Victoria’s Secret မော်ဒယ်လ် အက်ဒရီယာနာ လီမာ နယူးယောက်တိုက်ခန်းကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
1299 Views

Victoria’s Secret မော်ဒယ်လ် အက်ဒရီယာနာ လီမာ နယူးယောက်တိုက်ခန်းကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ရောင်းချ

အမေရိကန်ပြည်ထောင်စုတွင်၊ အမျိုးသမီးအတွင်းခံများကို ထုတ်လုပ်ရောင်းချသည့် အကြီးမားဆုံးကုမ္ပဏီမှာ Victoria’s Secret ဖြစ်သည်။

ရွိုင်ရေမွန်ဟု အမည်ရသော အမေရိကန်အမျိုးသားတစ်ဦးက ကုန်တိုက်တစ်ခုတွင် ဇနီးဖြစ်သူအတွက် အတွင်းခံဘောင်းဘီ သွားရောက်ဝယ်ယူရာတွင် အရှက်ရဖွယ်ဖြစ်ခဲ့ရာ ကိုယ်တိုင်ထုတ်လုပ်ရောင်းချရန် ကြိုးပမ်းခဲ့သည်။

သို့နှင့် ဘဏ်မှ ဒေါ်လာ ၄၀၀၀၀ နှင့် မိဘများထံမှ ဒေါ်လာ ၄၀၀၀၀ ချေးယူကာ ၁၉၇၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ပထမဆုံး Victoria’s Secret စတိုးဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပြီး နောင်နှစ်ပေါင်း ၃၀ ကျော်အကြာ ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၁၂ ဘီလီယံဖိုး ရောင်းချခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။

Victoria’s Secret ၏ မော်ဒယ်လ် အက်ဒရီယာနာ လီမာသည် ဘရာဇီးမော်ဒယ်တစ်ဦးဖြစ်ပြီး ယခုနေအိမ်ကို ၂၀၁၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ချေ။

ယခုအခါတွင် ကန်ဒေါ်လာ ၄ ဒသမ ၈၅ သန်းဖြင့် အရောင်းဈေးကွက်သို့ တဖန်ပြန်တင်လာရာ ယခင်ဈေးအောက် များစွာလျှော့ချထားခြင်း ဖြစ်သည်။

လီမာသည် နယူးယောက်မြို့လယ်ရှိ အဆိုပါအခန်းကို ၂၀၀၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂ သန်းခန့် (၁ ဒသမ ၉၉၅ သန်း) ဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုပါက ကန်ဒေါ်လာ ၃ သန်းနီးပါး မြတ်စွန်းမည် ဖြစ်သည်။

လီမာသည် မာကို ဂျာရီအမည်ရှိ ဘက်စ်ကက်ဘောသမားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားခဲ့သည်။
ယခုလူနေခန်းမှာ ၎င်းတို့နှစ်ဦးပူးတွဲပိုင်ဆိုင်သော အခန်းဖြစ်ပြီး ဈေးကွက်တွင်တင်ပြီး တစ်နှစ်ခန့်အထိ ရောင်းမထွက်သောကြောင့် အရောင်းစာရင်းမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

လီမာနှင့် ခင်ပွန်းတို့သည် ယခု ၂၀၁၆ အစောပိုင်းကတည်းကပင် ကွာရှင်းပြတ်စဲမှုကို အပြီးသတ်ပြုလုပ်ခဲ့ကြပြီးဖြစ်သည်ဟု ဆိုသည်။
ဂျာရီ၏ ပြောကြားချက်အရ ၎င်းနှင့် ဇနီးဖြစ်သူ လီမာတို့သည် မီယာမီတွင် အခြေချခဲ့ကြပြီး ကလေးများသည်လည်း ထိုဒေသတွင်ပင် ကျောင်းနေခဲ့ကြကြောင်း ပြောကြားသည်။

ယခုနယူးယောက်အခန်းကို ရံဖန်ရံခါလည်ပတ်ရာနေရာအဖြစ် နှစ်ဦးလုံး အသုံးပြုခဲ့ကြသည်။
“နယူးယောက်ကို သူနဲ့ကျွန်တော်ဘယ်သူပဲရောက်ရောက် အဲဒီအခန်းမှာ နေကြတယ်” ဟု ဂျာရီက ဆိုသည်။
ဂျာရီသည် ယခုအခါ ဘက်စ်ကက်ဘောကစားခြင်းမှ အနားယူထားပြီ ဖြစ်သည်။

ယခုအခါတွင်မူ အဆိုပါအခန်းကို နှစ်ဦးလုံးသွားရောက်နေထိုင်ကြခြင်းမရှိတော့သည့်အတွက် ရောင်းချရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း ဂျာရီက ပြောကြားသည်။
အိပ်ခန်းနှစ်ခန်း ပါဝင်ပြီး စတုရန်းပေ ၂၂၀၀ ခန့် ကျယ်ဝန်းသော အဆိုပါအခန်းမှ Central Park ပန်းခြံကို ကောင်းစွာရှုမြင်နိုင်သည်။
နေအိမ်ခန်းတည်ရှိရာမှာ နယူးယောက်မြို့၊ မန်ဟက်တန်ရပ်၊ ၅၇ လမ်း၊ မက်ထရို ပိုလီတန်တာဝါတွင် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Victoria’s Secret မော်ဒယ်လ် အက်ဒရီယာနာ လီမာ နယူးယောက်တိုက်ခန်းကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
Victoria’s Secret မော်ဒယ်လ် အက်ဒရီယာနာ လီမာ နယူးယောက်တိုက်ခန်းကို ကန်ဒေါ်လာ ၅ သန်းနီးပါးဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service