စတော့ရှယ်ယာဈေးနှုန်း ၂၀၁၇ အစတွင် ဈေးပြန်တက် - Property News in Myanmar from iMyanmarHouse.com
1369 Views

စတော့ရှယ်ယာဈေးနှုန်း ၂၀၁၇ အစတွင် ဈေးပြန်တက်

၂၀၁၆ အတွင်း ဆက် တိုက်ကျဆင်းခဲ့သော ရန်ကုန် စတော့အိတ်ချိန်းမှ အများပိုင် ကုမ္ပဏီများ၏ ရှယ်ယာသည် ၂၀၁၇ နှစ်ဆန်းတွင် ပြန်လည် မြင့်တက်လာကြောင်း သတင်းရရှိ သည်။

ဇန်န၀ါရီ ၂ ရက်က FMI ကုမ္ပဏီ၏ ရှယ်ယာမှာ ၄ ရာခိုင် နှုန်းခန့် မြင့်တက်လာပြီး MTSH ရှယ်ယာ ၂ ရာခိုင်နှုန်းကျော်နှင့် MCB ၏ ရှယ်ယာသည် ၄ ရာခိုင် နှုန်းမြင့်တက်လာကြောင်းရန်ကုန် စတော့အိတ်ချိန်းမှ သတင်းရရှိ သည်။ ၂၀၁၆ နှစ်ကုန်တွင် FMI ကုမ္ပဏီ၏ ရှယ်ယာ တစ်စုလျှင် ကျပ် ၁၃,၅၀၀ သို့ စံချိန်တင် ကျဆင်းလာသော်လည်း ယခုနှစ် သစ်တွင် ကျပ် ၁၄,၀၀၀ သို့ ပြန် လည်မြင့်တက်လာခဲ့သည်။ သီ လ၀ါအထူးစီးပွားရေးဇုန် အများ ပိုင်ကုမ္ပဏီ (MTSH) ၏ ရှယ်ယာသည် ၄,၅၀၀ ကျပ်သို့ မြင့် တက်ခဲ့ပြီး မြန်မာနိုင်ငံသားများ ဘဏ်သည်လည်း နှစ်သစ်တွင် ရှယ်ယာတန်ဖိုး ဆက်လက်မြင့် တက်ခဲ့သည်။

‘‘နှစ်သစ်မှာ ကုမ္ပဏီတွေ အားလုံး စတော့ရှယ်ယာအတက် ဈေးနဲ့စတော့ ဒီနှစ်အကျိုးအမြတ် ကောင်းတွေ ရမယ်လို့ ထင်ပါ တယ်။ ရှယ်ယာပိုင်ထားတဲ့သူတွေ ကလည်း သူတို့ပိုင်တဲ့ရှယ်ယာကို အပိုင်ကိုင်ထားပြီး ထုတ်မရောင်း တော့ ရှယ်ယာဈေးက ကျလာခဲ့ တာပါ’’ဟု စတော့ရှယ်ယာ ၀ယ် ယူထားသူတစ်ဦးကပြောသည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် ရှယ်ယာအရောင်းအ၀ယ် အနည်းဆုံးလမှာ ဒီဇင်ဘာဖြစ်ပြီး ကျပ် ၁​ ဒသမ ၅ ဘီလီယံကျော် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ရှယ်ယာအရောင်းအ၀ယ်စတင်ခဲ့ သည့် မတ်လ၌ ကျပ် ၂၄ ဘီလီယံ အရောင်းအ၀ယ်ဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း လျော့နည်းလာခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာတွင် ကျပ် ၂ ဒသမ ၂ ဘီလီယံကျော် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ရန်ကုန် စတော့ အိတ်ချိန်းသည် ၂၀၁၆ အတွင်း ကျပ်ဘီလီယံ ၇၀ ကျော် ရှယ် ယာအရောင်းအ၀ယ်ဖြစ်ခဲ့သည်။

၂၀၁၆ အတွင်း FMIကုမ္ပဏီ သည်ရှယ်ယာတန်ဖိုး ၅၃ ရာခိုင် နှုန်းကျော် ကျဆင်းပြီး MTSH ကုမ္ပဏီသည် အစုရှယ်ယာတန်ဖိုး ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ သည်။ သို့သော် မြန်မာနိုင်ငံသား များဘဏ် (MCB) သည် ၁၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ သည်။

Credit: 7Daydaily

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service