ဖုန်းဆက်ပြီးတော့ ရောင်းသူရှာ လက်ပြသူဟာ ရောင်းမယ့်သူပဲ - Property News in Myanmar from iMyanmarHouse.com
2094 Views

ဖုန်းဆက်ပြီးတော့ ရောင်းသူရှာ လက်ပြသူဟာ ရောင်းမယ့်သူပဲ

လွန်ခဲ့သည့်အပတ်က မြေနှင့်အိမ်ဝယ်ဖို့ စီစဉ်ပြီး ကျွန်ုပ်နှင့်လာရောက် တိုင်ပင်သည့် "ကိုမင်းသူ" တို့

ဇနီးမောင်နှံ နှစ်ဦးမှာ နောက်တစ်နေ့တွင် စာချုပ်ရန် လာခေါ်မည်ဟု ဆိုသဖြင့် ရုံးမသွားသေးဘဲ အိမ်ကစောင့်နေလိုက်သည်။ နံနက်(၁၀)နာရီခန့်တွင် ကိုမင်းသူမှ ဖုန်းခေါ်သံ ကြားရသည်။

"စာချုပ်သွားဖို့ အိမ်က ကားနဲ့ ထွက်လာပြီလား ကိုမင်းသူ"

"မဟုတ်ဘူး၊ ဆရာ ပွဲပျက်သွားလို့ ဖုန်းဆက်လိုက်တာ"

"ဟုတ်လား၊ ဘယ်လိုဖြစ်သွားတာလဲ ပြောပါဦး၊"

"ရောင်းသူက ငွေချေပြီး၊ နောက်ထပ်(၂)လစောင့်နိုင်မှ အိမ်ကဆင်းပေးမယ် ပြောတာနဲ့ ဒါဆိုလည်း မဝယ်တော့ဘူး ပြောလိုက်လို့ ပွဲပျက်သွားတယ်၊ အဲ့ဒါ ဆရာ မျှော်နေမှာစိုးလို့ ဖုန်းဆက်လိုက်တာ ပါ။ နောက်ထပ် မြေကွက် ရဖို့ ကြိုးစားရှာလိုက်ဦးမယ်၊ တွေ့တာနဲ့ ဖုန်းဆက်လိုက်မယ်နော်" ဟု ဆိုကာ ဖုန်းပိတ်သွားသည်။


"ရောင်းသူ ဈေးကိုင်လို့မရ၊ ဝယ်သူနောက်ဆုတ်သည့်ကာလ"


စာချုပ်သွားဖို့ အဆင်သင့်ပြင်ထားပြီးမှ အရောင်းအဝယ် မဖြစ်တော့ဘူး ဟုဆိုသော အသံကြားလိုက်ရသဖြင့် ဝယ်သူနဲ့အတူသွားရမည့် ခရီးစဉ်ကို ဖျက်သိမ်းပြီး ပန်းဆိုးတန်းလမ်း မိမိ၏ ရုံးခန်းသို့ လှမ်းခဲ့ရပြန်ပါသည်။ ယနေ့လက်ရှိ အိမ်ခြံမြေ အရောင်းအဝယ် အခြေအနေမှာ လွန်ခဲ့သော နှစ်များကကဲ့သို့ ရောင်းသူများက အပေါ်စီးက ဆက်ဆံ၍မရသော အခြေအနေဖြစ်သည်။ ဝယ်သူများဘက်မှ အချိန်ပေး၍ ရှာဖွေကြည့်လျှင် ဈေးလည်းသင့်တင့်ပြီး လူစည်းကားသော ရပ်ကွက်အတွင်း၌ပင် ရောင်းမည့်မြေနေရာများကို ရှာဖွေတွေ့နိုင်သည့်
ကာလဖြစ်သည်။

"အိမ်ခြံမြေ ရောင်းဝယ်လျှင် "ဖေ့ခ်ဘွတ်" တင်လို့ မကြာခဏ ပွဲဖြစ်ကြ"

ယနေ့အချိန်အခါတွင် အိမ်ခြံမြေ ဝယ်ယူလိုသူများနှင့် ရောင်းလိုသူများသည် Facebook ကို အသုံးပြု၍ အရောင်းအဝယ်များ အဆင်ပြေ လာကြသည်ကို လည်း မြင်တွေ့လာရပါသည်။

