FORTUNE PLAZA ၌ အလုပ်အကိုင်တစ်ထောင်ကျော် ရရှိမည် - Property News in Myanmar from iMyanmarHouse.com
3106 Views

FORTUNE PLAZA ၌ အလုပ်အကိုင်တစ်ထောင်ကျော် ရရှိမည်

ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် မင်းနန္ဒာလမ်းနှင့် သုမနလမ်း ထောင့်၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် FORTUNE PLAZAတည်ဆောက်ပြီးစီး သွားပါက အနည်းဆုံး အလုပ်အကိုင် နေရာပေါင်း တစ်ထောင်ကျော် ခန့်ထား ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဒီပလာဇာကြီး အကောင်အထည်ဖော် တည်ဆောက် နိုင်မှုဟာ ဒေသခံပြည်သူတွေအတွက် တော့ အခွင့်အလမ်းကောင်းတွေ ဖြစ်လာ မှာဖြစ်ပါတယ်။ ဒီပလာဇာကြီး ပေါ်ပေါက် လာတဲ့အတွက် ပတ်ဝန်းကျင်ရပ်ကွက် တွေလည်း လူနေမှုအဆင့်အတန်း မြင့်မားလာမှာ ဖြစ်ပါတယ်” ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ FORTUNE PLAZAကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေရပ်ဝန်းဆောက်လုပ် ရေးကုမ္ပဏီတို့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ တည်ဆောက်လျက်ရှိ ကြောင်း၊ ယခုအခါ စီမံကိန်း၏ ပထမ အဆင့်မှာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ် ကြောင်း၊ ဧပြီလတွင် ဖွင့်လှစ်သွားရန် မျှော်မှန်းထားကြောင်း၊ အကျယ်အဝန်း အားဖြင့် ၁၆ ဧကရှိကြောင်း သိရသည်။

ယင်းပလာဇာကြီးကို ထိုင်ဝမ်နှင့် စင်ကာပူဒီဇိုင်းနည်းပညာများ အသုံးပြု တည်ဆောက်ထားကြောင်း၊ ပလာဇာ အပြင် လူနေဆိုင်ခန်းပေါင်း ၁၃၂ ခန်း ပါဝင်မည်ဖြစ်ကြောင်း၊ ပထမအဆင့် အနေဖြင့် အခန်း ၆၅ ခန်းမှာ တည်ဆောက်ပြီးစီးလုနီးပါး ဖြစ်နေကြောင်း၊ အဆောက်အအုံများမှာ သုံးထပ်ခွဲ အဆောက်အအုံများဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် တည်ဆောက်မှုအားလုံး ပြီးစီးမည်ဖြစ်ကြောင်း FORTUNE PLAZA မှ CEO မိုက်ကယ်ချန်းက ရှင်းပြသည်။

ယင်းပလာဇာကြီး တည်ဆောက် ပြီးစီးသွားပါက အလုပ်အကိုင်အခွင့် အလမ်းများစွာ ပေါ်ထွက်လာမည်ဖြစ် သည့်အပြင် အနီးပတ်ဝန်းကျင်ရပ်ကွက် များလည်း ဖွံ့ ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်ကြောင်း သိရသည်။ ယင်းနေရာသည် ယခင်ရေကန်ပျက်ကြီးဖြစ်ခဲ့ပြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမှိုက်များဖို့ခဲ့ကြောင်း၊ ယင်းနောက် စည်ပင်ဝန်ထမ်းတဲအိမ်များ ဆောက်လုပ် ခဲ့ကြောင်း၊ စည်ပင်ဝန်ထမ်းတဲအိမ်များကို တစ်ဖန်ရွှေ့ပြောင်းခဲ့ပြီး ကွက်လပ် အဖြစ် ကြာမြင့်စွာထားရှိရာမှ စည်ပင်နှင့် အကျိုးတူ PLAZA အဖြစ် ပြောင်းလဲ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service