Myanmar Property Award 2017 အခမ်းအနားကို လာမည့်နှစ် ဇွန်လတွင် ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
1308 Views

Myanmar Property Award 2017 အခမ်းအနားကို လာမည့်နှစ် ဇွန်လတွင် ကျင်းပမည်

မြန်မာ့အိမ်ခြံမြေကဏ္ဍ ပိုမိုတိုးတက်စေရန် Myanmar Property Award 2017 အခမ်းအနားကို လာမည့်နှစ် ဇွန်လတွင် ရန်ကုန် မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ထိုဆုပေးပွဲကို ဦးစီး ကျင်းပသော Asia Property Award အုပ်ချုပ်မှုဒါရိုက်တာ
Mr. Terry Blackburn က ပြောသည်။

ရန်ကုန်မြို့တွင် သုံးနှစ်မြောက်ကျင်းပ ခြင်းဖြစ်သည့် ထိုဆုပေးပွဲတွင် အိမ်ရာသစ်များ၊ဟိုတယ်နှင့် ရုံးခန်း စသောဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်းဆုံး အကောင်အထည်ဖော်သူဆု၊ အကောင်းဆုံး အတွင်းနှင့် အပြင် ဒီဇိုင်းဆု၊ အဆောက်အအုံဟောင်း များကို အကောင်းဆုံး
ပြန်လည်ထိန်းသိမ်း သုံးစွဲနိုင်သူဆု စသည့် ဆုများအပါအ၀င် ဆုအမျိုးအစား ၂၀ ကျော်ချီးမြှင့်မည်ဖြစ်ပြီး အထူးဆုအဖြစ် Best Green Development ဆုနှင့် အိမ်ခြံမြေလောက၏ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးရှိသူ အဖြစ် ချီးမွမ်းဂုဏ်ပြုဆု (Real Estate Personality
of the Year) များကိုပါ ချီးမြှင့် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဈေးကွက်က အာရှမှာ စိတ်ဝင်စားစရာကောင်းတဲ့ဈေးကွက်တစ်ခု ဖြစ်နေဆဲပါပဲ။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ ခုနှစ် မြန်မာစီးပွားရေး ခန့်မှန်းချက်တွေထက်
လျင်လျင်မြန်မြန်စီးပွားရေးတိုးတက်လာတဲ့မြန်မာနိုင်ငံကအရင်အတိုင်းအာရှအိမ်ခြံမြေဈေးကွက်မှာရှေ့ပြေးအဖြစ် ဆက်လက်တည်ရှိမှာဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။

မြန်မာ့အိမ်ခြံမြေဆိုင်ရာဆုပေးပွဲများကို ပြည်တွင်းတွင် နှစ်နှစ်ဆက်တိုက် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၂၀၁၆ခုနှစ်အာရှအိမ် ခြံမြေဆုပေးပွဲတွင်လည်း မြန်မာနိုင်ငံရှိဆီဒိုးနားဟိုတယ်ကအာရှအကောင်းဆုံးအတွင်းဒီဇိုင်း ပြင်ဆင်ခြင်းဆုကို ရရှိခဲ့ကြောင်း ၎င်းကပြောသည်။

၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပသော မြန်မာ အိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲတွင် အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သော Mr.Richard Emerson က "ဒီနှစ်ထဲမှာအိမ် ခြံမြေဈေးကွက်အနည်းငယ် အေးစက်ပေမဲ့ မြန်မာနိုင်ငံတွင်းကိုများပြားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လာနေပြီး ဈေးကွက်အတွင်းမှာလည်း ၀ယ်လိုအားတွေ ရှိနေတာကို တွေ့နိုင်ပါတယ်။
ဒါပေမဲ့ ဒီအခြေအနေကို ကြာရှည်တည်တံ့စေဖို့ အပေါင်ဈေးကွက် လိုအပ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပြည်သူတွေအတွက် ရေရှည်အကျိုး ဖြစ်စေနိုင်မယ့် ခိုင်မာတိုးတက်တဲ့ အိမ်ခြံမြေ ဈေးကွက်ကိုဖော်ဆောင်ဖို့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျွန်တော်တို့အနေနဲ့ အစိုးရသစ်နဲ့အတူ လက်တွဲလုပ်ကိုင်ခြင်းနဲ့ ကျော်ဖြတ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။

ယခုနှစ်ဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူ များသည် ယခုအချိန်မှစ၍ ပဏာမအမည်စာရင်းတင်သွင်းကာ လျှောက်လွှာများ ပေးပို့၍အခမဲ့ယှဉ်ပြိုင်နိုင်ပြီး ဧပြီ ၂၁ ရက်နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။

ဆုရရှိသူတစ်ဦးနှင့် အမျိုးအစားအလိုက် အကောင်းဆုံးကုမ္ပဏီများအတွက် ဆုလေးခုပါဝင်သောတရားဝင်ဆန်ခါတင်စာရင်းကို မေလနောက်ဆုံးအပတ်တွင် ကြေညာပေး သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူများသည် အာရှအိမ်ခြံမြေဆုပေးပွဲ အင်တာနက် စာမျက်နှာသို့
ဝင်ရောက်ကာ ဆုများကို လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်ကြောင်း Mr. Terry Blackburn ကပြောသည်။

"ပြည်သူတွေပါ ကိုယ်တိုင်ပါဝင်မဲပေး ရွေးချယ်နိုင်စေဖို့ အင်တာနက်ကနေ မဲပေး နိုင်တဲ့စနစ်ကိုဒီနှစ်ကစတင်ပြီး ထည့်သွင်း လိုက်ပါတယ်။ နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင်ထိ ၀င်ရောက်
ယှဉ်ပြိုင်ထားတဲ့ စီမံကိန်းတွေ၊ ကုမ္ပဏီတွေက ကြိုက်နှစ်သက် ရာ စီမံကိန်းတွေကို လူထုက မဲပေးရွေးချယ်နိုင် ပါတယ်"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော မြန်မာအိမ်ခြံမြေဆိုင်ရာ ဆုပေး ပွဲ ၂၀၁၆ တွင် ၀င်ရောက်ယှဉ်ပြိုင်သူဦးရေ ၇၆ ဦးရှိခဲ့ပြီး ယခုနှစ်တွင် ၁၂၀ ကျော် ခန့်မှန်းထားသည်။ မြန်မာအိမ်ခြံမြေဆိုင်ရာဆုပေးပွဲ ၂၀၁၆ တွင်
အိမ်ခြံမြေလောက၏ နှစ်လိုဖွယ်အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးရှိသူ အဖြစ် ဂုဏ်ပြုဆုကိုSPA ကုမ္ပဏီလုပ်ငန်းစုမှ ဥက္ကဋ္ဌ Mr. Serge Pun က ရရှိခဲ့ပြီး အကောင်း ဆုံးအိမ်ရာဖော်ဆောင်နိုင်သူဆု (Best Developer award) ကို ရွှေတောင် ဆောက်လုပ်ရေးကုမ္ပဏီက ရရှိခဲ့သည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service