မွန်ပြည်နယ်ရှိ စီမံကိန်းများအားလုံးကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်း ဆောင်ရွက်နေဆဲဟုဆို - Property News in Myanmar from iMyanmarHouse.com
816 Views

မွန်ပြည်နယ်ရှိ စီမံကိန်းများအားလုံးကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်း ဆောင်ရွက်နေဆဲဟုဆို

မွန်ပြည်နယ်အတွင်း စီမံကိန်းလုပ်ငန်းများ အားလုံးကို ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ပြည်နယ်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်း ကြည်ဝင်းက ဆိုသည်။

မွန်ပြည်နယ် စီမံကိန်းလုပ် ငန်းများကို ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း IEE (Initital Environmental Examination)ပြုလုပ် ရန် လုပ်ငန်းရှစ်ခု၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း EIA (Environmental Impact Asses -ment) ပြုလုပ်ရန် လုပ်ငန်း ၁၀ ခုကို သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ တင်ပြ၍ သဘောထား တောင်းခံထားကာ ပြည်နယ်ပတ် ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန က စိစစ်နေဆဲဟု ဆိုသည်။

‘‘ပြည်နယ်ထဲမှာရှိတဲ့ စီမံ ကိန်းလုပ်ငန်းအားလုံးကို IEE တစ်ခုမှ မလုပ်ရသေးပါဘူး။ IEE လုပ်ဖို့ ဆောင်ရွက်နေတုန်းပါပဲ’’ ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ကျိုက်မရောမြို့နယ်တွင် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ မုဒုံမြို့နယ်တွင် ရော်ဘာထုတ်လုပ်ခြင်းလုပ်ငန်း၊ ပေါင်မြို့နယ်တွင် ကျောက်ထုတ် လုပ် သည့်လုပ်ငန်းများ၊ မော်လမြိုင်မြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးခွဲကျောက်များ တူးဖော် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်း၊ BOT စနစ်ဖြင့် အတ္ထရံမြစ်ရေကို သန့်စင်ဖြန့်ဝေခြင်းလုပ်ငန်း၊ ရော်ဘာ သစ်ခွဲခြင်း လုပ်ငန်း၊ BOT စနစ်ဖြင့် ပြည်တွင်း ဖြစ်အရက် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ကျိုက်ထိုမြို့နယ်တွင် Cable Car ဖြင့် ခရီးသည် သယ်ယူပို့ဆောင် ရေးလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင် မှုလုပ်ငန်း၊ ရော်ဘာပင်အိုသစ် များကို လေးဖက်ချောသစ်အဖြစ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘီးလင်းမြို့နယ်တွင် အဆင့်မြင့် ရော်ဘာစက်ရုံ၊ ရေဒီရယ်တာယာ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း အစရှိသည့် လုပ်ငန်း ၂၄ ခုကို စိစစ်နေ ဆဲဖြစ်သည်ဟု ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

‘‘အမှန်တကယ်ဆို ပြည်နယ် အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု မစခင် စီမံကိန်းလုပ်ငန်းကို အစိုးရက အရင်ဆုံး IEE ကိစ္စကိုလုပ်ရ မယ်။ စီမံကိန်းလုပ်ငန်းတစ်ခု ကြောင့် ဒေသထဲမှာရှိတဲ့ ဒေသခံ တွေ ပတ်ဝန်းကျင်မှာ နစ်နာမှုရှိ၊ မရှိ လုပ်ထားသင့်တယ်။ ဒါလုပ် ထားမယ်ဆိုတော့ ဘာမှ ပဋိပက္ခ မဖြစ်နိုင်ဘူးပေါ့။ အစိုးရဘက်က IEE တစ်ခုမှ မလုပ်ရသေးဘူးဆို တော့ ပဋိပက္ခကိစ္စတွေ ထပ်ဖြစ် လာဦးမှာပဲလို့ ကျွန်မမြင်တယ်’’ ဟု သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service