ပြည်တွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ဗဟိုဘဏ် ထပ်မံ ညွှန်ကြား - Property News in Myanmar from iMyanmarHouse.com
1516 Views

ပြည်တွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ဗဟိုဘဏ် ထပ်မံ ညွှန်ကြား

ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထပ်မံ ညွှန်ကြားထားကြောင်း သိရသည်။

ထိုကိစ္စအား ယခင်က ထုတ်ပြန်ခဲ့သော်လည်း လိုက်ပါ ဆောင်ရွက်မှု အားနည်းခဲ့ခြင်းများ ရှိကြောင်း ၊ ပြည်တွင်း၌ ဒေါ်လာ လိုအပ်ချက် မြင့်မားပြီး ဒေါ်လာဈေး မတည်ငြိမ်မှုများကို ဖြေရှင်းရန် နည်းလမ်း တစ်ရပ် အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ကုန်တင်သွင်းမှု လုပ်သူများ အပါအ၀င် ဘဏ်မှ တဆင့် ကျပ်ငွေ သွင်းပြီး ဆောင်ရွက် နိုင်သည် အထိ တွင်ကျယ်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က ယနေ့ ဇန်န၀ါရီ ၃ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

ယခု ညွှန်ကြားချက် အရ ပြည်တွင်းရှိ လေကြောင်းလိုင်း ၊ ဟိုတယ် ၊ ကျောင်း စသည်တို့ တွင် ဒေါ်လာ အစား ကျပ်ငွေ အသုံးပြုပြီး ငွေပေးချေရမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် အဆင့်ဆင့် ညွှန်ကြား အရေးယူ ဆောင်ရွက်များ လုပ်ရန် အသိပေးထားကြောင်း ၊ ပူးပေါင်းပါဝင်မှု မရှိသော လုပ်ငန်းများအား နိုင်ငံတကာ ကဲ့သို့ ငွေဒဏ် ၊ ထောင်ဒဏ် ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းမှု စသည့် အဆင့်ဆင့် အရေးယူမှုများ ပြုလုပ်သွားမည့် ကြေငြာချက်အား ထပ်မံ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ကိစ္စအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်စွဲဖြင့် ပေးပို့ အကြောင်းကြားခြင်း ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များ အနေဖြင့် မိမိ လက်အောက်ခံ အဖွဲ့ အစည်းများ ၊ ဆက်စပ် ဆောင်ရွက်လျက်ရှိသော အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းများ ၊ အဖွဲ့ အစည်းများ အတွင်း ကုန်ပစ္စည်းများ ၀ယ်ယူ ရောင်းချခြင်းနှင့် ၀န်ဆောင်မှု ဆောင်ရွက်ခြင်းများ အတွက် ပေးချေခြင်း ၊ ဈေးနှုန်း ဖော်ပြခြင်း ကိစ္စရပ်များတွင် နိုင်ငံခြား သုံးငွေဖြင့် သတ်မှတ်ခြင်း ၊ တောင်းခံ/သုံးစွဲခြင်း မပြုဘဲ ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်သွားရန် ထပ်မံ ညှိနှိုင်း အကြောင်းကြားထားကြောင်း သိရသည်။

Credit: Xinhua

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service