ရန်ကုန်မြို့ တောင်ဘက်ဧရိယာတွင် အထူးစီးပွားရေးဇုန် ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
6259 Views

ရန်ကုန်မြို့ တောင်ဘက်ဧရိယာတွင် အထူးစီးပွားရေးဇုန် ဖော်ဆောင်မည်

ရန်ကုန်မြို့ တောင်ဘက်ခြမ်းတွင် နိုင်ငံတကာလေဆိပ်နှင့် ရေနက်ဆိပ်ကမ်းတို့ပါဝင်မည့်အထူးစီးပွားရေးဇုန်တစ်ခုတည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က စီစဉ်နေပြီး လာမည့်၂၀၁၈ ခုနှစ်တွင် စတင်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။

အထူးစီးပွားရေးဇုန်အကောင်အထည် ဖော်ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုလအစောပိုင်းတွင် တင်ပြခဲ့ခြင်းဖြစ်ပြီးပြည်ထောင်စုအစိုးရအဖွဲ့ကလည်း အဆိုပါအထူးစီးပွားရေးဇုန်ကို အကောင်
အထည်ဖော်ရန် သဘောတူခဲ့သည်ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

"ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြည်ထောင်စုအစိုးရကလည်း ခွင့်ပြုပြီးပြီ။ပြည်ထောင်စုကခွင့်မပြုရင်လုပ်လို့မရတဲ့စီမံကိန်းလည်းဖြစ်နေလို့ပါ"ဟု ၎င်းကပြောသည်။

အဆိုပါအထူးစီးပွားရေးဇုန် ဖော်ဆောင်ရန်အစီအစဉ်ကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စုဝန်ကြီးအချို့ နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ကာ အထူးစီးပွားရေးဇုန်စီမံကိန်းကို အသိပေးခဲ့ကြောင်း
ကွမ်းခြံကုန်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ဆိုသည်။

"ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဦးဖြိုးမင်းသိန်းနဲ့ တွေ့တုန်းက ၀န်ကြီး ချုပ်က
ရန်ကုန်ရဲ့ တောင်ဘက်ခြမ်းမှာ အထူး စီးပွားရေးဇုန်တစ်ခု ဖော်ဆောင်မယ်ဆိုပြီး ပြောပါတယ်။
လေဆိပ်ရော၊ ရေနက်ဆိပ်ကမ်း လည်းပါမယ်လို့ ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်"ဟု ၎င်းက
ပြောသည်။

ယင်း အထူးစီးပွားရေးဇုန်အသစ်ကို ရန်ကုန် မြို့တောင်ဘက်ခြမ်းရှိ ဒလ၊ ကော့မှူးနှင့်ကွမ်းခြံကုန်းမြို့နယ်များတွင် တည်ဆောက် သွားမည်ဖြစ်ပြီး ရန်ကုန်အနောက်တောင်မြို့ သစ်စီမံကိန်းနှင့် ဆက်စပ်မှုမရှိပေ။ "လက်ရှိရှိနေတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က
နေရာထပ်ချဲ့စရာမရှိတော့ ဘူး၊ ပြီးတော့ ဟံသာဝတီလေဆိပ်ကလည်း ရန်ကုန်မြို့လယ်နဲ့ဆိုအရမ်းဝေးတဲ့အတွက် နောက်ထပ် လေဆိပ်အသစ်တစ်ခုကတော့ ရန်ကုန်မှာ မဖြစ်မနေ တည်ဆောက်ဖို့ လိုနေ တယ်လို့၊ အဲဒါကြောင့် ရန်ကုန်တောင်ဘက် ခြမ်းမှာ တည်ဆောက်
သွားဖို့လိုတဲ့ အကြောင်း ၀န်ကြီးချုပ်က ကျွန်တော်တို့ လွှတ်တော်ကိုယ် စားလှယ်တွေကိုပြောပါတယ်"ဟု ဦးအောင်မင်းမင်းက ပြောသည်။

