ယခုနှစ်အတွင်းမန်းအိမ်ခြံမြေ ပြန်လည် လှုပ်ခတ်လာနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
951 Views

ယခုနှစ်အတွင်းမန်းအိမ်ခြံမြေ ပြန်လည် လှုပ်ခတ်လာနိုင်ဟုဆို

လတ်တလောမှာအကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၇ ခုနှစ် လယ်လောက်မှာတော့ ဈေးနှုန်းပြန်လည် လှုပ်ခတ်လာနိုင်တယ်လို့ မန္တလေးမြို့က ဝါရင့်အိမ်ခြံမြေအကျိုးဆောင်အချို့က သုံးသပ်ကြပါတယ် ။

ရွိုင်ရယ်ထွန်းသစ္စာအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှာဦးတင်မောင်က ‘လူဦးရေထူထပ်လာတာနဲ့အမျှ အိမ်ရာလိုအပ်ချက်များလာရင် ဈေးကတက်မှာပဲ ၊ ၂၀၁၇ မှာအိမ်ရာလိုအပ်ချက် အခုထက် ပိုမြင့်တက်လာနိုင်တယ် ၊ ဈေးနှုန်းအတက်အကျကတော့ အရင်လိုမဖောင်းပွနိုင်တော့ဘဲတက်တယ်ဆိုလဲလူတိုင်းစီးပွားရေးကောင်းတဲ့အပေါ်မှုတည်ပြီးဈေးကွက်ဖြစ်နေမယ် ၊ အရင်ကလိုဈေးကစားတဲ့ ပုံစံမျိုးနဲ့ သုံးဆလေးဆ ဖြစ်မလာနိုင်တော့ဘူး ၊ မှန်းထားတာက ၂၀၁၇ နှစ်လယ်လောက်မှာအိမ်ခြံမြေဈေးနှုန်းတွေ လှုပ်ခတ်လာနိုင်တယ်’ လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ နှစ်ကုန်အထိလေးနှစ်ကြာအိမ်ခြံမြေဈေးကျနေခဲ့တာ ဖြစ်ပါတယ် ။ ဈေးကျနေတာကလေးနှစ်လောက်ကြာရင် အိမ်ခြံမြေဈေးကွက် ပြန်ဖြစ်လာတတ်ကာငါးနှစ်မြောက် ၂၀၁၇ မှာဈေးနှုန်းတွေ တက်လာဖို့တော့ အလားအလာရှိတယ်လို့ ဆိုပါတယ် ။

မန္တလေးအိမ်ခြံမြေဈေးကွက်က ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် နှစ်ကုန်ခါနီးအထိအရောင်းအဝယ်အေးနေခဲ့တာ ဖြစ်ပါတယ် ။
အိမ်ခြံမြေဈေးနှုန်းတွေဟာပျမ်းမျှအားဖြင့် ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ် ။

၂၀၁၇ မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အခုထက်ပိုဝင်ရောက်လာနိုင်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကြောင့် အိမ်ခြံမြေဝယ်လိုအားမြင့်လာရင် ဈေးတက်လာမှာပဲလို့ မန္တလေးမြို့က ဝါရင့်အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောပါတယ် ။

လက်ရှိမှာတော့ ပြည်တွင်းစစ်ပွဲတွေနဲ့ စီးပွားရေးမတည်ငြိမ်တဲ့အတွက် ပြည်ပကရင်းနှီးမြှုပ်နှံလိုသူတွေတုန့်ဆိုင်းနေတဲ့ သဘောရှိတယ်လို့ သုံးသပ်ကြပါတယ် ။
မန္တလေးအိမ်ခြံမြေဈေးကွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာအရောင်းအဝယ် ပြန်လိုက်လာခဲ့ပြီးအိမ်ခြံမြေဈေးတွေကတော့ အကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ် ။ လတ်တလောမှာကျပ်သိန်း ၃၀၀ နဲ့ ကျပ်သိန်း ၅၀၀ ဝန်းကျင် တန်ဖိုးရှိတဲ့ မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ် ။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service