အိမ်တွင်းက အနံ့ဆိုးတွေကို အလွယ်တကူဖယ်ရှားကြမယ်…. - Property Knowledge in Myanmar from iMyanmarHouse.com
6569 Views

အိမ်တွင်းက အနံ့ဆိုးတွေကို အလွယ်တကူဖယ်ရှားကြမယ်….

Knowledge | Posted by Aye Myat Thu

အနံ့ဆိုးတွေက သင့်အိမ်ရဲ့ လေထုကို ညစ်ညမ်းစေပြီး မိသားစုတွေ နေအိမ်မှာ သက်တောင့်သက်သာပျော်ရွှင်စွာ နေထိုင်နိုင်ရဖို့ကို အနှောင့်အယှက်ဖြစ်ပေါ်စေပါတယ်။ မီးဖိုချောင်၊ စားဖိုဆောင်နဲ့ ဂိုထောင် အစရှိသဖြင့်နဲ့ အိမ်တွင်းနေရာတွေက ထွက်ရှိလာတဲ့ အနံ့ဆိုးတွေက နေအိမ်တွင်းမှာ ပျံ့နှံ့ကာ အနံ့စွဲကျန်ရစ်ခဲ့ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အနံ့တွေ၊ ဆေးလိပ်၊ မီးခိုးအနံ့တွေနဲ့ တခြား အညစ်အကြေးတွေက ထွက်ရှိလာတဲ့ အနံ့အသက်ဆိုးတွေ အစရှိ သဖြင့်တွေကို ပျောက်ကင်းသွားအောင်ပြုလုပ်ဖို့နဲ့ လေကောင်းလေ သန့် ပြန်လည်ရရှိနိုင်ပြီး အခန်းတွင်းလေထုသန့်စင်အောင် ပြုလုပ် ပေးဖို့ နည်းလမ်းကလေးတွေ ဖော်ပြပေးလိုက်ပါတယ်…..

၁။ ဗီနီဂါ၊ မီးဖိုချောင်သုံး ရှာလကာရည်က အနံ့သက်ဆိုးတွေကို စုပ်ယူဖို့ အကောင်းဆုံးနဲ့ လေထုသန့်စင်မှု ပြုလုပ်ပေးနိုင်ဖို့အသင့် တော်ဆုံးပစ္စည်းဖြစ်ပါတယ်။ အိမ်တွင်းက အနံ့သက်ဆိုးတွေကို စုပ်ယူနိုင်တဲ့ သဘာဝသတ္တိရှိပြီးတော့ အညစ်အကြေးနဲ့ အခိုးအငွေ့ တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဇလုံတစ်ခုထဲကို ရှာလကာရည်နဲ့ ပန်းသီးစိမ်းဖျော်ရည်တို့ ထည့်ပြီး အခန်းတွင်းထားရှိပေးမယ် ဆိုရင် အနံ့ဆိုးတွေ ကင်းဝေးသွားစေနိုင်ပါတယ်။

၂။ မုန့်ဖုတ်ဆော်ဒါကလည်း မိသားစုတော်တော်များများ အသုံးပြု ကြတဲ့ အိမ်တွင်း အနံ့သက်ဆိုးပျောက်တဲ့ အိမ်တွင်းပစ္စည်းတစ်မျိုးပါ ပဲ။ ရေခဲသေတ္တာတွေ၊ ကြောင်အိမ်နဲ့ မီးဖိုချောင်နေရာတွေမှာ မုန့် ဖုတ်ဆော်ဒါထားရှိပေးမယ်ဆိုရင် အနံ့ဆိုးတွေနဲ့ အချိန်ကြာစွဲနေတဲ့ အနံ့တွေ၊ ဟင်းနံ့နဲ့ တခြားဆိုးရွားတဲ့ အနံ့အသက်တွေကို ပျောက် ကင်းစေနိုင်ပါတယ်။

၃။ မီးသွေးတုံး၊ ကောင်းမွန်ပြီး မီးမလောင်ကျွမ်းရသေးတဲ့ မီးသွေးတုံးအသစ် တွေက အနံ့အသက်စုပ်ယူမှုအားကောင်း ပါတယ်။ အနံ့ဆိုးတွေထွက်ရှိလာတဲ့ နေရာတွေမှာ မီးသွေးတုံး တွေကို ထားရှိပေးခြင်းအားဖြင့် အနံ့အသက်တွေကို စုပ်ယူကင်းစင် စေနိုင်ပါတယ်။ စုပ်ယူအားကောင်းမွန်တဲ့ မီးသွေးအစိုင်အခဲတုံးဆို ရင် ဒီအနံ့အသက်ဆိုးတွေကို နှစ်ရက်သုံးရက်အတွင်းနဲ့ ပျောက် ကင်းသွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service