ဈေးလျှော့တဲ့ တိုက်ခန်း သေချာစူးစမ်းပြီးမှ ၀ယ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
1684 Views

ဈေးလျှော့တဲ့ တိုက်ခန်း သေချာစူးစမ်းပြီးမှ ၀ယ်ပါ

Knowledge | Posted by Aye Myat Thu

တိုက်ခန်းဈေးကွက်ထဲမှာ ပုံမှန်ဈေးနှုန်းထက် သက်သာတဲ့ဈေးနဲ့ အရည်အသွေး မပြည့်မှီတဲ့ အခန်းတွေ ရောင်းချနိုင်တာကြောင့် သေချာစိစစ်ရွေးချယ် ၀ယ်ယူသင့်တယ်လို့ သိရပါတယ်။

တချို့က တကယ်ငွေလိုလို့ ဈေးလျှော့ရောင်းတာမျိုး ရှိသလို အဆောက်အအုံ တစ်ခုမှာရှိသင့်တဲ့ အရည်အသွေး မပြည့်ဝပဲ ဆောက်ထားပြီး ဈေးလျှော့ရောင်း တာမျိုးတွေလည်းရှိပါတယ်။ အရည်အသွေး မပြည့်ဝဘူး ဆိုတာက ဆောက်လုပ်ရေးပိုင်းမှာ သုံးစွဲတဲ့ ပစ္စည်းတွေ၊ ရှိသင့်တဲ့ အတိုင်းအတာထက် လျှော့ပြီး ဆောက်တာမျိုးတွေ၊ မီးကြိုးကအစ အရည်အသွေး မပြည့်မှီတာတွေ အသုံးပြုပြီး ဆောက်လုပ်ကြတာမျိုးတွေ ရှိတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို့နဲ့ အကျိုးဆောင် တချို့ဆီက သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်က "အခုက ဈေးသက်သာတာ တစ်ခုတည်းကို မကြည့်သင့်ဘူး၊ အရည်အသွေးကောင်းတဲ့ တိုက်က ဈေးကြီးကောင်းကြီးလမ့်မယ်၊ ဒါပေမယ့် အရည်အသွေး မပြည်ဝဘဲ အန္တာရာယ် များတဲ့ဟာထက် ပိုစိတ်ချရပါတယ်။ အရည်အသွေးမီတဲ့ အဆောက်အအုံ အခန်းတွေကို ဘယ်ပိုင်ရှင်ကမှ ဈေးလျှော့မရောင်းပါဘူး"လို့ ပြောပါတယ်။

အရည်အသွေးမပြည့်မီတဲ့ အမျိုးအစားတွေဆိုတာ ဆောက်လုပ်ပြီးသား အခန်းက သဲတွေများတာမျိုး၊ အခန်းပေ အကျယ်မပြည့်တာ၊ နောက်ဖေးလှေကား၊ အတက်အဆင်း လှေကားတွေက အစ ခိုကပ်ထားတာ မျိုးတွေပါ။ လူနေထိုင်ခွင့်မကျသေးတာ၊ စာရွက်စာတမ်း အရှုပ်အရှင်း မကင်းတာတွေလည်း ရှိတတ်တာကြောင့် ဈေးသက်သာတိုင်း အရမ်းမ၀ယ်ဘဲ စုံစမ်းပြီးမှသာ ၀ယ်ယူသင့်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မာက "သဘာဝဘေး အန္တာရာယ်အတွက်ဆို လုံးဝ လုံခြုံမှုမရှိတဲ့ အမျိုးအစားတွေရှိတယ်၊ အကောင်းဆုံးကတော့ တိုက်ရဲ့ အရည်အသွေးကို အာမခံပေးထားတဲ့ အခန်းကို ၀ယ်နေတာ အကောင်းဆုံးပဲ"လို့ ရှင်းပြပါတယ်။

နားလည်တဲ့ ၀ယ်သူတွေကျတော့လည်း တိုက်ရဲ့ အရည်အသွေးကို အဓိကကြည့်ပြီး သိန်း ၃၀၊ ၄၀ ကွာတာလည်း ပေးဝယ်ပြီး နေကြတာမျိုးတွေရှိတယ် လို့ သိရပါတယ်။ တကယ်တော့ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး တိတိကျကျ ပြဌာန်ထားတဲ့ ဥပဒေမျိုး ရှိသင့်တာပါ။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service