ရွှေဈေးကျသော်လည်း ဈေးမတည်ငြိမ်၍ အရောင်းအဝယ်ပါး - Property News in Myanmar from iMyanmarHouse.com
2399 Views

ရွှေဈေးကျသော်လည်း ဈေးမတည်ငြိမ်၍ အရောင်းအဝယ်ပါး

ဒေါ်လာနှင့်ကမ္ဘာ့ရွှေ ဈေးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေးကျလာသော် လည်း ဈေးမတည်ငြိမ်သဖြင့် အရောင်းအဝယ်နည်းပါးကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သတင်းရရှိသည်။

‘‘အခုက တောင်သူတွေငွေ ပေါ်တဲ့အချိန် ရွှေဈေးမတည်ငြိမ် လို့ အရောင်းအဝယ်အေးတယ်။ အခုက ကမ္ဘာ့ရွှေဈေးရော၊ ဒေါ် လာရော ကျလို့ ဈေးက သိပ်မ တည်ငြိမ်ဘူးဖြစ်နေတယ်။ အကျ ဘက်ကို ဦးတည်နေတယ်’’ ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးကျော်ဝင်း က ပြောသည်။

ဒီဇင်ဘာ ၂၈ ရက် ပြည်ပငွေ လဲနှုန်းတွင် အမေရိကန်တစ်ဒေါ် လာလျှင် ၁,၃၆၈ ကျပ်ပေါက်ဈေး ရှိခြင်းနှင့် ကမ္ဘာ့ရွှေဈေး တစ် အောင်စလျှင် ၁,၁၄၀ ဒေါ်လာခန့် တွင် ငြိမ်နေခြင်းကြောင့် ပြည် တွင်း ရွှေဈေးကွက် အရောင်း အဝယ် လျော့နည်းစေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

‘‘ရွှေဈေးကွက်ထဲမှာတော့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတယ်။ ဒါကြောင့် ရှေ့ ဆက်ရွှေဈေးက အကျဘက်ကို ဦးတည်နေမယ်’’ဟု ဦးဝင်းမြင့်က ပြောသည်။

ယခုနှစ်ကုန်၌ လက်ဝတ်ရတနာလည်း ဈေးကွက်တွင် အရောင်းအဝယ် နည်းခဲ့သလို ရွှေလက်ကားဈေးကွက်၌လည်း အရောင်းအဝယ် နည်းပါးခဲ့ သည်ဟု ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်တွင်းအခေါက်ရွှေဈေး ကွက်သည် ဒီဇင်ဘာ ၁ ရက်က တစ်ကျပ်သားလျှင် ၈၆၆,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိခဲ့ပြီး ရက်အတန်ကြာအောင် ဈေးတည်ငြိမ်ခဲ့သော်လည်း ယခုရက်အ တွင်း ကျပ် ၂၀,၀၀၀ ကျော် ဈေး ကျခဲ့သည်။

ပြည်တွင်း ရွှေဈေးသည် ၂၀၁၆ အတွင်း အမြင့်ဆုံးဈေးဖြင့် စံချိန်တင်ပြီး အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၉၀၀,၀၀၀ ကျော်အထိ ပေါက်ဈေး ရှိခဲ့ကာဒီဇင်ဘာ ၂၈ ရက်က ၈၄၂,၀၀၀ ကျပ် ဈေးရှိခဲ့သည်။

Credit : 7Daydaily

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service