ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း စက်မှုဇုန်လာမည့်နှစ်တွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
1805 Views

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း စက်မှုဇုန်လာမည့်နှစ်တွင် စတင်မည်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်း တည်ဆောက်မည့် ပုဏ္ဏားကျွန်း စက်မှုဇုန်ကိုလာမည့်နှစ်တွင် စတင်နိုင်ရန် ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းကစ၍ မြေယာဖော်ဆောင်မှုများ
ပြုလုပ်တော့မည် ဖြစ်ကြောင်း မြန်မာ့ကျောက်ဖြူအထူး စီးပွား ရေးဇုန် အများပိုင်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးကျောက်တောင်က ပြည်မြန်မာ သတင်း ဂျာနယ်ကို ပြောသည်။

''ဒီဇင်ဘာဒုတိယပတ်မှာ ပုဏ္ဏားကျွန်းကိုသွားပြီး လုပ်ငန်းစတင်မှာပါ။မြေ လည်းဝယ်ယူပြီးပါပြီ။ ပြည်နယ်အစိုးရနဲ့ MOU ထိုးပြီးပါပြီ။ ပထမဆုံးအနေနဲ့ သွပ်ပြားထုတ်လုပ်တဲ့
စက်ရုံကို အရင် တည်ဆောက်သွားမယ်။ စက်မှုဇုန် ပြီးစီးသွားရင် ကျွန်တော်တို့ပြည်နယ်က ထောင် နဲ့ချီတဲ့တိုင်းရင်းသားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရမှာဖြစ်တယ်''ဟု ယင်းက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက်နှစ်မိုင်အကွာရှိ မြေဧကတစ်ထောင့်ရှစ်ရာပေါ်တွင် အဆိုပါ စက်မှုဇုန် ကိုတည်ဆောက်မည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်အ
စိုးရအဖွဲ့ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးဌာနက သိရသည်။

ယင်းစက် မှုဇုန်တွင် သွပ်ပြားစက်ရုံအပါအဝင်တ ယ်လီဖုန်းဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊
အထည်ချုပ်လုပ်ငန်း၊ စား သောက်ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံနှင့် ဆေးဝါးထုတ်လုပ်သည့်စက်ရုံစသည်တို့ကို
ရခိုင်ပြည်နယ် အခြေစိုက် မြန်မာ့ကျောက်ဖြူ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီက တည် ဆောက်မည်ဖြစ်သည်။

မြန်မာ့ကျောက် ဖြူအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (Myanmar Kyaukphyu Special Economic Zone Holding Public Co.,Ltd – MKSH) တွင် ရခိုင်ပြည်နယ် ၏ ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခုပါဝင် ပြီး စီမံကိန်းလုပ်ငန်းများ စတင်လျှင် အ စုရှယ်ယာများရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတို့က အဆိုပါစက်မှုဇုန်အပေါ် မျှော်လင့်ချက်များစွာရှိနေကြပြီး လိုလို လားလားဖြစ်နေကြကြောင်း ပုဏ္ဏားကျွန်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း တင်က ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။

''အရင် အစိုးရလက်ထက်က MOU ထိုးခဲ့တယ်၊ အခုအစိုးရလက်ထက်မှာ လည်း MOU ထိုးထားတယ်၊ ဒါပေမဲ့ မြန်မာ့ကျောက်ဖြူအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီအနေ
နဲ့အစိုးရနဲ့ ပတ် သက်တဲ့ လုပ်ငန်းဆောင်တာအစီအစဉ် တွေရှိနေသေးတယ်။ အားလုံးအမြန်ဆုံး လုပ်ဆောင်တော့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေရတာပေါ့''ဟု ယင်းက ပြောသည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service