ငုတ်တုတ်မေ့နေတဲ့ အိမ်ခြံမြေဈေးကွက် နိုးထချိန်တန်ပါပြီ - Property News in Myanmar from iMyanmarHouse.com
11399 Views

ငုတ်တုတ်မေ့နေတဲ့ အိမ်ခြံမြေဈေးကွက် နိုးထချိန်တန်ပါပြီ

ဆောက်လုပ်ရေး လုပ်ငန်း လုပ်တဲ့ လူတွေဘဲဖြစ်ဖြစ် ၊ အိမ်ခြံမြေ အကျိုးဆောင်တွေ ဘဲဖြစ်ဖြစ် သူတို့ဆီက ပုံမှန်ကြားနေရတာကတော့ အလုပ်မကောင်းဘူး ၊ ငွေမရှိဘူး ၊ တစ်ခြားဘာလုပ်ရင် ကောင်းမလဲ ဆိုပြီး အပြန်အလှန် အကြံထုတ်နေကြတာကို ဘဲကြားနေတွေ့နေရပါတယ် ၊ အိမ်ခြံမြေ လုပ်ငန်းတွေနဲ့ ဆပ်စပ်နေတဲ့ လူတွေ အားလုံးရဲ့ ပြောစကားကတော့ ၂၀၁၆ ခုနှစ်က ရေခဲတုံး ဖင်ခုထိုင်ရလောက်အောင် ထိကို အေးစက်နေလို့ အကြံကုန်ထုတ် ရုန်းကန်နေရတဲ့ လုပ်ငန်းရှင်တွေကအများစု ဖြစ်ပါတယ် ။

အခန်းကလည်း ရောင်းမထွတ် ၊ ငွေတွေကလည်း တိုက်ထဲမှာ မြေတွေထဲမှာ မြုပ် ဒီကြားထဲ ဘဏ်တိုးတွေနဲ့ပါ ထည့်သွင်းတွက်လိုက်မယ် ဆိုရင် အခုအချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်း လုပ်တဲ့သူတွေ တော်တော်များများ
ခေါင်းခြောက်ပြီး နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာဖို့ ကြိုးစားနေတာကို တွေ့နေမြင်နေရပါတယ် ။

အိမ်ခြံမြေ ပြပွဲတွေ လုပ်ပြီး ဈေးနှုန်း ချ အစွံ့ထုတ် ငွေဖော်ဖို့ ကြိုစားနေတဲ့သူတွေ ရှိသလို ၊ အများအကြိုက်နှစ်တိုနှစ်ရှည်တွေနဲ့ အရစ်ကျ ရောင်းဖို့ ကြိုးစားနေတဲ့ လုပ်ငန်းရှင်တွေလည်း ရှိပါတယ် ၊ ဒါ့ အပြင် ကွင်းပြောင်ပြောင် လမ်းမရှိ ၊ မီးမရှိ ၊ ရေမြောင်းမရှိဘဲ ကားမပြောနဲ့ ဆိုက်က္ကားတောင် သွားလို့မရတဲ့ ကွင်းပြောင်းပြောင်ထဲက သိန်းရာဂဏန်း ၊ ဆယ်ဂဏန်း မြေကွက် ပိုင်ရှင်တွေကလည်း သူတို့ ကိုင်ထားတဲ့ မြေကွက်တွေကို ငွေဖော်လျှော့ ဈေးနဲ့ အပြိုင်အဆိုင် ရောင်းဖို့ ဟန်ပြင်နေကြတာ အားလုံး အသိဘဲဖြစ်ပါတယ် ။

ဆိုင်ကယ်တ၀ီဝီ နဲ့ ဟန်းဖုန်းကို မနားတမ်းပြောတက်ကြတဲ့ ရပ်ကွက်ပွဲစားတွေ ၊ လက်ကောက်တွေ တစ်တောင်ဆစ် လောက် ၀တ်ပြီး အာပေါင်အာရင် သန်သန် နဲ့ ပြောဆိုရောင်းဝယ်တက်တဲ့ အန်တီကြီးတွေ အခုဆိုရင် အလုပ်မဖြစ်ကြလို့ ဆိုင်ကယ်တွေ ကားတွေလည်း အပေါင်ဆိုင်ရောက်လို့ရောက် ရောင်းလိုရောင်း ၊ လက်ကောက်တွေလည်း တစ်ကွင်းပြီး တစ်ကွင်းလျှော့လာပြီး အထုတ်ဖြေစားရတဲ့ ရပ်ကွက်ပွဲစားတွေကလည်း ၂၀၁၆ ခုနှစ်အတွက် အမှတ်တရ ဖြစ်ရပ်တွေဘဲဖြစ်ပါတယ် ။

