ချင်းပြည်နယ်တွင် ဟိုတယ်တည်ဆောက်ခွင့်ရ လုပ်ငန်းရှင် ၁၂ ဦးကို ရွေးချယ်ပြီး - Property News in Myanmar from iMyanmarHouse.com
1248 Views

ချင်းပြည်နယ်တွင် ဟိုတယ်တည်ဆောက်ခွင့်ရ လုပ်ငန်းရှင် ၁၂ ဦးကို ရွေးချယ်ပြီး

ချင်းပြည်နယ်တွင် တည်ဆောက်မည့် ဟိုတယ်လုပ်ငန်းများအတွက် လုပ်ငန်းရှင် ၁၂ ဦးရွေးချယ်ခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ က ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံများ အလုပ်အကိုင်ရရှိရေး ချင်းပြည်နယ်အတွင်းရှိ မြို့ခြောက်မြို့တွင် ဟိုတယ်တည်ဆောက်ခွင့် ကို အောက်တိုဘာက ခွင့်ပြုခဲ့ပြီး လုပ်ကိုင်ခွင့်တင်ဒါ စတင်ခေါ်ယူ ခဲ့သည်။

‘‘ပြီးခဲ့တဲ့တစ်ပတ်ကပဲ ရွေး ချယ်လိုက်ပါတယ်။ ပြည်ပဘက်က လာလျှောက်တဲ့သူ ခြောက်ဦးနဲ့ တိုင်းရင်းသားဒေသခံ ခြောက်ဦး စုစုပေါင်း ၁၂ ဦး ရွေးချယ်လိုက်ပါတယ်’’ဟု ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှုနှင့် ဟိုတယ်ခရီးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

မြို့ခြောက်မြို့တွင် ဟိုတယ် ၁၂ လုံးဆောက်လုပ်ခွင့်ရရှိသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များမှာ KL Amazing Company, Khing Solomon Company, Adventures Myanmar Company, Falam Cherry Company, Unique Asia Gate Construction Company, Sweet Hotel Group, ရွှေပြည်တံခွန်၊ ချင်းတွင်းဧရာ၊ ချမ်းသာရွှေမြေကုမ္ပဏီ၊ ရွှေစင်နန်းတော်၊ တောင်ဇလပ်ဟိုတယ်နှင့် လုပ်ငန်းရှင်ဒေါက်တာကမ်ကျင့်ဒါးလ်တို့ ဖြစ် သည်ဟုဆိုသည်။

လုပ်ကိုင်ခွင့်ရရှိသော လုပ် ငန်းရှင်များသည် ၂၀၁၇ မတ်လ နောက်ဆုံးထား၍ ဟိုတယ်တည် ဆောက်ရေးလုပ်ငန်းများ စတင်ရမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ဟိုတယ်လုပ်ငန်းလိုင်စင် တင်ရမည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့က သတ်မှတ်ထား သည်။ ဟိုတယ်များကို ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ခိုင်ကမ်းမြို့များတွင် တည်ဆောက်မည်ဖြစ်ပြီး ဟားခါးမြို့၌ ဟိုတယ်သုံးလုံး၊ ပလက်ဝမြို့တွင် ဟိုတယ်တစ်လုံး တည်ဆောက်မည်ဖြစ်ကာ ကျန်မြို့လေးမြို့၌ ဟိုတယ်နှစ်လုံးစီ တည်ဆောက်မည်ဟု သိရသည်။

အဆိုပြုလွှာ အောင်မြင်သည့် လုပ်ငန်းရှင်များကို ပြည်နယ်အစိုးရက ငါးဧကအောက် မြေနေရာပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်သည် ဟိုတယ်တည်ဆောက် ရာတွင် အခန်း ၁၀ ခန်း အနည်းဆုံးထား၍ တည်ဆောက်ရမည် ဖြစ်သည်။

သဘာဝအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုနည်းသည့် ဒေသ များတွင် ပါဝင်သည့် ချင်းပြည်နယ်၏ သဘာဝအလှအပ ရှုခင်းများ ကို အခြေခံ၍ ခရီးသွားလုပ်ငန်းကို ပြည်နယ်အစိုးရက အကောင်အ ထည်ဖော်ခြင်းဖြစ်ပြီး ၂၀၁၆ အောက်တိုဘာကလည်း ကမ္ဘာလှည့်ခရီးသည်များကို ဖိတ်ခေါ်မှုမြှင့်တင်ပွဲ ပြုလုပ်ခဲ့သည်။

တည်ဆောက်မှုနှင့် ပတ် သက်၍ လုပ်ကိုင်ခွင့်ချထားပေးခြင်းနှင့် စီမံခန့်ခွဲမှုများကို ပြည်နယ်အစိုးရအဖွဲ့အပါအ၀င် အခြားသက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်သူ ရပ်မိရပ်ဖများပါဝင်သော အဖွဲ့ရှစ်ဖွဲ့က စိစစ်ခဲ့သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service