မကွေးကန်ရွာလေးရွာအတွက် အစားထိုးမြေ ပြန်လည်ရရှိ - Property News in Myanmar from iMyanmarHouse.com
947 Views

မကွေးကန်ရွာလေးရွာအတွက် အစားထိုးမြေ ပြန်လည်ရရှိ

စစ်မှုထမ်းဟောင်း အိမ်ရာအတွက် သိမ်းဆည်းခံခဲ့ရသည့် မကွေးမြို့နယ် ကန်ရွာလေး ကျေးရွာရှိ လယ်ယာမြေများတွင် ရွာသင်္ချိုင်းမြေ ပါဝင်သဖြင့် မကွေးတိုင်းအစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ် တို့က ဇန်နဝါရီ ၅ ရက်၌ သင်္ချိုင်းမြေ အစားထိုး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကန်ရွာလေး ကျေးရွာသည် ၂၀၁၁ တွင် လမ်းဖောက်လုပ်မှု ကြောင့် သင်္ချိုင်းမြေနေရာ ပြောင်း ရွှေ့ခဲ့ပြီး ၂၀၁၅ တွင် စစ်မှုထမ်းဟောင်း အိမ်ရာအတွက် လယ် ယာမြေများ သိမ်းဆည်းခံခဲ့ရရာ ပြောင်းရွှေ့ထားသည့် သင်္ချိုင်းမြေ ထပ်မံပါရှိသွားသဖြင့် သင်္ချိုင်းမရှိ ဘဲ နေခဲ့ရသည်ဟု ဒေသခံ တောင်သူများက ပြောသည်။

ကန်ရွာလေး ကျေးရွာ၏ မြောက်ဘက် ပေ ၂,၅၀၀ ကျော် အကွာတွင် သင်္ချိုင်းမြေနေရာသစ် သတ်မှတ်ခဲ့သကဲ့သို့ ယင်းမြေနေရာအတွက် လိုအပ်သည့် ကျပ် ၆၅ သိန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

‘‘သင်္ချိုင်းမရှိလို့ ကျွန်တော်တို့ရွာက လူတွေ မသေရဲလောက် အောင် ဖြစ်ခဲ့ရ၊ စိတ်ပူပန်ခဲ့ရ တယ်။ သင်္ချိုင်းမရှိတာက တော် တော် ဒုက္ခရောက်တယ်။အလောင်းကို ဘယ်နေရာသွားထားရမှန်း မသိတော့ဘူး။ ကိုယ့်သင်္ချိုင်းမဟုတ်ရင် ဘယ်ကမှ လက်မခံဘူး။ အတော်ဒုက္ခရောက်တာပါ။ အခုတော့ အစိုးရက သင်္ချိုင်းမြေ အတည်ဖြစ်ဖို့ ပုံစံ ၁၀၅ ရရှိရေးအတွက်ပါ ဆောင်ရွက်ပေးခဲ့လို့ ထပ်ပြီး အသိမ်းခံရမှာ မစိုးရိမ်ရတော့ဘူးပေါ့’’ဟု ဒေသခံတောင်သူဦးအောင်နိုင်က ဆိုသည်။

ယခင်က သိမ်းဆည်ရာတွင် သင်္ချိုင်းမြေဖြစ်သဖြင့် မသိမ်းဆည်းရန် တင်ပြခဲ့သော်လည်း မြေစာရင်းက သင်္ချိုင်းမြေ မရှိဟု ငြင်းပယ်ခဲ့ကြောင်း၊ ယခု ကျေးရွာက လျှောက်ထား၍ ပုံစံ ၁၀၅ ရရှိရန် ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားပေးခဲ့ကြောင်း သိရသည်။

‘‘ကျွန်တော်တို့ မဲပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း ကျေးဇူးတင်ပါတယ်။ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က သင်္ချိုင်းမြေမရှိ တာနဲ့ပတ်သက်ပြီး လွှတ်တော်ကို တင်ပြမှုတွေ လုပ်ခဲ့တာကလည်း ကျွန်တော်တို့ အခုလိုရဖို့အတွက် တွန်းအားပါ’’ဟု ဦးအောင်နိုင်က ပြောသည်။

မကွေးမြို့နယ်ရှိ ကျေးရွာ အများစု၏ သင်္ချိုင်းမြေများမှာ မြေစာရင်းက အတည်ပြုသတ် မှတ်ထားသည့် ပုံစံ ၁၀၅ မရှိကြ ဘဲ ဘိုးဘွားအစဉ်အဆက် သတ်မှတ်ပေးခဲ့သည့် သင်္ချိုင်းမြေ နေရာကိုသာ အသုံးပြုကြသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service