင်သည့် မြေရောင်းလိုအားပံ့ပိုးမှုသည်လည်း လုံလောက်ပိုလျှံနေဆဲဖြစ်သည်။

အဓိကအားဖြင့် ဆိုရသော် ဘန်ကောက်ကွန်ဒိုဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုကို
အဆက်မပြတ်စောင့်ကြည့်ရမည်ဖြစ်ကြောင်း Knight Frank က အဆုံးသတ်ထုတ်ပြန်ခဲ့သည်။

ယင်းအချက်အားလုံးက ဘန်ကောက်ကွန်ဒိုဈေးကွက်ဖွံ့ဖြိုးမှုကို ဟန့်တားစေ
နိုင်သောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဂရုစိုက်ကြရန် ကုမ္ပဏီက သတိပေးထားသေးသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service