ကန်ဒေါ်လာဈေး ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1306 Views

ကန်ဒေါ်လာဈေး ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်

ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် ရက်ပိုင်းအတွင်း ပြန်လည် မြင့်တက်လာပြီး ဇန်န၀ါရီ ၁၀ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၆၇ကျပ်အထိ ဈေးမြင့်တက်လာ ကြောင်း သတင်းရရှိသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုးသည် ဇန်န၀ါရီလဆန်းရက်များက တစ်ဒေါ်လာ လျှင် ၁,၃၄၀ကျပ်ကျော်အထိ ကျဆင်းခဲ့ပြီး ၁၀ရက်အတွင်း တစ်ဒေါ်လာလျှင် ၂၀ကျပ်ကျော ပြန်လည် မြင့်တက်လာသည်ဟု ပြင်ပငွေ လဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြင်ပ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာသော်လည်း ပုဂ္ဂလိ ကဘဏ်များက ပြင်ပဈေးထက် လျှော့ချ၍ ဒေါ်လာရောင်းချပေးမှုကြောင့် ပြင်ပဈေးကွက်တွင် ၀ယ် လိုအားနည်းနေကြောင်း သိရ သည်။

ဗဟိုဘဏ်၏ တရားဝင်ရည် ညွှန်းငွေလဲနှုန်းသည် ဇန်န၀ါရီ ၁၀ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၅၀ကျပ်ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိကဘဏ်များ၏ ဒေါ်လာ ရောင်းဈေးသည် (ဗဟိုဘဏ်က ခွင့်ပြုသည့် ၀ ဒသမ ၈ရာခိုင်နှုန်း တိုးမြှင့်ပြီး) တစ်ဒေါ်လာလျှင် ၁,၃၆၁ ကျပ် သတ်မှတ်ခဲ့၍ ပြင်ပပေါက်ဈေးနှင့် ကွာခြားမှုနည်းသဖြင့် ပြင်ပငွေကြေးဈေးကွက်တွင် ၀ယ်လိုအားနည်းနေခြင်းဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ချိန်တွင် ကမ္ဘာ့ရွှေဈေးလည်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေး တက်လာသည်။

ကမ္ဘာ့ရွှေဈေးသည် ဇန်န၀ါရီ ၁၀ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၁၈၅ဒေါ် လာရှိပြီး ပြည်တွင်းရွှေဈေးက တစ်ကျပ်သားလျှင် ၈၆၂,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာ သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service