မန်း အိမ်ခြံမြေဈေးကွက် အရောင်းထက် အငှား ပိုသွက်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
802 Views

မန်း အိမ်ခြံမြေဈေးကွက် အရောင်းထက် အငှား ပိုသွက်နေဟုဆို

မန္တလေးမြို့ မြို့လယ်အနီးတစ်ဝိုက်မှာရှိတဲ့ အိမ် ခြံမြေတွေ အငှားဈေးကွက်က ပို သွက်နေပါတယ်။

ဖိုးလမင်း အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက “မြို့ထဲကနေရာတွေမှာ အရောင်း အဝယ်ဖြစ်တာရှားတယ်၊ အငှား ဈေးကွက်က ပုံမှန်ဖြစ်တယ်၊ အဲဒီ နေရာတွေမှာ ငှားတဲ့လူတွေက သက်တမ်းပြည့်ရင် အခြားတစ်နေ ရာကို ပြန်ငှားကြတယ်၊ နေရာအ ပြောင်းအလဲက ရှိနေတာဆိုတော့ အငှားဈေးကွက် ပိုသွက်တဲ့သဘောပါပဲ၊ အရောင်းထက်စာရင် အငှားကို ပိုစိတ်ဝင်စားသူများတယ်”လို့ ပြောပါတယ်။

မန္တလေးမြို့လယ်က နေရာ များမှာ မြေဈေးနှုန်းတွေ မြင့်မားပြီး မြေမျက်နှာစာကျယ်ဝန်းမှုနဲ့ လမ်းမကြီးတွေပေါ်မှာ တည်ရှိနေပါက ကျပ်သိန်း ၁၀,ဝ၀ဝ အထက်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။

မြို့ထဲမှာရှိတဲ့ နေရာတွေကို ငှားရမ်းတဲ့အခါ နှစ်ရှည်ငှားရမ်းမှု နည်းပြီး အချိန်တစ်နှစ်၊ နှစ်နှစ်နဲ့ သုံးနှစ်လောက်ပဲ ငှားရမ်းသူပိုများတယ်လို့ မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောပါတယ်။

အငှားဈေးကွက်အနေနဲ့တော့ မန္တလေးမြို့ ၁၉ လမ်း အနောက် ဘက်ခြမ်း၊ ၇၈ လမ်း၊ လမ်း ၈၀ နဲ့ ဈေးချိုအနီးကတိုက်ခန်းနဲ့ လုံးချင်း တိုက်တွေဟာ နေရာအနေအထားနဲ့ အကျယ်အဝန်းအပေါ်မူတည်ပြီး ဈေး အနည်းအများကွာခြားတာ ဖြစ်ပါတယ်။ အဲသည်နေရာတွေမှာ လတ်တလော ငှားရမ်းခတွေကတော့ ကျပ် ၁၀ သိန်းကနေ ကျပ်သိန်း ၅၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။

အိမ်ခြံမြေအငှားဈေးကွက်မှာ ဝါကျွတ်ကာလတွေမှာ ငှားရမ်းလို သူပိုများပြီး မန္တလေးက အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းတွေကလည်း အခုလမှာတော့ အရင်လတွေကထက်တော့ အရောင်းအဝယ်ပြန်သွက်နေပါတယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service