မကြာသေးမီက အိမ်ခြံမြေ ရောင်းလိုသူတစ်ဦးနှင့် စကားလက်ဆုံကျ၍ သူ၏ မြေကွက် အမြန်ရောင်းထွက်ပုံအကြောင်း ပြောပြသည်။ ၎င်း ၏မြေကွက်မှာ ယခင်က အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ(၅)ခု တွင် သွားရောက်ကြော်ငြာခြင်း ရပ်ကွက်မြို့နယ် အကျိုးဆောင် ပွဲစားများအား အပ်နှံ၍ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့သော်လည်း ရောင်းမထွက်ဘဲ ကြာနေခဲ့သည်ဟု ဆိုသည်။ သို့သော် Facebook တွင် တင်၍ ကိုယ်တိုင်ကြော်ငြာခြင်း နှင့် အိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုတွင် ထည့်သွင်းကြော်ငြာခြင်း ပြုလုပ်မှ မြေကွက်ဝယ်လိုသူများ ဆက်သွယ်မှု
များလာသဖြင့် ဝယ်လက်တစ်ဦးနှင့် အရောင်းအဝယ် ပွဲဖြစ် သွားခဲ့ပုံ ကို ပြန်ပြောင်းပြောပြသည်ကို သိရှိခဲ့သည်။

"Facebook မှာ သင်လိုရာ ရှာဖွေပါ အိမ်ခြံမြေလည်း ပါ"

Facebook ဆိုသည်ကလည်း ပညာရေး၊ ကျန်းမာရေး၊လူမှုရေး ၊ စီးပွားရေး အစုံအလင်ရှာဖွေလေ့လာ၍ ရသဖြင့် ယနေ့ခေတ် လူငယ်များ သည် နေ့စဉ်စာမဖတ်ဖြစ်သော်လည်း Facebook ကြည့်ဖို့ကိုမူ မမေ့ကြ လက်လွတ်မခံကြ သတင်းစုံကို ရှာဖွေနေကြသည်။

လူတိုင်းသိလိုသည့် အကြောင်းအရာတစ်ခုကို Facebook တွင် ကြော်ငြာ လိုက်လျှင် အမြန်ဆုံးလူသိများလာသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း အိမ်ခြံမြေ ရောင်းဝယ်လိုသူများအနေဖြင့် Facebook ကို အသုံးပြုသူများ လာသည်ဟု ဆိုနိုင်သည်။

"သုံးပွင့်ဆိုင် ဆုံချင်တာ ပန်းဆိုးတန်းက "မြစံပယ်" လက်ဖက်ရည်ဆိုင်မှာ"

ထိုသို့ အတွေးကမ္ဘာထဲတွင် နစ်မျောနေခဲ့စဉ် တစ်ပတ်ခန့်အကြာတွင် "ကို မင်းသူ" ၏ ဖုန်းခေါ်သံ ပြန်ကြားရသည်။

"ဝယ်ဖို့ မြေကွက် တွေ့ပြီ ဆရာ၊ ဈေးလည်းပြောပြီးပြီ၊ ရောင်းမယ့်မြေကွက်ကတော့ လှိုင်သာ ယာဘက်မှာ (80'x60') ပါမစ်မြေကွက်ပါ မီးခွက်ဈေးနဲ့ သိပ်မဝေးဘူး၊ လူစည်ကားတဲ့ နေရာဆိုတော့ ဈေးကလည်း သိန်းတစ်ရာ တစ်ဆယ် လို့ ပြောတယ်။ အဲ့ဒါ ဒီနေ့ညနေ ရုံးဆင်းချိန် (၅)နာရီမှာ ရောင်းသူကို ဆရာရုံးအောက်က မြစံပယ် လက်ဖက်ရည်ဆိုင်မှာ ချိန်းလိုက်တယ် ဆရာ၊
ရောင်းသူကလည်း မြို့ထဲမှာ ရုံးတတ်တဲ့ ရုံးဝန်ထမ်းဆိုတော့ အဆင်ပြေ သွားတာပေါ့။ ဆရာ ရုံးပေါ်ကပဲ စောင့်နေ" ဟု ချိန်းဆိုလိုက်ပြန်သည်။

"ဖုန်းဆက်ပြီးတော့ ရောင်းသူရှာ လက်ပြသူဟာ ရောင်းမယ့်သူပဲ"

သတ်မှတ်ချိန် ညနေ(၅)နာရီတွင် ကိုမင်းသူ တပည့် တစ်ယောက်နှင့်အတူ ရောက်လေသည်။မြစံပယ်လက်ဖက်ရည်ဆိုင် သို့ သွားကြသည်။ ရောက်သည်နှင့် ကိုမင်းသူက ဖုန်းဆက်ပြီး လက်ဖက်ရည်သောက်သူများကို လှမ်း၍ ကြည့်လိုက်သည်နှင့် အသက်(၃၀) ကျော် အမျိုးသမီးနှစ်ဦးက လက်ထောင်ပြသည်။ ကိုမင်းသူက "လာ ဆရာ၊ ဟိုမှာ ရောင်းမယ့်သူတွေက လက်ကာပြတယ်၊ သူတို့စားပွဲမှာ ထိုင်ကြရအောင်" ဟု ဆို၍ ကျွန်ုပ်လည်း နောက်က လိုက်သွားသည်။

