မှုခင်းမကြာခဏဖြစ်ပေါ်နေမှုများကြောင့် အိမ် ခြံ မြေ ဈေးကွက်အပေါ်ရိုက်ခတ်မှုရှိလာ - Property News in Myanmar from iMyanmarHouse.com
1695 Views

မှုခင်းမကြာခဏဖြစ်ပေါ်နေမှုများကြောင့် အိမ် ခြံ မြေ ဈေးကွက်အပေါ်ရိုက်ခတ်မှုရှိလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမကြာခဏ ဖြစ်လာသော မှုခင်းများကြောင့် အိမ် ခြံ မြေ အရောင်းအ၀ယ်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိလာကြာင်း ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်အသင်း ဥက္ကဌ ဖြစ်သူ ဦးစိုင်းခွန်နောင်မှ သုံးသပ်ပြောဆိုခဲ့သည်။

' ခုတလော မှုခင်းတွေဖြစ်တာကလည်း အိမ် ခြံ မြေ ဈေးကွက်အပေါ် အကျိုးသက်ရောက်မှုရှိတယ်။ တရားဥပဒေစိုးမိုးမှုမရှိတာတွေကြောင့် လုံခြုံရေးအပိုင်းမှာ စိတ်ပူလာကြတယ်။ နောက်ပြီး တစ်ဖက်မှာလည်း Foreign Investor တွေက ၀င်မလာဘူး။ နောက်တစ်ခါ ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကလည်း နည်းဥပဒေမထွက်သေးတာတွေလည်းပါတာပေါ့လေ။အမှုအခင်းများလို့ ပြည်တွင်းအိမ် ခြံ မြေ မှာလည်းထိခိုက်တယ်။များသောအားဖြင့် အခုက နေရာ ၀ယ်မယ်၊ ငှားမယ်ဆိုရင် လုံခြုံရေးကို ဂရုစိုက်လာကြတယ် ' ဟု ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ လုပ်ငန်းရှင်အသင်း ဥက္ကဌ ဖြစ်သူ ဦးစိုင်းခွန်နောင်မှပြောပြသည်။

ယင်းကဲ့သို့ လုံခြုံေ၇းအပိုင်းနှင့် စပ်လျဉ်းကာ အများဆုံးမေးမြန်းလေ့ရှိသည်မှာ နိုင်ငံခြားသားများပင်ဖြစ်ကြောင်းလည်းသိရသည်။

' အများဆုံးကတော့ နိုင်ငံခြားသားတွေနဲ့ သူတို့နဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီတွေက လုံခြံရေးပိုင်းကို ပိုသတိထားဂရုစိုက်လာကြတယ်။နောက်ပြီး DOWNTOWN ဆိုလည်း ကားကြပ်တဲ့ နေရာတွေဆို မလိုချင်ကြဘူး။ချုံ့ပြောရရင်တော့ အိမ် ခြံ မြေ ဟာလည်း တစ်ခြားဟာတွေနဲ့ ဆက်စပ်နေတာပါပဲ။လုံခြံမှုတွေ အားကောင်းလာရင် အကောင်းဆုံးပါပဲ 'ဟု အထက်ပါ ပုဂ္ဂိုလ်မှ သုံးသပ်ပြောဆိုခဲ့သည်။

လက်ရှိ ပြည်တွင်းအိမ် ခြံ မြေ ဈေးကွက်မှာအရောင်းအ၀ယ် အတန်ငယ်ပြန်လည် သက်ဝင်လာခဲ့ပြီး ရန်ကင်း ၊မရမ်းကုန်း ၊ဗဟန်း ၊ လှိုင်သာယာ မြို့နယ်များနှင့် ဇုန်မြေများအရောင်းအ၀ယ်အငှားမျှတနေကြောင်းသိရသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service