လာမည့်နှစ်ဆန်းတွင် တန်ဖိုးနည်းအိမ်ရာ သုံးခုရှိ အခန်းအရေအတွက် ၂,၂၀၀ ကျော် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
661 Views

လာမည့်နှစ်ဆန်းတွင် တန်ဖိုးနည်းအိမ်ရာ သုံးခုရှိ အခန်းအရေအတွက် ၂,၂၀၀ ကျော် ရောင်းချမည်

ရန်ကုန်မြို့ရှိတန်ဖိုးနည်း အိမ်ရာ သုံးခုရှိအခန်း ၂,၂၀၀ ကျော်ကို ၂၀၁၇ နှစ်ဆန်းတွင် စတင်ရောင်းချမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာမှ သတင်း ရရှိသည်။

ဆောက်လုပ်ပြီးစီးနေသော ရွှေလင်ဗန်း၊ ကျန်စစ်သားနှင့် ယု ဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်း တို့ရှိ အခန်းများ ရောင်းချနိုင်ရန် တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်း မှုအချို့ ပြုလုပ်ပြီးပြီဖြစ်၍ စတင် ရောင်းချတော့မည်ဖြစ်သည်။

မူလက အဆိုပါအခန်းများ ကို ပြီးခဲ့သည့်အောက်တိုဘာက တည်းက ရောင်းချရန်စီစဉ်ထား သော်လည်း အခြေအနေအချို့ ကြောင့် မရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အခန်းများကို အမှန်တ ကယ် နေအိမ်လိုအပ်နေသူများသို့ စနစ်တကျ ရောင်းချနိုင်ရန် ရန် ကုန်တိုင်းဒေသကြီး အစိုးရသို့ လွှဲပြောင်းပေးလိုက်ကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးယုခိုင် ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က အိမ်ရာစီမံကိန်းများကို ယခင်ကကဲ့သို့ မဲစနစ်ဖြင့် ရောင်း ချခြင်းထက် အခြားစနစ်ဖြင့်ရောင်း ရန် ညှိနှိုင်းဆွေးနွေးနေသည်ဟုဆို သည်။ အထပ်အမြင့်ပေါ်မူတည်၍ အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ခန့်ဖြင့် ရောင်းချမည့် အိမ် ရာများသည် ၀ယ်ယူလိုသူများပြား သဖြင့် ဦးစားပေးအဖြစ်နေအိမ် အပိုင်မရှိသူနှင့် ၀င်ငွေနည်းပြည် သူများ ဘဏ်ချေးငွေဖြင့် ရောင်း ချရန် စီစဉ်ထားသည်။

အခန်းဝယ်ယူလိုသူများထဲ တွင် ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်စာရင်း ဖွင့်လှစ်ထားပြီး စုဆောင်းငွေ ၃၀ ရာခိုင်နှုန်းကျော်ပါက ဦးစားပေး ၀ယ်ယူခွင့်ပေးမည်ဖြစ်သည်။

နိုင်ငံတစ်ဝန်း ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း တစ်သိန်းရှစ်သောင်း ခန့်ကို အစိုးရသစ် လက်ထက်၌ တည်ဆောက်နိုင်ရန် စီစဉ်ထား ကြောင်း ပြီးခဲ့သည့်ဇွန်လ ၇ ရက် က နေပြည်တော်တွင်ပြုလုပ်သည် သတင်းစာရှင်းလင်းပွဲ၌ ဆောက် လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ကပြော ကြားထားသည်။ ယခုရောင်းချ သည့် အခန်းများသည် ယခင် အစိုးရလက်ထက်က တည် ဆောက်ခဲ့သည့် တန်ဖိုးသင့်၊ တန် ဖိုးနည်းအိမ်ရာများ ဖြစ်သည်။

အိမ်ခန်းများ ရောင်းချရာ တွင် ယခင်အစိုးရလက်ထက်က တည်ဆောက်ခဲ့သည့် ရတနာ ဧရာဝဏ်အိမ်ရာ စီမံကိန်းများကဲ့ သို့ ဈေးနှုန်းကြီးမြင့်သွားခြင်းမျိုး မဖြစ်သင့်ဘဲ အခြေခံပြည်သူများ လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်ရန် လိုအပ်ပြီး ဘဏ်ချေးငွေတွင် အ တိုးနှုန်းလျှော့ချပေးသင့်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ် ဆွေက သုံးသပ်ပြောကြားသည်။

Credit : 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service