ဒေါ်လာဈေးတက်နေ၍ ငွေလဲကောင်တာအချို့ အရောင်းရပ်ဆိုင်းထားဟုဆို - Property News in Myanmar from iMyanmarHouse.com
1345 Views

ဒေါ်လာဈေးတက်နေ၍ ငွေလဲကောင်တာအချို့ အရောင်းရပ်ဆိုင်းထားဟုဆို

ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်နေခြင်း ကြောင့် ရန်ကုန်မြို့တွင်းရှိ ငွေလဲ ကောင်တာအများစု၌ ဒေါ်လာ ရောင်းချမှု ရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၃၃၀ ကျပ် သတ်မှတ်သဖြင့် ငွေလဲကောင်တာများ၏ တရား ဝင်ရောင်းဈေး သတ်မှတ်ချက် ကို ၁,၃၄၀ ကျပ်ခန့်သာ သတ် မှတ်နိုင်သည်။ ဒေါ်လာဈေးသည် ပြင်ပဈေးကွက်တွင် ဒီဇင်ဘာ ၁၃ ရက်၌ တစ်ဒေါ်လာ ၁,၃၈၅ ကျပ်ခန့်ရှိခြင်းကြောင့် တစ်ဒေါ် လာလျှင် ၄၅ ကျပ်ခန့်ကွာခြား နေသည်။

ထိုကွာခြားချက် ကြောင့် ငွေလဲကောင်တာများမှ ဒေါ်လာဝယ်ယူပြီး ပြင်ပဈေးကွက် တွင် ပြန်လည်ရောင်းချမှုများရှိ လာ၍ အရောင်းရပ်ရခြင်းဖြစ်သည်ဟု ငွေလဲကောင်တာ ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာတန်ဖိုးသည် ရက်ပိုင်းအတွင်း၊ အချိန်ပိုင်းအတွင်း အပြောင်းအလဲ ဖြစ်နေသည်။

ပြင်ပဈေးကွက်တွင် ဒီဇင်ဘာ ၉ ရက်ရုံးပိတ်ရက် မတိုင်မီက တစ်ဒေါ်လာလျှင် ၁,၃၆၉ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် နံနက်ဈေးဖွင့်ချိန်တွင် ၁,၃၈၅ ကျပ်ဖြစ်ကာ ညနေတွင် ၁,၃၈၁ ကျပ်သို့ အနည်းငယ်ကျဆင်းလာသည်။

ဒီဇင်ဘာ ၁၂ ရက် ဒေါ်လာ ဈေးစတင်ဖွင့်ချိန်ကစ၍ ငွေလွှဲ ကောင်တာများ အရောင်းစတင် ရပ်ဆိုင်းခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ကောင်တာထက် ၀က်ခန့်က အရောင်းရပ်ဆိုင်းထား သည်။

ပြင်ပငွေကြေးဈေးကွက် တွင် ဒေါ်လာတန်ဖိုးမြင့်တက်ချိန် တွင် ကမ္ဘာ့ရွှေဈေးကျဆင်းမှု ကြောင့် ပြည်တွင်းရွှေဈေး ကျ ဆင်းလာသည်။ ဒီဇင်ဘာ ၉ ရက်တွင် တစ်အောင်စလျှင် ၁,၁၆၇ဒေါ်လာ ရှိခဲ့သော ကမ္ဘာ့ရွှေဈေး သည် ဒီဇင်ဘာ ၁၂ ရက်တွင် ၁,၁၅၅ ဒေါ်လာသို့ ကျဆင်းလာ သည်။ ထို့နောက် ဒီဇင်ဘာ ၁၃ ရက်တွင် တစ်အောင်စလျှင် ၁,၁၆၂ ဒေါ်လာသို့ ပြန်တက်လာ သည်။ ထို့ကြောင့် ပြည်တွင်းရွှေ ဈေးမှာလည်း ၈၅၈,၀၀၀ ကျပ်မှ၈၅၀,၀၀၀ ကျပ်သို့ ကျဆင်းပြီး ၈၅၉,၀၀၀ ကျပ်သို့ ပြန်လည်မြင့် တက်လာသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service