ဒေါ်လာဈေး ၁,၃၃၈ ကျပ်အထိမြင့်တက် - Property News in Myanmar from iMyanmarHouse.com
1789 Views

ဒေါ်လာဈေး ၁,၃၃၈ ကျပ်အထိမြင့်တက်

အစိုးရသစ်လက်ထက် ပို့ကုန်ကျဆင်းနေချိန်တွင် အမေ ရိကန်ဒေါ်လာဈေး ဆက်တိုက် မြင့်တက်လာပြီး နိုဝင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာ ၁,၃၃၈ ကျပ်အထိ မြင့်တက်လာသည်။

နိုဝင်ဘာ၂၁ရက် နံနက်တွင်တစ်ဒေါ်လာ ၁,၃၂၄ ကျပ်ဖြင့် ဈေးကွက်ဖွင့်လှစ်ပြီး ညနေဈေးပိတ်ချိန်၌ တစ်ဒေါ်လာ ၁,၃၃၈ ကျပ်သို့ မြင့်တက်ခဲ့သည်။ တစ်ရက်အတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ၁၄ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာအတွင်း ဈေးနှုန်းအပြောင်းအလဲအများဆုံးရက် ဖြစ်သည်ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေးနှုန်းသည် နိုဝင် ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၈၈ ကျပ်ရှိပြီး ၂၁ ရက်အတွင်း တစ်ဒေါ်လာလျှင် ၅၀ ကျပ်ခန့် မြင့်တက်ခဲ့သည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေး မြင့်တက်ရခြင်း သည် စင်ကာပူနိုင်ငံသို့ ဟွန်ဒီဖြင့် နိုင်ငံခြားငွေ လွှဲပြောင်းပေးမှုများ ပြီး ယင်းငွေလဲနှုန်းထားသည် တစ်ဒေါ်လာလျှင် ၁,၃၅၅ ကျပ်သို့ မြင့်တက်ခြင်းကြောင့်ဟု အထက် ပါပုဂ္ဂိုလ်က ဆိုသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေးနှုန်း မြင့်တက် လာသကဲ့သို့ ဗဟိုဘဏ်က သတ် မှတ်သော ရည်ညွှန်းငွေလဲနှုန်းက လည်း တစ်ဒေါ်လာ ၁,၂၉၅ ကျပ် သို့ မြင့်တက်လာသည်။ နိုဝင်ဘာ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁,၂၈၈ ကျပ်မှ မြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ် လာတန်ဖိုး မြင့်တက်လာခြင်း၊ ကုန်သွယ်မှုလိုငွေများနေခြင်း၊ အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ် ထပ်မံချထားပေးခြင်းတို့ကြောင့် လှည့်လည်သုံးစွဲနေသော ငွေ ကြေးဈေးကွက်ထဲသို့ မြန်မာငွေ အဝင်များပြီးတန်ဖိုးကျရခြင်းဖြစ် သည်ဟု စီးပွားရေးပညာရှင် အချို့က ပြောသည်။


Credit:7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service