"ပြည့်စုံသည့် မြေချပါမစ် ကွင်းဆက်မပြတ် ရှိ"

ရောက်သည်နှင့် ရောင်းသူ ဝယ်သူ အပြန်အလှန်မိတ်ဆက်ကြသည်။ ကျွန်ုပ်နှင့်လည်း မိတ်ဆက်ပေးသည်။ "ကဲ မြေချပါမစ် မူရင်းတွေ ကြည့်ပါရစေ၊" ဟု ကျွန်ုပ်က တောင်းကြည့်လိုက်ရာ ရောင်းသူ အမျိုးသမီးမှာ ဝန်ထမ်းတစ်ဦးဖြစ်၍ စေ့စပ်သေချာစွာ အစဉ်လိုက် စုစည်းထားသည့် စာရွက်စာတမ်းများကို ထုတ်ပြသည်။

ပါမစ်စာရွက်များ ပြည့်စုံခြင်း၊ အရောင်းအဝယ် အဆက်မပြတ်ခြင်း အိုးအိမ်စစ်မေးထားခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် အမည်ပေါက် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီးခြင်း စသည့်စာရွက် များ ငွေသွင်းပြေစာများ ကို တွေ့ရ၍ ပြည့် စုံကြောင်း ဝယ်လို့ ရကြောင်း ကိုမင်းသူကို ပြောပြရာ ကိုမင်းသူကလည်း မှန်ကန်လျင် ဝယ်ဖို့ ဆုံးဖြတ်ထားသော သူဖြစ်၍ ကျွန်ုပ်ပြောလိုက်သည်နှင့် စရန်ငွေပေးဖို့ ပြင်ဆင်နေစဉ် ကျွန်ုပ်လည်း အိမ်ခြံမြေ နှစ်ဦးသဘောတူ အရောင်းအဝယ် စရန်ငွေလေး ကတိစာချုပ်ကို ချုပ်ဆိုပေးလိုက်ပါတယ်။

"ရောင်းသူ လယ်ဝယ် နှစ်လကြာ မြို့မြေစာရင်းမှာ ရှင်း ရဲ့လား သွားကြည့်ကြဖို့ သတိပေးချင်တာ"

သို့သော် ပါမစ်မှာ ရောင်းသူ၏ လက်ဝယ်တွင် (၂)နှစ်ခန့် သိမ်းထားခြင်း ဖြစ်၍ မြို့တော်ခန်းမ မြေစီမံခန့်ခွဲဌာန မြို့မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ/မရှိနှင့် ပါမစ်ပျေက်နှင့် ဂရန်သစ်လျှောက်ထားသူ ရှိ/မရှိ သိနိုင်ရန် သွားရောက် စုံစမ်းရပေဦးမည်။ စာချုပ်အပြီးတွင် တစ်ပတ်အတွင်း လှိုင်သာယာမြေကွက် ရှာတွေ့ရှိပုံကို ထူးဆန်းနေ၍ မေးကြည့်မိသည်။

"အော် ဟုတ်သားပဲ၊ ဆရာကို ပြောဖို့ ကျန်သွားတယ်။ ဆရာကို လာခေါ် ဖို့ ပြောထားတဲ့ မြေကွက် အဝယ်ဖြစ်တာနဲ့ Facebook မှာ မြေကွက် ရောင်း မည် ကြော်ငြာတွေ လိုက်ရှာကြည့်ခဲ့တယ်လေ။ ဇွဲကောင်းကောင်းနဲ့ ရှာလိုက်တာ ဒီက အမ နဲ့ သူ့သူငယ်ချင်းတစ်ယောက်က Facebook မှာ
ဒီမြေကွက်ရောင်းဖို့ တင်ထားတာ သွားတွေ့တယ်လေ။ ကျွန်တော် ဝယ်နိုင်တဲ့ဈေးလည်းဖြစ်နေတော့ အခုလို ဖုန်းဆက်ပြီး ဒီဆိုင်မှာ ချိန်းပြီး ဝယ်ဖြစ်သွားတာပါ "

"အေး....ကောင်းလိုက်တာကွာ၊ ပွဲစားခ လည်း ပေးစရာမ လို၊ ရှေ့နေ ကို လည်း အဝေးကြီးပြေးခေါ်စရာမလိုဘဲ အခုလို အရောင်းအဝယ်ဖြစ်သွား ကြတာ၊ တကယ်ကိုပဲ ဝမ်းသာစရာ ဂုဏ်ယူပါတယ်" ဟု ကျွန်ုပ်က ချီးကျူး လိုက်သဖြင့် အားလုံးအပြုံးကိုယ်စီ ဖြစ်သွားကြပါတော့သည်။


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service