ကျူးကျော်ဟု လိမ်လည်စာရင်းပေးသူများကို စိစစ်အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
980 Views

ကျူးကျော်ဟု လိမ်လည်စာရင်းပေးသူများကို စိစစ်အရေးယူမည်

ကျူးကျော်နေထိုင်သူ များစာရင်းအားလုံးကောက်ယူပြီး ပါက အခွင့်အရေးပေးမည့် ကျူး ကျော်များနှင့် အရေးယူရမည့် ကျူးကျော်များဟူ၍ အမျိုးအစားနှစ်ခု ခွဲခြားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူခြင်း ရှေ့ပြေးစီမံချက်အဖြစ် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၃ ခုတွင် ဆောင်ရွက်လျက်ရှိရာ ယင်းစီမံချက်ပြီးစီးပါက ကောက်ယူထားသည့် အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိကို စစ်ဆေးမည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အထက်ပါ အမျိုးအ စားနှစ်ခု ခွဲခြားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကိုက ပြောသည်။

‘‘မှန်ကန်မှုရှိ၊ မရှိကို ပြန်စိစစ်မယ့် အဖွဲ့တစ်ဖွဲ့ဖွဲ့မယ်။ Third Party(တတိယအဖွဲ့အစည်း) တစ်ခုပါမယ်။ NGO လည်း ဖြစ် ချင်ဖြစ်မယ်။ နိုင်ငံရေးပါတီလည်း ဖြစ်ချင်ဖြစ်မယ်’’ဟု ၎င်းက ဆို သည်။

အမှန်တကယ်နေစရာမရှိ၍ အလုပ်လုပ်ချင်စိတ်ရှိသည့် ကျူး ကျော်များကို အခွင့်အရေးပေး မည့် ကျူးကျော်များအဖြစ် သတ် မှတ်၍ ၎င်းတို့သည် နေစရာနှင့်အ လုပ်အကိုင်များရရှိနိုင်ကြောင်း နှင့် စီးပွားဖြစ်ကျူးကျော်(သို့မ ဟုတ်)လိမ်လည်သူများကို သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူ သွားမည်ဟု ဦးထွန်းနိုင်ကိုက ရှင်းပြသည်။

ရှေ့ပြေးစီမံချက်အဖြစ် မြို့နယ် ၁၃ ခုထဲမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စာရင်းကောက် ယူပြီးစီးနေပြီး လက်ရှိ၌ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ကောက်ယူနေကြောင်းနှင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)၊ မြောက်ဥက္ကလာပ၊ သာကေတ၊ မရမ်းကုန်း၊ အလုံ၊ ကျောက်တန်း၊ သန်လျင်၊ ဒလမြို့နယ်များ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း၏ညွှန်ကြား ချက်အတိုင်း ဆက်လက် လုပ် ဆောင်မည်ဟု ဆိုသည်။ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်တွင် အခြေခံကျူးကျော်စာ ရင်းကောက်ယူရာ၌ အမှန်တကယ်နေထိုင်စရာမရှိသည့် ကျူးကျော်များသာမက အိမ်ငှားစားသည့် အိမ်ရှင်များကိုလည်း စလစ်ထုတ်ပေးမှုများ ဖြစ်ပေါ်၍ ခန့်မှန်းထားသည့် ကျူးကျော်စာရင်းထက် ပိုမိုများပြားနေကြောင်း ယင်းမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြူဖြူခိုင်က ပြောသည်။

‘‘အိမ်ရှင်တွေကို စလစ်တွေ ပေးထားမိတာရှိတယ်။ ဆင်းရဲ ချမ်းသာမရွေး ပေးရမယ်ဆိုပြီး မကျေမနပ်ဖြစ်တာတွေရှိတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ ပေါ်လစီက အမှန်တကယ်နေစရာမရှိတဲ့သူ တွေပဲ စာရင်းသွင်းခိုင်းပြီး သက်သေခံ ကတ်ပြား ထုတ်ပေးနေတာ ။ လောလောဆယ်တော့ မူလစာရင်းထက် ဖောင်းပွလာတဲ့ သဘောရှိတယ်။ ပြဿ နာတွေကတော့ အများကြီးပဲ’’ဟု ၎င်းက ဆိုသည်။

အဆိုပါမြို့နယ်တွင် ကျူး ကျော်အိမ်ခြေ တစ်သောင်းခြောက် ထောင်ကျော်ရှိသည်ဟု ခန့်မှန်း ထားပြီး လက်ရှိတွင် တစ်သောင်း ကျော်ပြီးစီးနေပြီဖြစ်ကာ လာမည့် ငါးရက်အတွင်း ပြီးစီးနိုင်ဖွယ်ရှိ ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ကိုက ပြောသည်။

ယင်းမြို့နယ်အတွင်း ကျူး ကျော်စာရင်းကောက်ယူခြင်းကို အဖွဲ့သုံးဖွဲ့ခွဲ၍ ဆောင်ရွက်နေ သည်။ ဦးဖြိုးမင်းသိန်းက ကျူး ကျော်စာရင်းပေးသွင်းရုံဖြင့် နေ ထိုင်စရာရရှိမည်မဟုတ်ဘဲ အ လုပ်လုပ်ကိုင်ရန်လိုကြောင်းနှင့် အလုပ်ရှိလျှင် အစိုးရက နေထိုင်စရာ စီမံပေးနိုင်ကြောင်း သတိပေးပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် ကျူးကျော်နေထိုင် သူများအတွက် တန်ဖိုးနည်းတိုက် ခန်း ၁၀,၀၀၀ ကျော် စီစဉ်လျက်ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားခဲ့သည်။

ဆက်လက်၍ နယ်လုံဝန်ကြီး က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် အစစ်အမှန်ကျူး ကျော်သူများအား နောက်ပိုင်းတွင်နေရာချထားပေးချိန်၌ ဦးစားပေး အဖြစ် စဉ်းစားမည်ဖြစ်ကြောင်း နှင့် စီးပွားဖြစ် ကျူးကျော်များကို ဥပဒေအတိုင်း အရေးယူဆောင် ရွက်မည်ဟု ပြောကြားထားသည်။

ကျူးကျော်နေထိုင်သူ ခန့် မှန်းစာရင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ခရိုင်လေးခု၌ ကျူးကျော်အိမ်ခြေ တစ်သိန်းတစ်သောင်းငါးထောင်ကျော်၊ အိမ်ထောင်စု တစ်သိန်းခြောက်သောင်းခုနစ်ထောင်ကျော်နှင့် လူဦးရေ လေးသိန်းသုံးသောင်းကျော်ရှိနေကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service