ကားပါကင်ပါသော အထပ်မြင့်များသာ ဆောက်လုပ်ခွင့်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1656 Views

ကားပါကင်ပါသော အထပ်မြင့်များသာ ဆောက်လုပ်ခွင့်ပေးမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုသည့် ဆောက်လုပ်ခွင့် ပါမစ်များကို ရယူရာတွင် ယာဉ်ရပ်နားရန်နေရာ ကားပါကင်ပါသည့် အထပ်မြင့် အဆောက်အအုံများကိုသာ အဆိုပါ ပါမစ်ကို ချပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် လျှောက်ထားပါက လုံလောက်သည့် ယာဉ် ရပ်နားရန် နေရာအကျယ်အ၀န်း ရှိမှသာ ဆောက်လုပ်ခွင့် ပါမစ် ချပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

“အရင်က လျှောက်ထားခဲ့တဲ့ ဆောက်လုပ်ခွင့် ပါမစ်တွေကတော့ ချထားပေးပြီးသား ဆိုတော့ ရပါတယ်။ ဒီနှစ်ထဲမှာ လျှောက်လာတဲ့ အထပ်မြင့် အဆောက်အအုံတွေက သတ်မှတ်ထားတဲ့ ကားပါကင် နေရာပါမှသာ ခွင့်ပြုတော့ပါမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် ချပေးထားသည့် အထပ်မြင့် အဆောက်အအုံများမှာ ပုံမှန်အတိုင်း တည်ဆောက်ခွင့်ရမည် ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်အတွင်း လျှောက်ထားသည့် အထပ်မြင့် အဆောက်အအုံများမှာ ကားပါကင် သီးသန့်နေရာ မပါရှိပါက ဆောက်လုပ်မှု ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့် အထပ်မြင့် အဆောက်အအုံများမှာ ယာဉ်ရပ်နားရန် သီးသန့်နေရာ မရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ယခုကဲ့သို့ သီးသန့်နေရာ ထားရှိရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“အခုလက်ရှိ ၈ ခွဲအထက် အထပ်မြင့်အဆောက်အအုံ အချို့က ပါကင်နေရာ မပါဘဲ ဆောက်တာတွေ ရှိတယ်။ အထပ်မြင့် ဆိုရင်တော့ လူဦးရေများတော့ ပါကင်ရှိမှ အဆင်ပြေတယ်။ မူဝါဒတွေ ပြောင်းလဲလိုက်ပေမယ့် အစိုးရအနေနဲ့ မြို့ထဲမှာ နေရာလေးတွေ သတ်မှတ်ပြီး ကားပါကင်ထားဖို့ လုပ်ပေးဖို့ လိုပါတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက ဆိုသည်။

တရားဝင် အဆောက်အအုံများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလထိ အထပ်မြင့် ၃ ထပ်မှ ၈ ထပ်ခွဲထိ စုစုပေါင်း အလုံး ၃၀၀ ကျော်နှင့် ၈ ထပ်ခွဲနှင့်အထက် အထပ်မြင့်အဆောက်အအုံ ၁၀၀ ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။


Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service