ရွှေဈေးအနည်းငယ် တက်နေပြီး အ၀ယ်ပြန်လိုက်လာ - Property News in Myanmar from iMyanmarHouse.com
2497 Views

ရွှေဈေးအနည်းငယ် တက်နေပြီး အ၀ယ်ပြန်လိုက်လာ

ပြည်တွင်းရွှေဈေးကွက် တွင် ဈေးအနည်းငယ်တက်လာပြီး နောက် လက်လီဆိုင်များ၌ အ ၀ယ်ပြန်လိုက်လာကြောင်း ပြည် တွင်းရွှေဈေးကွက်မှ သတင်းရရှိ သည်။

ပြည်တွင်းငွေလဲနှုန်းတွင် အ မေရိကန်ဒေါ်လာဈေး ပြန်လည် ကျဆင်းလာသော်လည်း ကမ္ဘာ့ ရွှေဈေး ပြန်တက်လာခြင်းကြောင့် ယခုကဲ့သို့ ရွှေဈေး တည်ငြိမ်နေ ခြင်းဖြစ်သည်ဟု အောင်သမာဓိ ရွှေဆိုင်အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။

‘‘ပြင်ပပေါက်ဈေးမှာ ဒေါ် လာဈေးကျပေမယ့် ကမ္ဘာ့ရွှေဈေး ကလည်း တက်လာတယ်။ အ တက်နဲ့အကျ နှစ်ခုကြောင့် ဒီနှုန်း နဲ့ ဈေးငြိမ်နေတာပါ။ ဒါတောင် ဒီနေ့ လောလောဆယ် နည်းနည်း တက်လာသေးတယ်’’ဟု ဦးမော် က ပြောသည်။

ဇန်န၀ါရီ ၉ ရက်တွင် ပြည် တွင်းအခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၈၅၅,၅၀၀ ခန့် ပေါက် ဈေးရှိပြီး ဇန်န၀ါရီ ၁ ရက်၌ ၈၄၂,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ သည်။ ယခု တစ်ပတ်အတွင်း အ ခေါက်ရွှေဈေး အပြောင်းအလဲ သည် ကျပ် ၁၃,၅၀၀ အောက်ရှိ သည်။

ဇန်န၀ါရီ ၉ ရက်တွင် ပြင်ပ ပေါက်ဈေး၌ အမေရိကန် တစ် ဒေါ်လာလျှင် ၁,၃၅၀ ကျပ် ပေါက် ဈေးရှိပြီး ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန် ၁,၁၇၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။

ယခုအချိန်သည် တောင်သူ လယ်သမားများ ကောက်ပဲသီးနှံ ထွက်သည့် အချိန်ဖြစ်ပြီး ရွှေ ရောင်းကောင်းသည့် ကာလဖြစ် ကြောင်းနှင့် လက်ရှိတွင် နယ်မြို့ များ၌ ရွှေအရောင်းအ၀ယ် ပိုမို များပြားလာကြောင်း ရွှေလုပ်ငန်း ရှင် ကိုမင်းမင်းအောင်က ပြော သည်။

‘‘လက်ဝတ်ရတနာ ၀ယ်စု ကြတာများတယ်။ အခုလို ဈေး ငြိမ်လာရင် အရောင်းအ၀ယ်ဖြစ် ပါတယ်။ အတက်ဈေးလည်း အ တက်ဈေး၊ အကျဈေးလည်း အ ကျဈေးပေါ့။ အရောင်းအ၀ယ်ဖြစ် ပါတယ်။ ဈေးမငြိမ်ဘဲ တစ်ရှိန်ထိုး တက်တာ၊ ကျတာဆို မ၀ယ်ကြ ဘူး’’ဟု ကိုမင်းမင်းအောင်ကပြောကြားသည်။

လက်ရှိတွင် လက်ဝတ် ရတနာ အ၀ယ်လိုက်နေသော် လည်း ရွှေအတုံးလိုက် အရောင်း အ၀ယ်လုပ်သည့် ရွှေဈေးကွက် တွင် ပုံမှန်သာရှိနေသည်ဟု ဦးမော်က ပြောသည်။

၂၀၁၆ ဒီဇင်ဘာတွင် ရွှေ ဈေး ဆက်တိုက်ကျဆင်းမှုကြောင့် ရွှေဈေးကွက်၌ ရောင်းလိုအားများ ပြီး ၀ယ်လိုအားနည်းခဲ့သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်း မြင့်က ပြောသည်။

ပြည်တွင်း ရွှေဈေးသည် ၂၀၁၆ အတွင်း အမြင့်ဆုံးဈေးဖြင့် စံချိန်တင်ခဲ့ပြီး အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၉၀၀,၀၀၀ ကျော် ပေါက်ဈေးရှိကာ ဒီဇင်ဘာ ၂၈ ရက်က ၈၄၂,၀၀၀ ကျပ် ဈေး ရှိခဲ့သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service