အိမ်ခြံမြေ ရာပြတ်တန်ဖိုးမြင့်မားမှု တွေ့ဆုံဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
1601 Views

အိမ်ခြံမြေ ရာပြတ်တန်ဖိုးမြင့်မားမှု တွေ့ဆုံဆွေးနွေး

အိမ်ခြံမြေ ရာပြတ်တန်ဖိုး မြင့်မားနေတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်က တာဝန်ရှိသူတွေနဲ့ မန္တလေးက အိမ်ခြံမြေအကျိုး ဆောင်အချို့ အခုလ ၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးမှာတွေ့ဆုံဆွေး နွေးခဲ့တယ်လို့ အိမ်ခြံမြေအကျိုးဆောင် အချို့ဆီကသိရပါတယ်။

‘အဓိကတော့ရာပြတ်တန်ဖိုးလျှော့ဖို့နဲ့ အခွန်စံနှုန်းပြင်ဖို့ဆွေးနွေးခဲ့တယ်လို့ မန္တလေးတိုင်း ဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောပါတယ်။

ရန်ကုန်မှာတော့ အိမ်ခြံမြေ ရာ ပြတ်တန်ဖိုးသတ်မှတ်ပေးတဲ့အခါ သိန်း ၃၀ဝလောက် ပေါက်တဲ့နေရာ ကိုတောင်ငွေကျပ် သိန်း ၆၀ဝ လောက်ပဲတန်ဖိုးဖြတ်ပေးကြတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ရာပြတ်တန်ဖိုးကလည်းများနေပြီး အခွန်စံနှုန်းလည်း မြင့်မားနေတဲ့အတွက်လာရောက်အခွန်ဆောင်တဲ့သူနည်းနေပြီး လာမယ့် ၁၅ ရက်နေ့မှာပြုလုပ်မယ့် တိုင်းဒေကြီးလွှတ်တော်မှာတော့ အခုဖြစ်နေတဲ့ရာပြတ်နှုန်း ထားတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။

ဖိုးလမင်း  အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးကတော့ ရာပြတ်တန်ဖိုးကလဲများနေတယ်၊ အခွန်စံနှုန်းလဲ မြင့်မားနေတဲ့အတွက် ဝယ်တဲ့သူက တရားဝင်အမည်ပေါက်နဲ့ အခွန်ထမ်းဆောင်ဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားတယ်၊ အဲဒီတော့ ဂျီပီ(ကိုယ်စားလှယ်လွှဲစာ) ပဲလက်ထဲကိုင်ထားကြတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ တိုင်းပြည်ကလည်း အခွန်စနစ်နဲ့သွားရတယ်၊ ရပ်တည်နေရတယ် ဆိုပေမဲ့လည်း စီးပွားရေးအရမ်းမဖွံ့ဖြိုးသေးဘဲနဲ့ ဒီမိုကရေစီအရမ်းဆန်တဲ့ နိုင်ငံတွေလိုအခွန်ကိုတင်းကျပ်လိုက်မယ်ဆိုရင် အခွန်ထမ်းပြည် သူတွေအတွက် အရမ်းကိုအခက် အခဲဖြစ်စေတယ်လို့ အိမ်ခြံ မြေ အကျိုးဆောင်တချို့က သုံးသပ်ပါတယ်။

အခု (၂၀၁၆- ၂၀၁၇) ဘဏ္ဍာရေးနှစ်အတွက် အိမ်ခြံမြေအခွန်စည်းကြပ်နှုန်းထားတွေကို တိုင်းဒေသကြီးအစိုးရရုံးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service