လာမယ့်နှစ်မှာ ရန်ကုန်အခြေစိုက်ရုံးတစ်ခု ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လုပ်ကိုင်ဖို့ ထိုင်းစီစဉ်လာ - Property News in Myanmar from iMyanmarHouse.com
1185 Views

လာမယ့်နှစ်မှာ ရန်ကုန်အခြေစိုက်ရုံးတစ်ခု ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လုပ်ကိုင်ဖို့ ထိုင်းစီစဉ်လာ

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်နိုင်ရေးရည်မှန်းထားတဲ့ ထိုင်းရဲ့
မဟာဗျူဟာတစ်စိတ်တစ်ဒေသအဖြစ် လာမယ့်နှစ်အတွင်းမှာ ရန်ကုန်မြို့
မှာ ရုံးခွဲတစ်ခု လာရောက်ဖွင့်လှစ်လုပ်ကိုင်သွားဖို့ ထိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ဘုတ်အဖွဲ့ BOI ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံအပါအ၀င် ကျန်အာဆီယံဒေသတွေမှာ
ယင်းရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြင့်သွားဖို့ မဟာဗျူဟာတစ်ရပ်ချမှတ်
လုပ်ကိုင်နေလျက်ရှိပါတယ်။ အလားတူ ထိုင်းရင်းနှီးမြှုပ်နှံမှုတာဝန်ရှိ
သူတွေအနေနဲ့ လာမယ့်နှစ်မှာပဲ ဗီယက်နမ်ရဲ့ ဟနွိုင်းမြို့နဲ့ ၂၀၁၈ ခုနှစ်
မှာ ဂျာကာတာမြို့တို့မှာ ရုံးတွေအသီးသီး ထပ်မံဖွင့်လှစ်သွားဖို့လည်း
ရှိနေပါသေးတယ်။

" အာဆီယံဒေသကတော့ အရင်းအမြစ်တွေပေါကြွယ်ဝပြီး အရည်
အသွေးမြင့်အလုပ်သမားထုတစ်ခုလည်း ရှိလို့ ဆွဲဆောင်မှုကောင်း
တဲ့ဒေသတစ်ခုပါပဲ၊ နောက်ပြီး စရိတ်စက သက်သာမှုရှိသလို တိုးတက်
မှုနှုန်းမြန်ဆန်တဲ့ ဈေးကွက်တွေလည်း ရှိနေပါတယ်" လို့ ထိုင်းရင်းနှီးမြှုပ်နှံ
မှုတိုးမြင့်ရေးအေဂျင်စီက ဒုတိယအတွင်းရေးမှူးချုပ် Chokedee Kaewsang
က ပြောပါတယ်။

" အထူးသဖြင့် ကမ္ဘောဒီးယား လာအို၊ မြန်မာနဲ့ ဗီယက်နမ် အုပ်စုက
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အခွင့်အလမ်းတွေ ပိုမိုပေးထား
နေနိုင်ပါတယ်" လို့ ၎င်းက အင်တာဗျူးတစ်ခု မှာ ပြောသွားပါတယ်။

" ဒေသတွင်းမှာတော့ မြန်မာက အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံမှုနေရာတစ်ခု
အဖြစ် ရပ်တည်နေပါတယ်၊ သူ့မှာက စီးပွားရေးတိုးတက်မှုနှုန်းက
မြင့်တက်နေသလို ပြည်တွင်းဈေးကွက်ကလည်း အလျင်အမြန်ဖွံဖြိုး
လာနေပါတယ်၊ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝသလို အလုပ်
သမား အင်အား၊ သယ်ယူပို့ဆောင်ရေးကွန်ရက် ကောင်းမွန်နေပါတယ်၊
ပြည်တွင်းဝယ်လိုအားလည်း ကြီးထွားလာနေပါတယ်၊ ဒီအခြေအနေတွေ
က ထိုင်းကုမ္ပဏီအတွက် ကောင်းမွန်တဲ့လက္ခဏာရပ်တစ်ခုပါပဲ" လို့
Chokedee က ပြောသွားပါတယ်။

အလားတူ ယခုနှစ် ပထမကိုးလတာအတွင်း အာဆီယံဒေသတွင်း
ထိုင်းတို့ရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၉၇ ဒသမ ၇ ဘီလီယံ
အနက်က ဘတ် ၁၄ ဘီလီယံလောက်က မြန်မာနိုင်ငံထဲကို
ဝင်ရောက်စီးဆင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

BOI ရဲ့ အဆိုရ ပြီးခဲ့တဲ့နှစ်တွေတည်းက ထိုင်းရင်းနှီးမြှုပ်နှံသူတော်တော်
များများဟာ ၎င်းတို့ရဲ့ အကြိုက်ဆုံးရင်းနှီးမြှုပ်နှံရာနေရာတွေအဖြစ် ဗီယက်နမ်
သို့မဟုတ် မြန်မာကို ရွေးချယ်လုပ်ဆောင်ထားခဲ့ပြီးတော့ အများဆုံး
စိတ်ဝင်စားလုပ်ကိုင်ခဲ့တဲ့ နယ်ပယ်တွေကတော့ အထည်အလိပ်နဲ့
စိုက်ပျိုးရေးထုတ်ပိုးကုန်လုပ်ငန်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။


Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service