Spring Line ကွန်ဒိုလာမယ့် ဇန်နဝါရီ ၈ ရက်နေ့ အရောင်းစတင်ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
1063 Views

Spring Line ကွန်ဒိုလာမယ့် ဇန်နဝါရီ ၈ ရက်နေ့ အရောင်းစတင်ဖွင့်လှစ်မည်

လူနေအိမ်ခန်း နဲ့ ရုံးခန်းပုံစံနှစ်မျိုးအသုံးပြုနိုင်တဲ့ ဆိုဟို (SohoType) ဒီဇိုင်းတွေနဲ့ဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ Spring line ကွန်ဒိုကို VIP ကတ် စနစ်ဝယ်ယူနိုင်ဖို့ စာရင်းပေးသွင်းနိုင်ပြီဖြစ် တယ်လို့ သိရပါတယ်။

‘ကွန်ဒိုရဲ့ထူးခြားချက်က ဝယ်ယူချင်သူတွေကိုယ်တိုင်လေ့လာပြီးဝယ်ယူနိုင်တယ်၊ ကိုယ်ကြိုက်တဲ့အခန်းကိုဆောက်ထားတဲ့ အဆောက်အအုံကိုကြည့်နိုင်တော့စိတ်ချရတယ်၊ အခန်းတွေကို အ ကြမ်းထည်ပြီးမှ အရောင်းဖွင့်လို့ တည်ဆောက်ချိန်ကိုစောင့်ရတာနည်းသွားတယ်လို့ Sale& Marketing Director ကိုကျော်ဇင်အောင်က ပြောပါတယ်။

စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခန်းအပ်နှံမှာဖြစ်ပါတယ်။ ကွန်ဒိုကတော့ ၂၄ ထပ်အမြင့်ရှိတဲ့ ကွန်ဒိုလေးလုံးနဲ့ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံ တစ်လုံးပါဝင်ပါတယ်။ မြေဧက ၂.၂ ကျယ်ဝန်းတဲ့ ဘိုးဘွားပိုင်မြေပေါ်မှာ ရွှေအုတ်ခဲဆောက်လုပ်ရေးကုမ္မဏီက လက်ရှိဆောက်လုပ် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ကွန်ဒိုမှာပါဝင်တဲ့ဝန်ဆောင်မှုတွေကတော့ ရေကူးကန်၊ အားကစားခန်းမ၊ စာကြည့်တိုက်၊ ကလေးကစားကွင်း၊ အပေါ်ဆုံးထပ်မှာ သီးသန့်နားနေနိုင်တဲ့နေရာတွေ၊ ဟိုတယ်၊ ရှော့ပင်းမောနဲ့ ၂၄ နာရီဈေးဆိုင်ခန်းစတာတွေပါဝင်ပါ တယ်။ နိုင်ငံခြားသားဝယ်ယူချင်သူတွေကိုလည်း အစိုးရပြဋ္ဌာန်းထားတဲ့ ကွန်ဒိုဥပဒေနဲ့အညီရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းကတော့ အင်းစိန်မြို့နယ်ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်း အမှတ် ၄၁၆ မှာတည်ရှိပြီး အခန်းတွေကို ငလျင်ဒဏ် ရှစ်ရစ်ခ်ျစတာစကေးခံနိုင်အောင်တည်ဆောက်ထားပြီးစင် ကာပူနည်းပညာနဲ့ ဒီဇိုင်းရေးဆွဲထားပါ တယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service