ဆောက်လုပ်ရေးသမား တွေ ၊ ၀ယ်ရောင်းတွေတင်မကဘဲ ၊ ရပ်ကွက်အကျိုးဆောင်တွေ အပြင် ပက်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေမှာ လုပ်နေတဲ့ ထောင်ပေါင်းများစွာသော သူတွေ လည်း အရောင်းအ၀ယ်မကောင်လို့ ထိခိုက်မှုတွေ အနည်းနဲ့ အများဆိုသလို ကြားနေရပါတယ် ၊ အချိှု့ဆိုရင် အခြားသော အလုပ်တွေကို ပြောင်းလုပ်လာရတဲ့ အထိ အပြောင်းအလဲတွေ
ဖြစ်ခဲ့ပါတယ် ။

အခုတလော ပွဲတစ်ချို့မှာ ဆောက်လုပ်ရေး သမားတွေ အချင်းချင်းဆီကနေ ကြားနေရတဲ့ သတင်းလေးတွေကလည်း သိပ်ကောင်းလှတာတော့ မဟုတ်ပါဘူး ၊ ရသမျှဈေးနဲ့ ထုတ်ရောင်းပြီး ငွေဖော်ဖို့ ကြံနေတဲ့ Developer, Contractor တွေ အများကြီး ရှိပြီး ဆောက်လုပ်ရေး လောကကို ကျောခိုင်းမယ့် သူတွေလည်း ရှိလာပြီ ဆိုတဲ့အကြောင်း ကြားနေမြင်နေရပါတယ် ၊ တစ်ချို့ကလည်း လုပ်လက်စ အလုပ်ကလေးတွေ ပြီးရင် ဆက်မဆောက်တော့ ဘဲ ဈေးကွက်အခြေအနေကို အဝေးတစ်နေရာ ခပ်လှမ်းလှမ်းက စောင့်ကြည့်နေကြမယ့် သူတွေလည်း များလာပါတယ် ။ ဘောလုံးအားကစားနည်းနဲ့ ပြောရင်တော့ အခြေအနေကောင်းမှ ပြန်ဝင်ကန်မယ့် သဘောရှိပါတယ် ။

နာမည်ကြီး အင်အားတောင့် ဆောက်လုပ်ရေး သမားတွေလောက်ဘဲ ခပ်ယိုင်ယိုင်ကျန်ခဲ့တာ ဖြစ်ပြီး ရန်ကုန်အစိုးရရဲ့ အထပ်မြင့်ခေတ္တရပ်ဆိုင်းခိုင်းလိုက်မှုကလည်း ရေခဲလုနီးနီး ဖြစ်နေတဲ့ ဆောက်လုပ်ရေး လောကကို ရေခဲတုံး အဖြစ် တွန်အားပေးလိုက်သလို ဖြစ်သွားပြီးဖြစ်ပါတယ် ၊ အခုနောက်ဆုံး ပိုဆိုလာတာက နေ့စဉ်နဲ့ အမျှ မျက်လှည့်ပြပြီး အတက်ကြမ်းနေတဲ့ ဒေါ်လာဈေးကြောင့်လည်း သံချောင်းဈေးတွေက တစ်တန်လေးသိန်းက နေ ခုနှစ်သိန်းအထိ ခုန်တက်လာတာကြောင့် လုပ်ငန်းတွေ ရပ်ဖို့ စဉ်းစားလာတဲ့ လုပ်ငန်းရှင်တွေလည်း အများအပြား တွေ့မြင်လာနေရပါပြီ။

