ဒူဘိုင်း၌ ၂၀၁၆ တွင် နေအိမ်ပေါင်း ၁၄၆၀၀စံချိန်တင် ဈေးကွက်ဝင်ခဲ့ပြီး ၂၀၁၇ တွင်လည်းဆက်လက်ဝင်ရောက်မည် ဖြစ်၍ အိမ်ခြံမြေငှားရမ်းခကျဆင်းမည် - Property News in Myanmar from iMyanmarHouse.com
1170 Views

ဒူဘိုင်း၌ ၂၀၁၆ တွင် နေအိမ်ပေါင်း ၁၄၆၀၀စံချိန်တင် ဈေးကွက်ဝင်ခဲ့ပြီး ၂၀၁၇ တွင်လည်းဆက်လက်ဝင်ရောက်မည် ဖြစ်၍ အိမ်ခြံမြေငှားရမ်းခကျဆင်းမည်

ဒူဘိုင်းတွင် ၂၀၁၆ အတွင်း နေအိမ်ခန်းသစ်ပေါင်း ၁၄၆၀၀ စံချိန်တင် ဈေးကွက်ဝင်ခဲ့ပြီး ၂၀၁၇ အတွင်းတွင်လည်း နေအိမ်ခန်းသစ်ပေါင်း ၁၁၀၀၀ မှ ၁၅၀၀၀ အထိ ဆက်လက်ဝင်ရောက်မည်ဖြစ်ခြင်းကြောင့် အိမ်ခြံမြေငှားရမ်းခ ကျဆင်းမည်ဖြစ်ကြောင်း နိုင်ငံတကာ အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ JLL က ထုတ်ပြန်သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

JLL ၏ ၂၀၁၆ အိမ်ခြံမြေသုံးသပ်ချက် အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ်အတွင်း ဒူဘိုင်း၌ နေအိမ်သစ်ပေါင်း ၃၁၀၀၀ ခန့် အရောင်းဈေးကွက်ဝင်လာမည်ဟု ခန့်မှန်းခဲ့သော်လည်း ၁၄၆၀၀ သာ အရောင်းဈေးကွက်ရောက်ခဲ့သည်။

“နေအိမ် ၃၁၀၀၀ အရောင်းဈေးကွက်ရောက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် တကယ်အပြီးသတ်ပြီး ဈေးကွက်ရောက်တဲ့ ပမာဏက ခန့်မှန်းချက်ရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကြားပဲရှိခဲ့ပါတယ်။ ဒီနှစ်အတွက်တော့ စုစုပေါင်း ၁၁၀၀၀ ကနေ ၁၅၀၀၀ ကြား ဈေးကွက်ရောက်မယ်လို့ ခန့်မှန်းပါတယ်” ဟု JLL ၏ သုတေသန အကြီးအကဲ ခရစ်ပလန့်က ပြောကြားသည်။

သို့ရာတွင် ၂၀၁၆ နှစ်စပိုင်း၌ နေအိမ်ခန်းသစ်ပေါင်း ၂၆၀၀၀ ကျော် ဆောက်လုပ်ရန် ရည်မှန်းခဲ့ပြီး ၁၄၀၀၀ ကျော် အပြီးသတ်ခဲ့ခြင်းမှာ ရှေးယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုနီးစပ်သည့် အပြီးသတ်မှုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း အေကိုယာစီမံကိန်းမှ နေအိမ်ခန်းပေါင်း ၃၃၀၀၊ ဒူဘိုင်းမရီနာမှ ၂၈၀၀ ၊ ဒူဘိုင်းအားကစားမြို့တော်မှ ၂၅၀၀၊ ဒူဘိုင်းဆီလီကွန်အိုအေစစ်မှ ၁၈၀၀ ၊ မေဒန်မှ ၁၈၀၀ နှင့် ဒူဘိုင်းဆောက်သ်မှ ၅၅၀ ဈေးကွက်ဝင်လာမည်ဟု ခန့်မှန်းထားသည်။

နေအိမ်ခန်းရောင်းလိုအားမြင့်တက်မှုများကြောင့် ၂၀၁၇ အတွင်း
အိပ်ခန်း ၂ ခန်းပါ လူနေခန်းများ ငှားရမ်းခ ကျဆင်းလိမ့်မည်ဟုလည်း ဟောကိန်းထုတ်သည်။
၂၀၁၆ ခုနှစ်အတွင်း ဒူဘိုင်းဆင်ခြေဖုံးဒေသများတွင် နေအိမ်ငှားရမ်းခများ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service