သို့သော် လက်ရှိအနေအထားတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီအပြင် ပြင်သစ်နှင့် ယူကေ
နိုင်ငံများမှ အေဂျင်စီတို့နှင့် စီမံကိန်းများ ဆောင်ရွက်နေသည့်အတွက် ရန်ကုန်မြို့ တောင်ဘက်ခြမ်းရှိအထူးစီးပွားရေးဇုန်အသစ်မှာ တိုင်းဒေသကြီးအစိုးရ၏ မျှော်မှန်းချက် အဆင့်တွင်သာ
ရှိသေးကြောင်း စည်ပင်သာယာရေးကော်မတီမှ မြို့ပြနှင့်စီမံကိန်းဌာန လက်ထောက်ဌာနမှူးဦးတိုးအောင်က ပြောသည်။

"ဒီမြစ်ဟိုဘက်ကမ်းမှာ အထူးစီးပွားရေးဇုန်တစ်ခုလုပ်ဖို့ တိုင်းဒေသကြီးအစိုရအဖွဲ့ က
မျှော်မှန်းထားတဲ့ စီမံကိန်းတစ်ခုပါ။ ကျွန်တော်တို့စည်ပင်သာယာရေးကော်မတီကလည်း
ပါဝင်ရေးဆွဲဖို့ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် ဂျိုက်ကာတို့၊ ကိုရီးယားတို့ ပြင်သစ်တို့နဲ့
ပူးပေါင်းရေးဆွဲနေတဲ့ စီမံကိန်း တွေပြီးမှ အကုန်လုံး ပေါင်းစပ်ပြီး ပြန်ဆွဲဖို့ရှိတယ်။ အဲဒီကျရင်
ရန်ကုန်တောင်ဘက်ခြမ်း က စီမံကိန်းတွေလည်းပါသွားမယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွက် သီလ၀ါအထူးစီးပွားရေးဇုန် တစ်ခုသာ ရှိပြီး
၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့သည့် ယင်းအထူးစီးပွားရေးဇုန်၏ ဇုန်အပိုင်း (က)မှာ
လုံးဝပြီးစီးနေပြီဖြစ်၍ လုပ်ငန်းများ လည်ပတ်မှုများ စတင်နေပြီဖြစ်သော်လည်း ဇုန်အပိုင်း
(ခ)မှာ စတင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။ ရေနက်ဆိပ်ကမ်းကိုမူ ရန်ကုန်တိုင်းဒေသ ကြီး
အစိုးရအဖွဲ့က ရန်ကုန်တောင်ဘက်ခြမ်း ရှိ လက်ခုပ်ကုန်းတွင် တည်ဆောက်ရန် လျာထားပြီး
ဒလမြို့မှ လက်ခုပ်ကုန်းသို့ ခြောက်လမ်းသွား လမ်းများကို ဖောက်လုပ်သွားမည်ဖြစ်သည်။

ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က အထူးစီးပွားရေး
ဇုန်အကောင်အထည်ဖော်မည့် သတင်းကြောင့် မြေဈေးများတက်သွားမည်ကို စိုးရိမ်ကြောင်းနှင့်
အစိုးရကလည်း စီမံကိန်းတစ်ခုခု ဆောင် ရွက်ခြင်း မပြုမီ မြေဈေးများ မြင့်တက်မလာစေ ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားသင့်သည်ဟု ပြောသည်။

"စီမံကိန်းတစ်ခုခု လုပ်မယ်ပြောလိုက် တိုင်း မြေဈေးတွေကတက်လာတယ်။ တံတား တုန်းကလည်းမြေဈေးတွေထိုးတက်သွား တယ်။ အခုလည်း အဲဒီလိုဖြစ်မသွားစေချင်ဘူးပေါ့"ဟု ဦးထွန်းရင်ကဆိုသည်။

ရန်ကုန်မြို့တော်ဘက်ခြမ်း ဖွံ့ဖြိုးတိုး တက်ရေးအတွက် အထူးစီးပွားရေးဇုန်နှင့် လက်ခုပ်ကုန်းတွင်
ရေနက်ဆိပ်ကမ်း ရှိလာ ပါက ရန်ကုန်မြို့၏ ကုန်စည်ပို့ဆောင်ရေး နှင့် ထောက်ပံ့ရေးအတွက်
အချက်အချာကျ သည့် နေရာတစ်ခုဖြစ်လာရန် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ကမျှော်မှန်းထားသည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service