ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အတိုးနှုန်းများ ပြင်ဆင်မည် - Property News in Myanmar from iMyanmarHouse.com
1201 Views

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အတိုးနှုန်းများ ပြင်ဆင်မည်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၇ တွင် အတိုးနှုန်းများလျှော့ချနိုင်ရန် ပြင်ဆင်နေကြောင်း အဆိုပါဘဏ် ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောကြား သည်။

ဘဏ်သို့ အိမ်ရာဝယ်ယူရန် လာရောက်ငွေစုထားသူများကို အပ်ငွေ အတိုးနှုန်း ၁၀ရာခိုင်နှုန်း သတ်မှတ်ထားပြီး ချေးငွေအတိုး နှုန်းသည် ၁၂ ရာခိုင်နှုန်းဖြစ်နေသောကြောင့် အဆိုပါအတိုးနှုန်းကို ပြင်ဆင်မည်ဖြစ်ကြောင်းဦးဝင်းဇော်က ဆိုသည်။

သက်ဆိုင်ရာ ဆောက်လုပ် ရေး ၀န်ကြီးဌာနနှင့် ဆွေးနွေး လျက်ရှိပြီး အတိုးနှုန်းကို လျှော့ချပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောအတိအကျပြောကြား၍မရသေးကြောင်း ၎င်းကဆိုသည်။

ဘဏ်၏ ပင်မငွေများလည် ပတ်နိုင်ရေး နိုင်ငံတကာမှလည်း ငွေချေးယူရန် ညှိနှိုင်းမှု ပြုလုပ် ထားသည်ဟုဆိုသည်။

လက်ရှိဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ရန် ကုန်မြို့၌ တည်ဆောက် ပြီးစီးနေသော တန်ဖိုးသင့်၊ တန်ဖိုး နည်း အိမ်ရာအချို့ ၀ယ်ယူနိုင် ရန် ယင်းဘဏ်တွင်ငွေစုထားသူ များထဲမှ ၃၀ ရာခိုင်နှုန်းပြည့်မီသူ များအား စတင် ငွေချေးခြင်းများပြု လုပ်နေပြီဖြစ်သည်။

ငွေချေးရာတွင် အခန်းပေး အခန်းယူစနစ်ဖြင့် တည်ဆောက် သည့် လုပ်ငန်းရှင်များကို ငွေမ ချေးဘဲ တိုက်ရိုက်ကိုယ်ပိုင်မြေ တွင် တည်ဆောက်မည့် ကုမ္ပဏီ များကိုသာ ငွေချေးပေးလျက်ရှိ ကြောင်းသတင်းရရှိသည်။

‘‘ပုဂ္ဂလိက ဘဏ်တွေထက် အတိုးနှုန်းနည်းအောင် လုပ်ပေး ရင်တော့ ပြည်သူက စိတ်ဝင်စား မှာပဲ။ အခုဒီဘဏ်ကလည်း ဖွင့် တာသိပ်မကြာသေးတော့ လည် ပတ်ဖို့တော်တော်လေးအရှိန်ယူ နေရတယ်’’ ဟု အဆိုပါဘဏ်မှချေးငွေယူပြီး လုပ်ငန်းလည်ပတ်နေသည့် သပြေရိပ်ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးအောင်ကြီးက သုံးသပ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ၀င်ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များစုစည်းပြီး စတင်တည်ထောင် ခြင်းဖြစ်သည်။ ၂၀၁၃ဇူလိုင်တွင် ဗဟိုဘဏ်မှ ဘဏ်လိုင်စင်ရရှိခဲ့ ပြီး ငွေချေးခြင်းလုပ်ငန်းများလည် ပတ်နေသည်မှာ သုံးနှစ်ကျော်လာ ပြီဖြစ်သည်။



Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service