မြန်မာကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းကာ ဒေါ်လာလိုက်လံ ၀ယ်ယူမှုများနှင့် ဒေါ်လာဈေးကစားမှု ဗဟိုဘဏ်မှ ဟန့်တားပါက သင့်တော်မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ပြောကြား - Property News in Myanmar from iMyanmarHouse.com
3562 Views

မြန်မာကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းကာ ဒေါ်လာလိုက်လံ ၀ယ်ယူမှုများနှင့် ဒေါ်လာဈေးကစားမှု ဗဟိုဘဏ်မှ ဟန့်တားပါက သင့်တော်မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ပြောကြား

မြန်မာကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းကာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ ဖြစ်သွားမည်ဆိုကာ ဒေါ်လာလိုက်လံဝယ်ယူလာမှုများနှင့် ဒေါ်လာဈေးကစားနေမှုကို ဗဟိုဘဏ်က ဟန့်တားပါက သင့်တော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌ၊ သမ၀ါယမဘဏ်နှင့် မြန်မာအသေးစား ငွေရေးကြေးရေးဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားသည်။

ကိုးနှစ်တာကာလအတွင်း စံချိန်တင်မြင့်တက်လာခဲ့သည့် ဒေါ်လာငွေ တန်ဖိုးမြင့်တက်မှုကြောင့် မြန်မာကျပ်ငွေစံချိန်တင် တန်ဖိုးကျဆင်းလာသည့်ဖြစ်စဉ်တွင် အမေရိကန်နိုင်ငံ၏ မူဝါဒများကြောင့် တန်ဖိုးတက်ကာ ဒေါ်လာငွေမာလာခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းကာ ကျပ် ၁၅၀၀ အထိ ဖြစ်ပေါ်မည်ဆိုခြင်းကြောင့် ဒေါ်လာလိုက်လံ ၀ယ်ယူသဖြင့် ဒေါ်လာဈေးမြင့်တက်လာခြင်း၊ ထိုသို့ဝယ်လိုအားများလာမှုကို အခွင့်ကောင်းယူကာ ဈေးကစားခြင်းများရှိနေပြီး ထိုသို့သောအခြေအနေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဟန့်တားပါက သင့်တော်မည်ဟုယူဆကြောင်း ဦးခင်မောင်အေးက ပြောကြားသည်။

“မြန်မာငွေပိုကျဆင်းမယ်ဆိုပြီး လိုက်ဝယ်တာကြောင့်လည်းပါတယ်။ ဘာမှမဟုတ်တဲ့လူကအစ ဒေါ်လာဈေးတက်တော့မယ်ဆိုပြီး လိုက်ဝယ်တာကြောင့် ၀ယ်လိုအားမြင့်တက်တာကြောင့်လည်း ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ငွေကြေးဈေးကစားသူတွေက ဈေးကွက်ကိုကစားနေတာတွေလည်း ပါပါတယ်။ ဗဟိုဘဏ်ကထွက်ပြီးဟန့်လိုက်ရင် သင့်တော်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု ဦးခင်မောင်အေးကဆိုသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍကို ထိန်းကျောင်းနေသည့် မူဝါဒများဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ကုန်သွယ်မှုမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒကဏ္ဍများ ရှိနေကြောင်း ဦးခင်မောင်အေးကဆိုသည်။ ထိုသို့ မူဝါဒများတွင် ကုန်သွယ်မှုကဏ္ဍ၌ သွင်းကုန်ပို့ကုန် ညီမျှရန် အထူးလိုအပ်နေပြီး မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေကြောင်း၊ ပို့ကုန်များများပို့နိုင်ရန် မြှင့်တင်ရန်လိုအပ်ကြောင်း၊ ပို့ကုန်များအတွက် အခွန်ကင်းလွတ်ခွင့်ပေးရန် လိုအပ်နေကြောင်းနှင့် ပို့ကုန်မြှင့်တင်ရေး အဖွဲ့ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်နေသည်ဟု ဦးခင်မောင်အေးက ဆိုသည်။ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်သော်လည်း ပစ္စည်းများသာပါလာပြီး မြန်မာ့ဘဏ်များသို့ နိုင်ငံခြားငွေ မရောက်ဖြစ်နေကြောင်း၊ ငွေကြေးလည်ပတ်မှု ရှိ မရှိ စောင့်ကြည့်ရန် လိုအပ်နေကြောင်း ဦးခင်မောင်အေးက ပြောကြားသည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုးပို မိုမြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် အမြင့်ဈေးဖြစ်ပေါ်နေပြီး နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်းထပ်မံပြီး ဆက်တိုက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ကိုးနှစ်အတွင်း စံချိန်တင်နှုန်းထားအဖြစ် တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၁၃၅၇ ကျပ် အထိ စံချိန်တင်နှုန်းထားသစ်အဖြစ် ထပ်မံမြင့်တက်ခဲ့ကာ နိုဝင်ဘာ ၃၀ ရက်တွင်မူ ၁၃၆၂ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါနှုန်းထားမှာ ရွှေဝါရောင်အရေးအခင်းဖြစ်ခဲ့ပြီး ဒေါ်လာဈေးအမြင့်ဆုံးဖြစ်ခဲ့သည့် ၂၀၀၇ ခုနှစ် တစ်ဒေါ်လာဈေးအနီးသို့ ရောက်ရှိရန် ၈ ကျပ်သာလိုတော့သည့် ပမာဏဖြစ်ခဲ့သည်။


Credit:Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service