ရှန်ဟိုင်းကြိုပွိုင့်အိမ်ရောင်းအားများ ကျဆင်း
ပြီးခဲ့သည့်လ (၂၀၁၆ နိုဝင်ဘာ)က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကြိုပွိုင့်အိမ်ရောင်းအားများ ဆက်လက်ကျဆင်းခဲ့သည်။ ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်၌ ဈေးကစားနေကြမှုကို
ထိန်းချုပ်ရန် မြို့အစိုးရက စည်းမျဉ်းတင်းကျပ်မှုကြောင့် ၀ယ်လက်များက စောင့်ကြည့်
မူဝါဒလက်ကိုင်ထားနေကြသဖြင့် အရောင်းအေးနေခြင်းဖြစ်သည်။
ယခုနှစ် နိုဝင်ဘာတွင် ကြိုပွိုင့်အိမ် ၁၈,၀၀၀ ၀န်းကျင် ရောင်းထွက်ခဲ့ပြီး အောက်တိုဘာ
အောက် ၂၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေကုမ္ပဏီ Shanghai
Centaline Property Consultants Co က စုဆောင်းရရှိသည့် အချက်အလက်များတွင်ဖော်ပြထားသည်။
"အိမ်ပိုင်ရှင်အများစုက သူတို့ရဲ့မူလခေါ်ဈေးကို ဆက်ကိုင်ထားကြပြီး ၀ယ်သူတွေကိုဆွဲဆောင်ဖို့ ဈေးလျှော့ကမ်းလှမ်းဖို့ ပိုပြီးတွန့်ဆုတ်နေကြမှာပါ" ဟု Centaline ၏ အကြီး
တန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၂၈ ရက်ညက ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ကြိုး
ပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့်
အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ကြေညာခဲ့သည်။
ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။ ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ
ဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင် အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူ
ဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်
ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်
ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှုအတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူ
ဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။
ရှန်ဟိုင်းတွင် အိမ်တစ်အိမ်
ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်း ထိုဘဏ်များ၊ အဖွဲ့အစည်းများထံမှ အိမ်ချေးငွေလျှောက်ထားသူဖူးသူများအား ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်သည်။ ယင်းစည်းမျဉ်းများသည် နိုဝင်ဘာ ၂၉ ရက်မှ စတင်အာဏာ
သက်ရောက်ပြီဖြစ်သည်။
ယင်းမတိုင်မီ ယခုနှစ်အတွင်း အောက်တိုဘာလနှင့် မတ်လတို့တွင်လည်း အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများ ပြုလုပ်ခဲ့သေးသည်။ သို့သော်လည်း နိုဝင်ဘာလတင်းကျပ်မှု
ကမူ ရှန်ဟိုင်းအိမ်ခြံမြေလောကအတွက် အပြင်းထန်ဆုံးသော စည်မျဉ်းတင်းကျပ်မှုဖြစ်သည်။
နေရာအပိုင်းအခြားအားဖြင့် ၈၁ နေရာတွင် အောက်တိုဘာထက် ကြိုပွိုင့်အိမ်ဈေးများမြင့်တက်ခဲ့ပြီး ၃၂ နေရာတွင် ကျဆင်းခဲ့ကာ ၁၇ နေရာတွင် မပြောင်းလဲခဲ့ပေ။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com