လ၀က၏ ခွင့်ပြုချက်မယူဘဲ နိုင်ငံခြားသားများအား အိမ်ငှားရမ်းစီစဉ်ပေးခဲ့သည့် ဟိုတယ်နှင့် အိမ်ရှင်များကို အရေးယူ - Property News in Myanmar from iMyanmarHouse.com
3240 Views

လ၀က၏ ခွင့်ပြုချက်မယူဘဲ နိုင်ငံခြားသားများအား အိမ်ငှားရမ်းစီစဉ်ပေးခဲ့သည့် ဟိုတယ်နှင့် အိမ်ရှင်များကို အရေးယူ

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၀င်ရောက်လာသောနိုင်ငံခြားသားများနေအိမ်များတွင် ငှားရမ်းနေထိုင်ခြင်းကို အကြောင်းကြားမှုမရှိသည့် ဟိုတယ်နှင့် အိမ်ရှင် ၁၀ ဦးကို အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

စီးပွားရေးဗီဇာဖြင့် ရောက်ရှိ လာသည့် နိုင်ငံခြားသားများသည် နေအိမ်တွင် ငှားရမ်းနေထိုင်ခြင်း နှင့် ဟိုတယ်များ၌ တည်ခိုခြင်းများရှိပါက သက်ဆိုင်ရာလ၀ကရုံးသို့ အကြောင်းကြားရမည် ဖြစ်သော်လည်း ပျက်ကွက်ခဲ့၍ နိုဝင်ဘာ ၂၁ ရက်အထိ ယင်းသို့ ပျက်ကွက်သူ ၁၀ ဦးကို အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဟိုတယ်နဲ့ အိမ်တွေမှာ နေ တယ်ဆိုရင် သတင်းပို့ပေးရမှာ။ သတင်းပို့ရမှာ မသိဘူးဖြစ်နေကြ တယ်။ ပြဿနာတစ်စုံတစ်ရာဖြစ် မှ သိရတာဖြစ်နေတယ်။ အိမ်ရှင် မှာပဲ တာဝန်ရှိတယ်’’ဟု တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ ဒုတိုင်းဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။

အဆိုပါနိုင်ငံခြားသားများနေအိမ်များတွင် နေထိုင်ပါက သက်ဆိုင်ရာလ၀ကရုံးသို့ အကြောင်းကြားရကြောင်း သိရှိစေရန် ဆွေးနွေးပွဲများတွင် အသိပညာပေးခြင်း၊ ရပ်ကွက်အတွင်းရှိ ဆယ် အိမ်မှူး၊ ရာအိမ်မှူးတို့ကို သင်တန်းပေးခြင်းများ ပြုလုပ်ထားကြောင်း ဦးဝင်းမြင့်က ပြောသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ နေအိမ်တစ်ခုတွင် တရားဝင် ၀င်ရောက်သည့် နိုင်ငံ ခြားသားများနေထိုင်နေသည်ကို အောက်တိုဘာ ဒုတိယအပတ်က စစ်ဆေးတွေ့ရှိခဲ့ရာ သက်ဆိုင်ရာလ၀ကရုံးသို့ သတ်မှတ်ပုံစံဖြင့် တိုင်ကြားအကြောင်းကြားထား ခြင်းမရှိ၍ အဆိုပါနိုင်ငံခြားသားများကို နေရာထိုင်ခင်းစီစဉ်ပေးခဲ့သည့် ကုမ္ပဏီမှ ဒုမန်နေဂျာနှင့် တာဝန်ခံကို အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နေအိမ် (သို့မဟုတ်) ဟိုတယ်များတွင် နိုင်ငံခြားသားများလာ ရောက်တည်းခိုနေထိုင်ပါက သက်ဆိုင်ရာ လ၀ကရုံးသို့ ၂၄ နာရီအ တွင်း အကြောင်းကြားရမည် ဖြစ် ပြီး ပျက်ကွက်ပါက နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ ၅ (၁) အရ အရေးယူမည်ဖြစ်ပြီး ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ် သုံးနှစ်အထိ ကျခံရမည် ဖြစ်သည်။


Credit:7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service