ဈေးကွက်ပျက်လို့ အရောင်းအ၀ယ် မရှိရတဲ့ ကြားတဲ့ ဒေါ်လာနဲ့ သွင်းရတဲ့ ဆောက်လုပ်ရေး ပစ္စည်းအများစု ဈေးတွေ အဆမတန် ခုန်တက်လာတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေတယ့် လုပ်ငန်းရှင်တွေ အနေနဲ့လည်း လုပ်ငန်းတွေကို ရုပ်တရက် ရပ်ဖို့ ဆိုတာ လုပ်ငန်းသဘောသဘာဝအရ အခက်အခဲရှိပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ အခြား လုပ်ငန်းတွေနဲ့ မတူညီဘဲ အလုပ်သမား ရာနဲချီ နေ့စဉ်အသုံးပြုရတဲ့အပြင် ၀န်ထမ်းတွေကလည်း ဆယ်ဂဏာန်းနဲ့ ချီခန့်ထားလို့ အခြေအနေမကောင်းလို့ ရပ်နားရမယ် ဆိုရင်တောင် မှီခိုနေတဲ့ မိသားစုတွေ ရဲ့စားဝတ်နေရေး ရှိတာကြောင့် ပြန်ဌဲ့ညှာ နေရပြီး အလုပ်ဖြစ်အောင် ၊ အလုပ်သမားတွေ လုပ်အားခ လောက်ရရင် တော်လောက်ပါပြီ ဆိုတဲ့ စိတ်ကလေး နဲ့ ကြိုးစား ရုန်းကန်နေရတဲ့ ကန်ထရိုက်တာတွေ ၊ ကုမ္မဏိငယ်လေးတွေကလည်း ထုနဲ့ထေး ရှိပါတယ် ။

အိမ် ခြံ မြေ နဲ့ ဆောက်လုပ်ရေး ဈေးကွက် ဘယ်တော့ ပြန်ကောင်းနိုင်မလဲ ... စီးပွားရေး ဘယ်တော့လောက် ပြန်ဦးမော့ နိုင်မလဲ ... ဒေါ်လာဈေးတွေ ထပ်တက်နိုင်အုံးမလား ပြန်ကျသွားမလား ၊ ဒေါ်လာဈေးဘယ်အထိ တက်နိုင်မလဲ ဆိုတဲ့ အခြေအနေကတော့ ဆောက်လုပ်ရေး သမားတွေ ၊ အိမ်ခြံမြေ သမားတွေ သိချင်နေတဲ့ အဖြေတွေဘဲဖြစ်ပါတယ် ။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတော်တော်များများက ဒေါ်လာနဲ့ ပြည်ပကနေ တင်သွင်းရတာဖြစ်တဲ့ အတွက် ဒေါ်လာဈေး အတက်ကြမ်းတာကလည်း ဆောက်လုပ်ရေးလောကကို အဆင်းဘီးတပ်သလို ဖြစ်နေတာဖြစ်ပါတယ် ။

ပြသနာရှိရင် ပြသနာ ကို ဖြေရှင်းနိုင်မယ့် အဖြေဆိုတာ ရှိမှာဖြစ်ပါတယ် ၊ အခွန်အကောက်တွေ ကိုလျှော့ပေးဖို့ လိုသလို ၊ ပြည်သူတွေရဲ့ အိမ်ရာ၊ တိုက်ခန်း ၀ယ်ယူပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းကို ဖန်တီးပေးဖို့လိုပါတယ် ၊ နောက်ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အတွက်လည်း အတိုးနှုန်းသက်သာတဲ့ချေးငွေ တွေ ပေးနိုင်ဖို့ ကလည်း အရေးကြီးပါတယ် ၊ ရေရှည်စီမံကိန်းနဲ့ နည်းစနစ်ကျကျ လုပ်နိုင်မှဘဲ အခြေအနေကောင်းနိုင်မှာ ဖြစ်ပါတယ် ၊ ဒါတောင် ဈေးကွက်ပြန် ဦးမော့လာနိုင်ဖို့ ၊ ဒဏ်ရာဒဏ်ချက်တွေ များတဲ့ ဈေးကွက်ကြီး အနာကျက်ပြီး အသားတက်ဖို့ အတွက် အနည်းဆုံး နှစ်နှစ်လောက် အရှိန်ယူရအုံးမှာ ဖြစ်ပါတယ်။

ပထမဆုံး ခြေလှမ်းဖြစ်တဲ့ စတင်ခြင်း ခြေလှမ်းက အရေးကြီးတဲ့ အတွက် ဆောက်လုပ်ရေး အသင်းက လူတွေ အနေနဲ့ အစိုးရ ဆီမှာ အခွန်နှုန်းထား လျှော့ချကောက်ခံပေးဖို့ အကြံပြုလွှာတင်ခဲ့ကြပြီးဖြစ်သလို မကြာခင်မှာလည်း ကွန်ဒိုနည်းဥပဒေ ထွတ်လာမယ့် အားသာချက်တွေလည်းး ရှိပါတယ် ၊ ဒါပေမယ့် ဈေးကွက်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရဖို့ အတွက်ကတော့ ဒီထက်ပိုမို ခြေလှမ်းစိတ်စိတ် လှမ်းပေးဖို့ လိုပါကြောင်း ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service