ပြည်တွင်း၌ နိုင်ငံခြားငွေ အသုံးလျှော့ချရန် ဗဟိုဘဏ်စာထုတ် - Property News in Myanmar from iMyanmarHouse.com
978 Views

ပြည်တွင်း၌ နိုင်ငံခြားငွေ အသုံးလျှော့ချရန် ဗဟိုဘဏ်စာထုတ်

အစိုးရဌာနများနှင့် ပုဂ္ဂ လိကလုပ်ငန်းများ၊ အဖွဲ့အစည်း များက ကုန်ပစ္စည်းများ အရောင်း အ၀ယ်ပြုလုပ်ရာတွင် ငွေပေးချေ မှု၌ နိုင်ငံခြားငွေကို အသုံးပြုနေ သဖြင့် မြန်မာကျပ်ငွေတစ်မျိုး တည်းသာ အသုံးပြုရေးညှိနှိုင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထပ်မံစာထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မိမိ လက်အောက်ခံအဖွဲ့အစည်းများ နှင့် ဆက်စပ်ဆောင်ရွက်နေသော ကုန်ပစ္စည်းများဝယ်ယူရောင်းချ ခြင်း၊ ၀န်ဆောင်မှုဆောင်ရွက်ရန် ပေးချေခြင်းနှင့် ဈေးနှုန်းဖော်ပြ ခြင်းကိစ္စများ နိုင်ငံခြားသုံးငွေဖြင့် သတ်မှတ်ခြင်း၊ သုံးစွဲခြင်းများ မပြုလုပ်ရန် ၂၀၁၆ ဒီဇင်ဘာအတွင်း က ဗဟိုဘဏ်က စာထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၅ အောက်တိုဘာကလည်း ပြည်တွင်းနိုင်ငံခြားငွေတန် ဖိုးတည်ငြိမ်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ငွေ ပေးချေမှုများကို ကျပ်ငွေတစ် မျိုးတည်းကိုသာ အသုံးပြုရန် စာ ထုတ်ပြန်ထားသည်။ ဒေါ်လာနှင့် ငွေပေးချေမှုများ ဆက်တိုက်လုပ် ကိုင်နေသဖြင့် ဒေါ်လာတန်ဖိုးစံ ချိန်တင်မြင့်တက်လာသည့် ဒီဇင် ဘာအတွင်း၌လည်း ထိုကဲ့သို့ စာ တစ်စောင်ကို ဗဟိုဘဏ်က ထပ် မံထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။‘‘သူတို့က ထုတ်ထားပေ မယ့် တကယ်တမ်းတိတိကျကျ အရေးယူဆောင်ရွက်တာ မရှိ သေးဘူး။ ဟိုတယ်ဘက်ကလည်း သွားနေကျ လာနေကျပုံစံရှိနေ တော့ ဒေါ်လာယူရတဲ့ လူက လည်း ယူရတာပဲ။ ဒေါ်လာမယူ လို့မရဘူး’’ ဟု ဟိုတယ်လုပ်ငန်း ရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦး ခင်မောင်ပြုံးကပြောသည်။

မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ အသုံးများခြင်း ကြောင့် ဒေါ်လာတန်ဖိုးမတည် ငြိမ်မှုကို လျှော့ချရန် ဗဟိုဘဏ်က ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်း အရာရှိတစ်ဦးက သုံးသပ်သည်။

လက်ရှိအစိုးရသစ် လက် ထက်တွင် တစ်ဦးချင်းကားတင် သွင်းမှု မူဝါဒအပြောင်းအလဲ၊ ပြင်ပ ငွေကြေးဈေးကွက်တွင် ငွေကြေးဝင်ရောက်ကစားမှုများ ကြောင့် ဒီဇင်ဘာအတွင်း အမေ ရိကန်ဒေါ်လာတန်ဖိုးသည် ပြင်ပ ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၄၄ ကျပ်သို့ စံချိန်တင်မြင့်တက် ခဲ့သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service