တန်ဖိုးနည်းအိမ်ယာအခန်း၃၀၀၀ကျော် ဧပြီလတွင်ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
2773 Views

တန်ဖိုးနည်းအိမ်ယာအခန်း၃၀၀၀ကျော် ဧပြီလတွင်ရောင်းမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်းအပိုင်း (၂)၊(၃)နှင့် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာများမှ အခန်းပေါင်း သုံးထောင်ကျော်ကို ဧပြီလတွင် ရောင်းချသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ယုဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်းအပိုင်း (၃) မှာ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်ရှိ မြေဧက ၂ဝ တွင် တည်ဆောက်သွားမည်ဖြစ်၍ အကျယ်ပေ (၂ဝx၂ဝ) အခန်းပေါင်း (မြေညီ ခန်းမပါ) ၁ဝ၄ဝ ခန်း၊ အကျယ်ပေ(၂ဝx၂ဝ) (မြေညီခန်းအပါ) အခန်းပေါင်း ၂၁၆ ခန်း၊ အကျယ်(၁၆ x၂၄) ပေ အခန်းပေါင်း ၉ဝဝ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁) မှာ လှိုင်သာယာမြို့နယ်ရှိ မြေ ၉.၅ ဧကပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ကာ ပေ (၁၈x၁၈) အကျယ် အဝန်းရှိ အခန်း ၁၂၆ဝ ခန်းပါဝင်သည်။

ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ငွေကျပ် သိန်း ၁၂ဝ ခန့်ရှိပြီး အကျယ်အဝန်း၊ အထပ် အနိမ့်၊ အမြင့်ပေါ်မူတည်၍ ဈေးနှုန်း ကွာခြား နိုင်မည်ဖြစ်ကြောင်း၊ ခြောက်ခန်းတွဲ လေးထပ်နှင့် ရှစ်ခန်းတွဲလေးထပ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း မြို့ပြနှင့်
အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ယုဇနအိမ်ရာ အပိုင်း(၁)နှင့် အပိုင်း(၂) စီမံကိန်း တစ်ဝက်ကို ၂ဝ၁၆ ခုနှစ်အတွင်းက ပထမ အကြိမ် ဘဏ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်ရှိသည့် ယုဇနအိမ်ရာအပိုင်း (၂)မှ တစ်ဝက်နှင့် အပိုင်း(၃)တို့ကို ကျန်စစ် မင်းအိမ်ရာနှင့်အတူ ဧပြီလတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Credit: Xinhua

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service