စတော့ အိတ်ချိန်းတွင် ရှယ်ယာဈေး တည်ငြိမ်လာ - Property News in Myanmar from iMyanmarHouse.com
855 Views

စတော့ အိတ်ချိန်းတွင် ရှယ်ယာဈေး တည်ငြိမ်လာ

ရန်ကုန်စတော့အိတ် ချိန်းတွင် စာရင်းဝင်ထားသည့် အများပိုင်ကုမ္ပဏီ သုံးခု၏ ရှယ် ယာဈေးမှာ ယခုလအတွင်း အ တက်အကျနည်းပါးပြီး တည်ငြိမ် လာကြောင်း သတင်းရရှိသည်။

ဈေးနှုန်း တည်ငြိမ်လာပြီး နောက် ရှယ်ယာ အရောင်းအ ၀ယ်မရှိသည့် ကုမ္ပဏီများပါရှိ လာကြောင်း ရန်ကုန်စတော့အိတ် ချိန်းမှ သတင်းရရှိသည်။

FMI ကုမ္ပဏီ၏ ရှယ်ယာ ဈေးသည် ဒီဇင်ဘာ ၁ ရက်တွင် အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၆,၀၀၀ ပေါက်ဈေးရှိပြီး ဒီဇင် ဘာ ၁၃ ရက်အထိ ထိုနှုန်းဖြင့်သာ အရောင်းအ၀ယ်ဖြစ်နေသည်။

ဒီဇင်ဘာအတွင်း သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင် (MTSH) ကုမ္ပဏီ၏ ရှယ်ယာတစ်စုလျှင် ကျပ် ၄၅၀၀ မှ ကျပ် ၄၇၀၀ အထိ အပြောင်းအလဲ ဖြစ်ခဲ့သည်။ MCB(မြန်မာနိုင်ငံသားများဘဏ်)၏ ရှယ်ယာသည် ကျပ် ၉၄၀၀ မှ ၉၆၀၀ အထိ အပြောင်းအလဲရှိပြီး အရောင်းအ၀ယ်မရှိ၍ ဈေးကွက် မဖွင့်သည့်ရက်များ ပါရှိကြောင်း ရန်ကုန်စတော့အိတ် ချိန်းမှ သိရသည်။

FMI ကုမ္ပဏီ၏ ရှယ်ယာ သည် ဒီဇင်ဘာ ၁၃ ရက်တွင် အ စုရှယ်ယာ ၂၀၀ ကျော်သာ အ ရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာ အတွင်း အနည်းဆုံး ရှယ်ယာ ရောင်းချမှုဖြစ်သည်။ အစုရှယ်ယာ ၂၀၀၀ ကျော်ကို ဒီဇင်ဘာ ၅ ရက်က ရောင်းချခဲ့ပြီး အများဆုံး အရောင်းအ၀ယ်ဖြစ်ခဲ့သည့်နှုန်းဖြစ်သည်။

‘‘နောက်ထပ်ကုမ္ပဏီအသစ် မ၀င်မချင်းတော့ စတော့ရှယ်ယာ ကို လူတွေစိတ်ဝင်စားမှာ မဟုတ် ဘူး။ လူတွေ စတော့အိတ်ချိန်းကို စိတ်ဝင်စားမှုနည်းတော့ နောက် ထပ်ဝင်မယ့် ကုမ္ပဏီတွေလည်း ၀င်ပြီးမှ ရှယ်ယာတွေကျမှာ စိုးရိမ် နေတယ်’’ဟု ရန်ကုန်စတော့အိတ်ချိန်းကို လေ့လာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ဖွင့် လှစ်ခဲ့ပြီး အများပိုင်ကုမ္ပဏီများ ရှယ်ယာရောင်းချမှုကို ၂၀၁၆ မတ်လတွင် စတင်ရောင်းချခဲ့ သည်။

လက်ရှိတွင် အများပိုင် ကုမ္ပဏီသုံးခုဖြင့် စတော့ရှယ်ယာ များ အရောင်းအ၀ယ်ပြုလုပ်နေ သည်။

ရန်ကုန် စတော့အိတ်ချိန်း၌ ရှယ်ယာစတင်ရောင်းချသည့် မတ်လတွင် ကျပ် ၂၄ ဘီလီယံ ကျော်ဖြင့် အများဆုံးရောင်းချခဲ့ပြီး နိုဝင်ဘာတွင် ကျပ် ၂ ဒသမ ၂ ဘီလီယံကျော်ရှိ၍ အနည်းဆုံး ရှယ်ယာအရောင်းအ၀ယ် ဖြစ်ခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း မှ ထုတ်ပြန်သော စာရင်းဇယား များအရ သိရသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service