တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် CHDB ဘဏ်က နိုင်ငံတော်မှချေးငွေယူရန် တင်ပြထား - Property News in Myanmar from iMyanmarHouse.com
1096 Views

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် CHDB ဘဏ်က နိုင်ငံတော်မှချေးငွေယူရန် တင်ပြထား

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က စီစဉ်ဆောက်လုပ်သည့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူမည့်သူများကို အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေထုတ်ချေးရန်အတွက် နိုင်ငံတော်မှ ကျပ်ငွေ ဘီလီယံ ၃၀ ချေးငွေချပေးရန် တင်ပြထားကြောင်း CHDB ဘဏ်က ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHDB ) ဘဏ်က ထိုသို့နိုင်ငံတော်ကို တင်ပြရာတွင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် ၉ ရာခိုင်နှုန်းဖြင့် ချေးပေးရန်နှင့် ချေးငွေသက်တမ်းကို ကာလရှည်ထားရှိပေးရန် တင်ပြ ထားကြောင်း CHDB ဘဏ်၏ ဘဏ္ဍာရေးလုပ်ငန်းဌာန အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောသည်။

“ရည်ရွယ်ချက်က အတိုးနှုန်းသက်သာသွားပြီဆိုရင် လစဉ်ပေးသွင်းရာမှာ သက်သာသွားမယ်။ အတိုးနှုန်းများရင် အရစ်ကျပေးသွင်းရတာ များမယ်။ နှစ်ကြာလာတာနဲ့အမျှ အတိုးနှုန်းတွေက အခန်းရဲ့တန်ဖိုးထက် များလာတာတွေ ရှိတယ်။ အတိုးနှုန်းသက်သာရင် လစဉ်အရစ်ကျမှာလည်း တော်တော်သက်သာသွားမယ်” ဟု ၎င်းက ဆိုသည်။

CHDB ဘဏ်က လက်ရှိအချိန်၌ ထုတ်ချေးပေးနေသည့် အတိုးနှုန်းမှာ ဗဟိုဘဏ်က သတ်မှတ်ထားသည့် ချေးငွေအတိုးနှုန်း ၁၂ ရာခိုင်နှုန်း၊ ဘဏ်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်း ပေးဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“လက်ရှိ အတိုးနှုန်း ၁၂ ရာခိုင်နှုန်းအောက်ကျအောင် နိုင်ငံတော်ကို တင်ပြထားတယ်။ နိုင်ငံတော်ကလည်း ပေးဖို့ စီစဉ်နေတယ်။ ဆွေးနွေးတဲ့အဆင့် နောက်ဆုံးရောက်နေပြီ။ ဇန်နဝါရီလလောက်မှာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု ဒေါ်မြင့်မြင့်မူက ပြောသည်။

လက်ရှိချေးငွေသက်တမ်းသည် ၁၀ နှစ် ချေးငွေ သက်တမ်းဖြစ်ပြီး နိုင်ငံတော်က ထုတ်ချေးပေးမည့် အတိုးနှုန်းသက်သာသော အစီအစဉ်ဖြင့် ရရှိလာမည့် ချေးငွေသက်တမ်းကို ၁၅ နှစ် သက်တမ်း သတ်မှတ်ပေးသွားမည်ဟု ၎င်းက ဆိုသည်။

“လောလာဆယ် အခန်း ၂,၀၀၀ ကို ဇန်နဝါရီလဆန်းပိုင်းမှာ ရောင်းချပေးဖို့ စီစဉ်နေတယ်။ ဒီအခန်းတွေကိုတော့ ဘဏ်အစီအစဉ်အတိုင်း အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ ချေးပေးမယ်။ ဘဏ်ဝန်ဆောင်ခ ၁ ကျပ် ယူမယ်။ အစိုးရချေးငွေရလို့ အတိုးနှုန်း ပြောင်းလဲသွားရင် ပြန်လည်စိစစ်ပြီး လုပ်ပေးပါမယ်” ဟု ဒေါ်မြင့်မြင့်မူက ပြောသည်။

လက်ရှိအချိန်၌ တန်ဖိုးနည်း အိမ်ရာခန်းများ ဝယ်ယူနိုင်ရန်အတွက် အိမ်ရာစုဆောင်းငွေစာရင်း စာအုပ် Housing Saving Account ဖွင့်လှစ်ထားသူ ဦးရေ ၁၁,၀၀၀ ကျော် ရှိပြီး ကနဦး ပေးသွင်းရမည့် ပမာဏ ၃၀ ရာခိုင်နှုန်း ပေးသွင်းထားပြီးသူ ဦးရေ ၂,၀၀၀ ကျော် ရှိကြောင်း CHDB ဘဏ်မှ သိရသည်။


Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service